ချစ်သူနှစ်ဦးဆက်ဆံရေးမှာ လူတိုင်း ပထမဖြစ်ချင်ကြပါတယ်။ ချစ်သူရဲ့ ဦးစားပေးမှုကိုလည်း ခံချင်ကြတာ သဘာဝပါပဲ။ သင်ကိုယ်တိုင် သင်တို့နှစ်ယောက်ဆက်ဆံရေးမှာ အမှန်တကယ် ဦးစားပေးခံရတဲ့သူဟုတ်မဟုတ် သံသယဖြစ်နေတယ်ဆိုရင် အခုပြောပြမယ့် အချက်လေးတွေ သင်နဲ့ ကိုက်ညီမကိုက်ညီဘူးဆိုတာ တိုက်ကြည့်လိုက်ပါဦးနော်။

၁။ သင့်ချစ်သူက သင့်ဘဝအကြောင်း မမေးဘူး။

သင်ဟာ တစ်ယောက်ယောက်ရဲ့ ဦးစားပေးခံရတဲ့သူတစ်ယောက်ဆိုရင် သင့်ဘဝအကြောင်းကို သေချာဂရုတစိုက်မေးမှာဖြစ်ပါတယ်။ သင့်ချစ်သူက သင့်မိသားစုအကြောင်း သင့်အလုပ်အကြောင်း သင်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို လုံးဝမမေးရင် သင်ဟာ သူ့ရဲ့ဦးစားပေးနံပါတ် ၁ နေရာ မဟုတ်ပါဘူး။

၂။ သင်တို့နှစ်ယောက် အပြင်တခါမှာ အတူတူမသွားဘူး။

သင်တို့နှစ်ယောက် အပြင်အတူတူ သွားပြီး ရုပ်ရှင်အတူတူ ဘယ်နှစ်ခါလောက် ကြည့်ဖူးပါသလဲ။ မမှတ်မိဘူးလား။ ဒါမှမဟုတ် မရှိသလောက် ရှားပါသလား။ ဒါဆိုရင်တော့ သင်ဟာ သူ့အတွက် ဦးစားပေး အဆင့် ၁ နေရာမဟုတ်ပါဘူး။

၃။ သင့်ချစ်သူက ဆင်ခြင်ခဏခဏပေးတယ်။

သင့်ချစ်သူက သင်နဲ့ အတူတူ သွားဖို့လာဖို့ဆိုရင် ခဏခဏ အကြောင်းပြချက်တွေ ဆင်ခြင်တွေ ပေးတယ်ဆိုရင် သင်ဟာ သူ့အတွက် ပထမဦးစားပေး သူတစ်ယောက်မဟုတ်ပါဘူး။ ဒါဆိုရင် မီးနီသာပြလိုက်ပါနော်။

၄။ သင့်ဖုန်း Call တွေ Message တွေကို မပြန်ဘူး။

သင့်ချစ်သူက တစ်နေကုန် သင့်ဖုန်းတွေကို ပြန်မခေါ်ဘူး စာလည်းပြန်မပို့ဘူး။ ခဏခဏဆိုသလို အချိန်အနည်းငယ် စောင့်ခိုင်းတယ်ဆိုရင် သင့်ချစ်သူအတွက် သင်ဟာ ဦးစားပေးနေရာရသူတစ်ယောက်မဟုတ်ပါဘူး။

၅။ သင့်ချစ်သူက သင့်အတွက် ဘာအစီစဉ်မှမရှိဘူး။

သင့်ချစ်သူက သင်နဲ့အတူတူ ပြုလုပ်ရမယ့် ဘာအစီအစဉ်တွေမှမရှိဘူးဆိုရင် သင့်အနေနဲ့ ပြန်ပြီး စဉ်းစားသင့်ပါတယ်။

၆။ သင့်ချစ်သူက သင့်ကို မကူညီချင်ဘူး။

သင့်ချစ်သူက သင်နဲ့ပတ်သတ်တဲ့အရာတွေကို ကူညီမပေးချင်ဘူးဆိုရင် သူ့အတွက် သင်ဟာ အရေးကြီးတဲ့သူမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။

၇။ သင့်ချစ်သူက သင့်ကို လိမ်တယ်။

သင့်ချစ်သူက သင့်အပေါ် ရိုးသားမှုမရှိဘဲ အမြဲတမ်းလိမ်လည်နေတယ်ဆိုရင် ဒါဟာလည်း ရှင်းလင်းနေတဲ့ ကိစ္စတစ်ခုပါပဲ။

၈။ သင့်ချစ်သူက ခဏခဏ ကတိတွေဖျက်တယ်။

သင်ဟာ တစ်ယောက်ယောက်အတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်ရင် သူပေးထားတဲ့ ကတိတွေကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားမှာပါ။ အဲဒီလိုမှမဟုတ်ဘူး ခဏခဏ သူ့ကတိတွေဖျက်တယ်ဆိုရင် သင့်အနေနဲ့ ပြန်စဉ်းစားပါ။