လူမှန်ရင် ကြီးပွား ချမ်းသာချင်ကြပါတယ်။ လူတိုင်းမှာလည်း ချမ်းသာကြွယ်ဝနိုင်တဲ့ အခွင့်အရေးတွေရှိကြတယ်လို့ မီလျံနာတွေအကြောင်း ရေးသားခဲ့ဖူးတဲ့ စာရေးဆရာ Steve Siebold က ပြောဖူးပါတယ်။ ဒါပေမယ့်လည်း လူတိုင်းတော့ အဲဒီအခွင့်အရေးတွေကို မစုပ်ကိုင်ကြပါဘူး။

ဘယ်တော့မှမချမ်းသာနိုင်မယ့် အခုဖော်ပြမယ့် လက္ခဏာရပ်တွေ သင့်ဆီမှာ ရှိနေရင်အခုပဲ စွန့်လွတ်လိုက်ပါ။

သင်ဟာ အလုပ်ပဲကြိုးစားတယ်

အလုပ်အရမ်းကြိုးစားတာဟာ သင့်ကို မချမ်းသာစေနိုင်ပါဘူး။ ရုံးလုပ်ငန်းတစ်ခုမှာ သင့်အနေနဲ့ အလုပ်ကို ကြိုးစားလုပ်ရုံနဲ့ သင့်ကို ပိုပြီးချမ်းသာလာစေမှာမဟုတ်ပါဘူး။ အလုပ်ကြိုးစားရုံသာမက တော်နေပြီး Smart ကျနေဖို့လိုပါတယ်။ အလုပ်ပဲကြိုးစားပြီး စီးပွားရေးတစ်ခုခု လုပ်ဖို့ ရင်းနှီးမြုပ်နှံမှုမလုပ်နိုင်ရင် သင်ဘယ်တော့မှ ချမ်းသာလာမှာမဟုတ်ပါဘူး။

ပိုက်ဆံအရမ်းစုတယ်

Source: Wall Street Insanity

ချမ်းသာချင်ရင် ပိုက်ဆံပဲ စုနေလို့မရပါဘူး။ ပိုက်ဆံစုပြီးချွေတာဟာ၊ လောက်လောက်ငင မသုံးတာလောက်နဲ့ သင့်ကို ချမ်းသာစေမှာမဟုတ်ပါဘူး။ ချမ်းသာချင်ရင် ပိုက်ဆံကုန်မှာမကြောက်ပါနဲ့။ ပိုက်ဆံ ဒီထက်များအောင် ဘယ်လိုရအောင်လုပ်မယ်ဆိုတာကို စဉ်းစားပါ။

သင့်အတွက် အသုံးမဝင်တဲ့ပစ္စည်းတွေဝယ်ဝာယ်

သင့်ဘဝမှာ မချမ်းသာရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ သင့်အတွက် အသုံးလည်းမဝင်ဘဲ ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ အသုံးအဆောင်ပစ္စည်းတွေကို မကြာခဏ ဝယ်ယူခြင်းပါပဲ။

ပုံမှန်လစာနဲ့ပဲ သင်ရောက်ရဲနေတတ်တယ်

Source: Dash Force News

သာမန်လူတွေကတော့ လစာ (သို့) အလုပ်ချိန်နဲ့ လုပ်ခကို တောင်းတတ်ကြပါတယ်။ ချမ်းသာမယ့်သူတွေဟာ ရလဒ်ပေါ်မှာမူတည်ပြီး လုပ်ခတောင်းတတ်ကြပါတယ်။ သင့်အနေနဲ့ တစ်နေ့ ဘယ်နှစ်နာရီလုပ်ရင် ဘယ်လောက်ရမယ်ဆိုတဲ့ လစာကိုပဲ မျှော်ကိုးနေရင်တော့ သင်ရဲ့ စွမ်းဆောင်ရည် တဖြည်းဖြည်းကျလာမှာဖြစ်ပါတယ်။

