ချစ်သူရှိတယ်ဆိုရင် Mention လေးတွေ ခေါ်လိုက်ကြပါဦးနော်။ လူတိုင်းကတော့ ပြီးပြည့်စုံတဲ့သူမဟုတ်တာ သေချာပါတယ်။ ဒါပေမယ့်သူဟာ သင့်အတွက် သင်ဟာ သူ့အတွက်တော့ အဲလိုလူတစ်ယောက်ဖြစ်နိုင်ပါတယ်။ ပြီးပြည့်စုံတဲ့ ချစ်သူဆိုတာ ဘယ်လိုသိနိုင်မလဲ မျှဝေပေးပါမယ်။
သူ့ကို သစ္စာဖောက်ဖို့မတွေးဘူး။
သူနဲ့ချစ်သူဖြစ်နေတဲ့အတွက် သူ့အပေါ် သစ္စာရှိတယ်။ သူလည်း တခြားကောင်မလေးတွေကို မကျူဘူး။ မဖောက်ပြန်ဘူး။
သင့်ရဲ့ အရှိအတိုင်းကို ချစ်တယ်။
သင်ဘာဖြစ်နေနေ သင့်ရဲ့အရှိတိုင်းကိုချစ်တယ်။ သင့်ဆီက ဘာမျှော်လင့်ချက်မှ မရှိဘူး။ သင်မင်းသမီးဖြစ်လို့၊ ဝင်ငွေရှာနိုင်လို့မဟုတ်ဘဲ သင်ဟာ သင်ဖြစ်နေလို့ ချစ်တဲ့ချစ်သူဆိုရင် ပြီးပြည့်စုံတဲ့ချစ်သူပါပဲ။
သင့်အတွက်ဆို အမြဲတမ်း ဂုဏ်ယူလေ့ရှိတယ်။
သူ့ဘဝမှာ သင့်ကို ချစ်သူအဖြစ် လက်ခံပေးလို့ သူဂုဏ်ယူတယ်။ သူ့မိသားစု မိတ်ဆွေ သူငယ်ချင်းတွေရှေ့မှာလည်း သင့်ကို ဂုဏ်ယူစွာ မိတ်ဆက်ပေးတယ်။
တစ်ယောက်ကိုယ်တစ်ယောက် လေးစားမှုရှိတယ်လို့ ခံစားရတယ်။
သူလည်းသင့်အပေါ်မှာ လေးစားမှုရှိသလို သင်လည်း သူ့အပေါ်မှာ လေးစားမှုရှိတယ်။ တစ်ယောက်ကိုယ်တစ်ယောက် တန်ဖိုးထားတယ်လို့ သင်ခံစားရတယ်။
နှစ်ယောက်စလုံး ရည်ရွယ်ချက်တွေ ပန်းတိုင်တွေအတွက် အတူတူ ကြိုးစားကြတယ်။
တစ်ယောက်ရဲ့ ပန်းတိုင်အတွက် တစ်ယောက်က အထောက်ပံ့ပေးတယ်။ အားပေးကူညီကြတယ်။ သင်တို့နှစ်ယော်က အတူတူ ကြိုးစားကြတယ်။
သင့်ကို ပျော်ရွှင်အောင်လုပ်ပေးတယ်။
သူနဲ့စကားပြောရတာကအစ သက်သောင့်သက်သာရှိပြီး သူနဲ့တွေ့ရတာ ပျော်ရွှင်တယ်။ သင့်ကို ပျော်ရွှင်စေတဲ့ ချစ်သူဖြစ်တယ်ဆိုရင် သူဟာ ပြီးပြည့်စုံသူတစ်ယောက်ပါပဲ။
သင်တို့နှစ် ယောက် သိပ်ကိုလိုက်ဖက်တယ်လို့ တခြားသူတွေပြောကြတယ်။
သင်တို့နှစ်ယောက်ကိုကြည့်လိုက်ရင် နားလည်မှုအပြည့်နဲ့ လိုက်ဖက်လိုက်တာလို့ တခြားသူတွေက သတိထားမိကြတယ်ဆိုရင် သင်တို့ဟာ ပြီးပြည့်စုံတဲ့ ချစ်သူစုံတွဲပါပဲ။
သင်လည်းသူ့ကိုချစ်တယ်။
သင်လည်း သူ့ကို အရမ်းချစ်တယ်။ အထက်မှာဖော်ပြခဲ့တဲ့အချက်တွေအားလုံးနဲ့ သူဟာပြည့်စုံနေတယ်ဆိုရင် သင့်အတွက် ပြီးပြည့်စုံတဲ့ ချစ်သူတစ်ယောက် သင်ရရှိပိုင်ဆိုင်ထားပြီးပါပြီ။