ချစ်သူရှိပါသလား။ ကိုယ့်ရဲ့ချစ်သူမှာ ရည်းစားဟောင်းရှိချင်လည်း ရှိဖူးမှာပါ။ သင်နဲ့သူဟာ သူငယ်ချင်းဆက်ဆံရေးကနေ ချစ်သူဖြစ်လာကြတာလည်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ သူ့ရဲ့ အတိတ်မှာ ချစ်သူရှိခဲ့ဖူးတယ်ဆိုတာ သင်နဲ့မဆိုင်ပါဘူး။

သင်နဲ့ချစ်သူဖြစ်နေတဲ့အချိန် အတိတ်ကရည်းစားဟောင်းအပေါ် သူဘယ်လိုစိတ်သဘောထားရှိတယ်။ သင့်အပေါ် ဘယ်လိုသစ္စာရှိတယ်။ချစ်တယ်ဆိုတာပဲ သင်နဲ့ သက်ဆိုင်တာပါ။ ဒီတော့ ချစ်သူဖြစ်သူ သူ့ရည်းစားဟောင်းအပေါ် စိတ်မကုန်သေးဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။

၁။ သူ့အကြောင်းခဏခဏပြောမယ်။

တစ်နေ့ ၂၄ နာရီမှာ သူပအကြောင်းကို ခဏခဏထည့်ထည့်ပြောတတ်တယ်။ ဒါဆိုရင်တော့ သူဟာ ရည်းစားစောင်းအပေါ် စိတ်မကုန်သေးပါဘူး။

၂။ Chat Box ကနေ စကားပြောကြတယ်။

သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုယ်တစ်ယောက် ကွန်ပျူတာ (သို့) ဖုန်းကနေတဆင့် စကားပြောကြတယ်ဆိုရင် သူ့ကိုမမေ့သေးလို့ပါပဲ။

၃။ ရည်းစားဟောင်းကိုမြင်ရင် စိတ်လှုပ်ရှားနေတယ် ကြောက်နေသလို ထင်ရတယ်။

သင်နဲ့အတူတူ လက်တွဲပြီး လမ်းလျှောက်သွားတဲ့အခါ သူ့ရည်းစားဟောင်းကိုမြင်တော့ ကြောက်သလို ရွံ့သလို ကလေးတစ်ယောက်လို စိတ်လှုပ်ရှားသလို ဖြစ်တတ်တယ်။ ရုတ်တရက်ဆိုသလို ဇောချွေးတွေပြန်လာတာမျိုးဖြစ်တတ်ရင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ဘယ်လောက်ကြီးမားခိုင်မြဲနေဆဲဖြစ်တယ်ဆိုတာ သင်မှန်းဆနိုင်ပါတယ်။

၄။ ရည်းစားဟောင်းနဲ့ ပြန်ပြီးထိတွေ့စကားပြောတယ်။

ရည်းစားဟောင်းဖြစ်သူနဲ့ မိတ်ဆွေသူငယ်ချင်းပြန်ဖြစ်ပြီး စကားပြောတယ်။ တွေ့တယ်ဆိုရင် သင်ဘယ်လိုခံစားရမလဲ။ ရည်းစားဟောင်းနဲ့ ဘယ်တော့မှ မိတ်ဆွေပြန်မဖြစ်နိုင်ပါဘူး။ ချစ်ခဲ့ဖူးကြတယ်လေ။ ဘယ်လိုလုပ်သူငယ်ချင်းဖြစ်နိုင်မှာလဲ။ တကယ်လို့ဖြစ်နိုင်တယ်ထားဦး သင့်ကို ဘယ်လောက်နာကျင်စေလိမ့်မလဲ။

၅။ ရည်းစားဟောင်းဖြစ်သူ တခြားတစ်ယောက်နဲ့ ချိန်းတွေ့တာကို မကျေနပ်ဘူး။

ချစ်သူဖြစ်သူ သူ့ရည်းစားဟောင်းအပေါ် စိတ်မကုန်သေးဘူးဆိုတာ သိနိုင်မယ့်အချက် ၉ ချက်

သင့်ချစ်သူဟာ သင်နဲ့ တွဲနေပါလျက်နဲ့ ရည်းစားဟောင်းဖြစ်သူ တခြားတစ်ယောက်နဲ့တွဲတာမျိုးကို မကျေနပ်ဘူး။ သဝန်တိုတတ်တယ်ဆိုရင် သင်သူ့ကို သေချာဆန်းစစ်လေ့လာပါ။

၆။ သူဟာခုထိ ရည်းစားဟောင်းလိုအပ်တာလုပ်ပေးဖို့အဆင်သင့်ရှိနေတယ်။

သင့်ချစ်သူဟာ သူ့ရည်းစားဟောင်းလိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးချင်နေတယ်။ ဖြည်းဆည်းပေးဖို့အဆင်သင့်ရှိနေတယ်ဆိုရင် သူ့အပေါ် စိတ်မကုန်သေးပါဘူး။

၇။ ရည်းစားဟောင်းအကြောင်းမေးလိုက်တဲ့အချိန်မှာ သူရှက်နေတယ်။

ရည်းစားဟောင်းအကြောင်း ပြောပြဖို့ သင်သူ့ကို မေးလိုက်တဲ့အချိန်မှာ သူဟာ ရှက်ပြီး ဖြေတဲ့အခါမှာလည်း တမူထူးခြားတဲ့ ခံစားချက်မျိုးနဲ့ ဖြေနေ ပြောနေတယ်ဆိုရင် သူ့ရည်းစားဟောင်းအပေါ် သူမပြတ်သားနိုင်သေးပါဘူး။

၈။ သူ့ရည်းစားဟောင်းနဲ့ပတ်သတ်တဲ့ အမှတ်တရတွေကို သိမ်းဆည်းထားဆဲဖြစ်တယ်။

သင့်ချစ်သူဟာ သူ့ရည်းစားဟောင်းနဲ့ပတ်သတ်တဲ့ အမှတ်တရပစ္စည်းတွေ ဓါတ်ပုံတွေကို သိမ်းဆည်းထားဆဲဖြစ်တယ်ဆိုရင် သူဟာ သင့်ကို တကယ်မချစ်သေးပါဘူး။

၉။ ရည်းစားဟောင်းရဲ့ ပရိုဖိုင်ထဲကို ဝင်ကြည့်တယ်။

သင်သူ့နားမှာမရှိတဲ့အချိန်မှာ ရည်းစားဟောင်းရဲ့ ပရိုဖိုင်ထဲကို မကြာခဏဝင်ကြည့်တယ်။ သူနဲ့စကားပြောဆိုထားတဲ့ မက်စေ့တွေကို အခုထိသိမ်းထားတယ်ဆိုရင် သင်သူ့နားက ထွက်ခွာသွားဖို့ ဘာလို့ တွန့်ဆုတ်နေမှာလဲ။ ဘာကိုစောင့်နေမှာလဲ။

သင့်ချစ်သူမှာ အထက်ဖော်ပြပါအချက်များရှိနေရင်

ချစ်သူဖြစ်သူ ရည်းစားဟောင်းအပေါ် ငြိတွယ်နေသေးလားဆိုတာကို ရှာဖွေပါ။ ပြီးရင် သံသယတွေကို ရှင်းအောင်လုပ်ပါ။ မေးပါ။ အဖြေရှာပါလို့ အကြံပြုလိုက်ပါ။