ချစ်သူနှစ်ဦးဆက်ဆံရေးမှာ တစ်ယောက်က အတ္တအရမ်းကြီးနေပြီး တကိုယ်ကောင်းဆန်နေလို့မရပါဘူး။ ညီမျှမှုမရှိတဲ့ ဆက်ဆံရေးတစ်ခုဟာ ဘယ်လိုမှရေရှည်တည်မြဲမှာမဟုတ်တဲ့အတွက် တကိုယ်ကောင်းဆန်တဲ့သူတစ်ယောက်ဖြစ်ရင် အခုပဲ အဲဒီအကျင့်တွေကို စွန့်လွှတ်လိုက်ပါ။

၁။ အရာအားလုံး သူ့စည်းမျဉ်း စည်းကမ်းတွေအတိုင်းပဲ ဖြစ်စေချင်တယ်

အတ္တကြီးတဲ့သူတစ်ယောက်ဟာ အရာအားလုံးကို သူလိုချင်တဲ့အတိုင်း ဖြစ်စေချင်ကြပါတယ်။ ကိစ္စတစ်ခုခုကိုလုပ်ရင်ပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တစ်ခုခုကို ချရင်ပဲဖြစ်ဖြစ် သူ့ဆန္ဒအတိုင်းပဲ ဆုံးဖြတ်လိုစိတ်ရှိကြပါတယ်။

၂။ စကားပြောလိုက်ရင် တခြားသူရဲ့ ခံစားချက်ကို ထည့်မတွက်တတ်ဘူး

အတ္တကြီးတဲ့သူတစ်ယောက်ဟာ တခြားသူရဲ့ ခံစားချက်ကို ထည့်သွင်းစဉ်းစားလေ့မရှိဘဲ သူ့ဘာသာသူ တစ်ဖက်သတ်အမြင်နဲ့ပဲ ဆုံးဖြတ်တတ်လေ့ ရှိပါတယ်။ တစ်နေ့တာလုံး သင်ဘာလုပ်တယ်ဆိုတာကိုလည်း သူမေးလေ့မရှိသလို၊သင့်အောင်မြင်မှုကိုလည်း သူသေသေချာချာချီးကျူးစကားပြောဆိုမှာမဟုတ်ပါဘူး။

၃။ ဘာကြိုးစားအားထုတ်မှုမှမရှိဘူး

သင်တို့နှစ်ယောက် ရှေ့ဆက်မယ့်ခရီးလမ်းအတွက် သူ့မှာ ကြိုးစားအားထုတ်မှုမရှိဘူး။ သင့်ကို ပျော်ရွှင်အောင်ထားဖို့၊ သင့်ကို အံ့သြအောင်လုပ်ဖို့ သူကြိုးစားလေ့မရှိဘူး။ အလုပ်ရှူပ်မခံချင်ကြဘူးဆိုရင် သူဟာ အတ္တကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

၄။ ဝန်မခံချင်ကြဘူး

သူတို့ဟာ အမှားလုပ်မိရင်လည်း ဝန်မခံချင်ကြသလို တစ်ခုခုဆိုရင်လည်း သင့်ပေါ်မှာပဲ အပြစ်တွေ ပုံချတတ်လေ့ရှိပါတယ်။ သင့်ကိုအမြဲ စိတ်ဖိစီးမှုတွေ ပေးပြီး မလုံခြုံမှုတွေကိုပဲ ခံစားရစေတတ်ပါတယ်။

၅။ တခြားသူတွေနဲ့ ပရောပရီလုပ်ချင်ကြတယ်

သင်ရှိနေရက်နဲ့ သင့်ရှေ့မှာ တခြားတစ်ယောက်နဲ့အတူတူ ရယ်ရယ်မောမော စကားပြောတာ၊ မထိတရိစတာမျိုးတွေလုပ်တတ်ပါတယ်။ ဒါဟာ သူမရင့်ကျက်လို့လည်းဖြစ်သလို၊ သူကိုယ်ကောင်းဆန်တာကြောင့်လည်းဖြစ်ပါတယ်။ သင့်ခံစားချက်ကို ဂရုမစိုက်ဘူးဆိုတာ ရှင်းနေတာပါပဲ။

၆။ သူတို့အပြုအမူအတွက် တာဝန်ယူလိုစိတ်မရှိဘူး

သူကိုယ်ကောင်းဆန်တဲ့သူတွေဟာ သူတို့မှားတယ်လို့ ဘယ်တော့မှ တွေးတတ်လေ့မရှိပါဘူး။ တခြားသူတွေကိုပဲ အပြစ်ပုံချချင်ကြတဲ့သူတွေဖြစ်ပြီး အမှားလုပ်မိရင်လည်း ဘယ်တော့မှမတောင်းပန်တတ်တဲ့သူတွေဖြစ်ပါတယ်။

သင့်ချစ်သူဟာ အထက်မှာဖော်ပြခဲ့တဲ့လက္ခဏာတွေမရှိဘူးဆိုရင် သင်သိပ်ကိုကံကောင်းပါတယ်။ သူ့ကိုအရမ်းချစ်တဲ့အကြောင်းပြောလိုက်ပါ။