သင့်မှာငွေတွေရှိပေမယ့် ရင်းနှီးမြုပ်နှံမှုမလုပ်ဘူး

သင့်မှာ ငွေတွေရှိနေပေမယ့် ရင်းနှီးမြုပ်နှံမှုမလုပ်ရင် သင်ဟာ ပိုပြီးချမ်းသာတဲ့သူတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။ ချမ်းသာကြွယ်ဝတဲ့သူတွေဟာ တစ်နှစ်ကို ဝင်ငွေဘယ်လောက်ရှာနိုင်တယ်ဆိုတဲ့အပေါ်မှာမတိုင်းတာပါဘူး။ တစ်နှစ်အတွင်း ဘာတွေထပ်ပြီး စုဆောင်းမိသလဲ။ ဘယ်လိုလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်လာကြသလဲဆိုတဲ့အပေါ်မှာ တိုင်းတာ တာဖြစ်ပါတယ်။

သင့်မှာ ကိုယ်ပိုင် အိပ်မက်မရှိဘူး

Source: Dream Achievers Academy

အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်ရင်တော့ သင်လုပ်နေတဲ့အရာအပေါ်မှာ စိတ်ဝင်စားမှု ချစ်မြတ်နိုး တန်ဖိုးထားမှု အပြည့်ရှိရမှာဖြစ်ပါတယ်။ တခြားသူတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကို လိုက်ပြီး ဖြည့်ဆည်းပေးနေလို့မရပါဘူး။ ဥပမာ မိဘတွေ ဖြစ်စေချင်တဲ့အတိုင်းလုပ်တာမျိုးပေါ့။

သင့်နေသားကျနေတဲ့ ဘဝကနေ ရုန်းထွက်ဖို့ မကြိုးစားခြင်း

အောင်မြင် ချမ်းသာဖို့အတွက်ဆိုရင် သင့်ကို သက်သာနဲ့ သင်နေသားကျနေပြီးဖြစ်တဲ့ သာမန်ဘဝကနေ ရုန်းထွက်လိုက်ပါ။ အောင်မြင်တဲ့သူတွေဟာ စွန့်စားရမှာ မကြောက်ပါဘူး။

သင့်မှာ ငွေကြေးနဲ့ပတ်သက်လို့ ပန်းတိုင်မရှိခြင်း

သင်ချမ်းသာချင်ရင်တော့ သင်ချမ်းသာလိုစိတ်ရှိရပါမယ်။ အိမ်ဝယ်ချင်တယ်၊ နိုင်ငံခြားခရီးသွားချင်တယ်၊ တစ်လတစ်ခါ ခရီးထွက်ချင်တယ် စသဖြင့် သင့်ရဲ့ ရည်မှန်းချက်တွေရှိရပါမယ်။ ပြီးရင် အဲဒီအတိုင်းဖြစ်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

သုံးချင်တာအရင်သုံးပြီးမှ ပိုတာကို စုခြင်း

Source: This is Money (UK)

ပိုက်ဆံကို အရမ်းကြိတ်မှိတ်စုတာလည်းမကောင်းသလို သုံးချင်တာသုံးပြီး စုတာလည်းမကောင်းပါဘူး။ အရင်ဆုံး ကိုယ်ဘယ်လောက်စုမယ်ဆိုတာကို ဖယ်ပြီးမှ စုတာအကောင်းဆုံးပါ။

သင်မချမ်းသာနိုင်ပါဘူးလို့ တွေးခြင်း

Source: WikiHow

သာမန်လူတစ်ယောက်အနေနဲ့ ကံကောင်းတဲ့သူတွေသာ ချမ်းသာနိုင်တယ်လို့ တွေးထင်ကြပြီး သူတို့အနေနဲ့ကတော့ မချမ်းသာနိုင်ပါဘူးလို့ တွေးထင်တတ်လေ့ရှိပါတယ်။ ဘာလို့ သင်ကမချမ်းသာနိုင်ရမှာလဲလို့ တွေးကြည့်ပါ။ ဘာလို့လဲ။