ကိုယ်က သူ့ကို သဘောကျနေပေမယ့် ချစ်တယ်လို့ ချက်ချင်းအဖြေပေးဖို့ထိ မလိုသေးဘူးဆိုရင် ဒီအချက်လေးတွေ သူ့မှာရှိရဲ့လားဆိုတာ အရင်ကြည့်လိုက်ပါ။ ကိုယ်ကလည်း သူ့ကိုသဘောကျတယ်။ သူက ကိုယ့်ကို ချစ်တယ်လို့ဖွင့်ပြောလာတဲ့အခါမှာ အရင်တွဲကြည့်သင့်ပါတယ်။

သင်စိတ်ညစ်နေတဲ့အခါ သင့်ကို စိတ်သက်သာရာရစေတယ်။

သူ့ရဲ့ ဘဝရှေ့ရေးမှာ သင်နဲ့အတူလက်တွဲသွားဖို့ အစီစဉ်ရှိတယ်။

သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လို ဆိုးတူကောင်းတူ တိုင်ပင်လိုရတယ်။

သူ့ရဲ့ မိဘ၊ဆွေမျိုးတွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးတယ်။

လက်တွေ့ဘဝမှာ သင့်ကိုပျော်ရွှင်စေတယ်။

သင့်ရဲ့ ရည်ရွယ်ချက်တွေ ပန်းတိုင်တွေကို သူလေးစား တန်ဖိုးထားတယ်။

သင်ငယ်ငယ်ကအကြောင်းအရာတွေကို စပ်စပ်စုစုမေးတတ်တယ်။

သူဟာ သင့်အတွက် ပြီးပြည့်စုံတယ်လို့ သင်ယုံကြည်နေတယ်။

သူနဲ့ဆိုရင် စိတ်သက်သာရာရတယ်။ စိတ်သက်တောင့်သက်သာဖြစ်စေတယ်။ လွတ်လပ်ပေါ့ပါးနေတယ်။

သူကိုချစ်နေတယ်ဆိုတာ သင်ကိုယ်တိုင်က သိနေတယ်။

တစုံတယောက်ကို ကိုယ်ကချစ်တယ်လို့ ပြန်ပြောတဲအခါမှာ စိတ်ခံစားချက်က တကယ်ကိုအရေးကြီးပါတယ်။ တချို့သူတွေကိုတော့ ကိုယ်လုံးဝမချစ်ဘူးဆိုတာ သိသာနေပေမယ့် တခါတလေမှာလည်း သူ့ကိုသဘောကျသလိုလိုနဲ့ မချစ်တာလည်း ရှိတတ်ပါတယ်။ အားကျတာနဲ့ချစ်တာမတူသလို သဘောကျတာနဲ့ ချစ်တာကလည်းမတူပါဘူး။ တခါတလေမှာ ခံစားချက်က ရှုပ်ထွေးနေပေမယ့် အချိန်ယူလိုက်ရင် သင်သူ့ကိုချစ်မချစ်ဆိုတာ သိသာသွားမှာဖြစ်ပါတယ်။ သူ့မှာ အပေါ်ကပြောခဲ့တဲ့ လက္ခဏာရပ်တွေရှိနေရင်တော့ မြန်မြန်သာသွားပြီး အဖြေပေးလိုက်ပါတော့နော်။