ပြီးခဲ့တဲ့အတိတ်တွေမှာ Toxic ဖြစ်တဲ့ Relationship တွေရှိခဲ့ဘူးရင် လက်ရှိမှာ စစ်မှန်တဲ့ ကြင်နာသူတစ်ဦးနဲ့ တွေ့ဆုံနေရင်တောင်မှ သံသဃနဲ့ သင့်စိတ်ထဲရှင်းနေမယ် မထင်ပါဘူး။ ဒါကြောင့် လက်ရှိပိုင်ဆိုင်ထားတဲ့ လက်တွဲဖော်က သင့်အပေါ် စစ်မှန်တဲ့ကြင်နာသူ ဟုတ်မဟုတ်ဆိုတာ တကယ်သိချင်ရင် ဒီအချက်တွေနဲ့ တိုင်းတာကြည့်ပါ။

ကြင်နာတတ်တာ

သူရဲ့ကြင်နာမှုက သင့်တစ်ယောက်ထဲတင်မကဘဲ သူတို့ရဲ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ပဲဖြစ်ဖြစ် သူစိမ်းတွေနဲ့ပဲဖြစ်ဖြစ်၊ ဖေးမကူညီတတ်တာကို သင်သတိထားမိတယ်ဆိုရင် သူက ကြင်နာမှုတွေနဲ့ ပြည့်နေတဲ့လူတစ်ယောက်ပါ။

အလိုက်သိတာ


သင်စိတ်ဓာတ်ကျနေတဲ့အချိန်တွေ ၊ စိတ်ဖိစီးမှုကနေ အနားယူဖို့လိုနေတဲ့အချိန်မျိုးမှာ အံ့သြစရာ ကောင်းလောက်အောင် အလိုက်တသိနဲ့ သင့်ခံစားချက်တွေကို ပွေ့ဖက်ပေးပြီး သင့်အနားမှာ ရှိနေပေးတတ်ပါတယ်။

ဝမ်းသာပေးတာ

စစ်မှန်တဲ့ ကြင်နာတတ်တဲ့သူတစ်ယောက်ဟာ မင်းရဲ့အိပ်မက်တွေအောင်မြင်ဖို့ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရချိန်‌တွေမှာ ဖေးမကူညီတတ်ပြီး သင်အောင်မြင်မှုတွေ ရလာတဲ့အချိန်မျိုးမှာ ဝမ်းသာပေးဖို့ ဆန္ဒရှိတဲ့လူမျိုးပါ။

အကြာကြီးစိတ်မဆိုးတတ်တာ

ဒေါသနဲ့ကင်းတဲ့လူတိုတာ ရှားပါတယ်။ ဒီလိုပဲ သူတို့ကလည်း လူသားပဲလေ။ သူတို့ဒေါသထွက်တယ်ဆိုတိုင်း မကြင်နာဘူးလို့ သတ်မှတ်လို့မရပါဘူး။ အသေးအမွှားလေးဖြစ်ရင် လွှတ်ထားလိုက်ပါ။ သူတို့ရဲ့ ခံစားချက် တွေကို သင်သိသွားပြီဆိုရင်တော့ သူ့ရဲ့ဒေါသတွေကို အကြာကြီးမထားတတ်ဘဲ လျှောချပစ်တတ်ကြပါတယ်။

ဂရုစိုက်တာ

အိပ်ရာဝင်နောက်ကျတာကိုသိလို့ အလုပ်မသွားခင် စောစောထပြီး မနက်စာ ချက်ပြုတ်ပေးတာမျိုး ၊ ရာသီလာနေတဲ့အချိန်တွေမှာ ချောကလက်ဝယ်ပေးတာ ၊ အဝတ်လျော်ပေးတာ စသဖြင့် သူက မင်းကို ဝန်ထုပ်ဝန်ပိုးလို့ မခံစားဘဲ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ပေးတာက သူတို့ချစ်တဲ့သူတစ်ယောက်ပေါ်မှာ ထားတဲ့အချစ်ကို စကားလုံးမပါဘဲ သိသာစေတဲ့ သိသာလွန်းတဲ့ဖော်ပြမှုပါပဲ။

ချီးကျူးတာ

လူအများကြားမှာ သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်ပြီး ပြောတဲ့အခါ သူပြောတာတွေက တကယ်ကို ဆိုလိုတာပါ။ သူက မင်းကို ချစ်တယ်လို့ ထင်အောင် ပြောနေတာ မဟုတ်ဘူး။

တာဝန်ခံတာ

လူဆိုတာ ပြည့်စုံတယ်ဆိုတာမရှိပါဘူး။ ဒါပေမယ့် သူတို့က အမှားလုပ်မိတဲ့အခါ ဖြေရှင်းချက်ပေးဖို့ကြိုးစားမှာ မဟုတ်ပေမယ့် အမှားကိုယ်ဝန်ခံပြီး အလားတူအပြုအမူမျိုးကို ထပ်ခါတလဲလဲမလုပ်မိစေဖို့ အစွမ်းကုန် ကြိုးစားတတ်ကြပါတယ်။

လုံခြုံတယ်လို့ ခံစားစေတာ

ဥခွံပေါ်မှာ လမ်းလျှောက်သလို ခံစားရတဲ့ လူတွေနဲ့ မတူတာက စစ်မှန်တဲ့ ကြင်နာတတ်တဲ့သူဟာ သင့်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ သင်သူတို့နဲ့အတူရှိနေချိန်မှာ သူက သင့်ကို လုံခြုံတယ်လို့ ခံစားမိနေရပြီဆိုရင် သင့်လက်တွဲဖော်ဟာ အမှန်တကယ်ကြင်နာတတ်တဲ့သူတစ်ယောက်ဆိုတာ သင်လက်ခံလာမှာပါ။