ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးခိုင်မြဲဖို့ နားလည်မှုတွေနဲ့ တည်ဆောက်ထားသင့်တယ်လို့ စာရေးသူကတော့ ယူဆပါတယ်။ ချစ်သူထားတာဟာ သင့်ဘဝတစ်ခုလုံး စိတ်ဆင်းရဲနေဖို့ မဟုတ်ပါဘူး။

သူ့ကိုချစ်လွန်းလို့ သူကိုယ့်အပေါ် ဘယ်လောက်ပဲ အနိုင်ယူယူ နှိပ်စက်နှိပ်စက် သူ့ကို လမ်းမခွဲနိုင်ဘူးဆိုတာ ဖြစ်သင့်ရဲ့လား အချစ်ဆိုတာ စိတ်ဆင်းရဲဖို့လားဆိုတာ စဉ်းစားစရာပါပဲ။ သင်တို့နှစ်ယောက် ဆက်ဆံရေးမှာ အခုဖော်ပြတဲ့ ပြဿနာတွေရှိနေရင် လမ်းခွဲလိုက်သင့်ပါတယ်။

၁။ သင်လုံးဝမပျော်ဘူး

သူနဲ့ အတူရှိနေတဲ့အချိန် မပျော်ဘူး ခံစားရတာ သက်သောင့်သက်သာမရှိဘူး စိတ်ဖိစီးမှုတွေပဲ အမြဲကြုံတွေ့နေရတယ်ဆိုရင် သင်တို့ဘာလို့ ရှေ့ဆက်သွားနေဦးမှာလဲ။ သင့်ကိုသင် ရိုးရိုးသားသား ဝန်ခံကြည့်လိုက်ပါ။ တကယ်မပျော်ဘူးလား။

၂။ သင့်ကိုယ်သင် လွတ်လပ်စွာ ရှင်သန်ခွင့်မရှိဘူး

သင့်ချစ်သူနဲ့ အတူတူရှိနေတဲ့အချိန်မှာ သင့်ကိုယ်သင် ဘာလဲဆိုတာကို ပြသနိုင်တဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိရပါမယ်။ သူ့စိတ်ကြိုက် လိုက်နေဖို့မလိုပါဘူး။ အရမ်းတော်နေတဲ့ပုံလည်း ပြစရာမလိုပါဘူး။

၃။ သင့်ချစ်သူက အရမ်းချုပ်ချယ်လွန်းတယ်

သင်သေချာစဉ်းစားပါ။ သင့်ချစ်သူက သင့်ကို အရာရာ ချုပ်ချယ်လွန်းတယ်။ ဖေ့ဘုတ်သုံးတာ၊ ဖုန်းနဲ့ စကားပြောတာတွေကအစ၊ eMail တွေကအစ လိုက်ပြီး စစ်ဆေးတယ်။ ချုပ်ချယ်တယ်ဆိုရင် သင့်အနေနဲ့ သေချာစဉ်းစားသင့်ပါတယ်။ တစ်နေရာသွားမယ်ဆိုရင်လည်း ဟိုမသွားရ ဒီမသွားရနဲ့ ချုပ်ချယ်တတ်တာဟာ ချစ်တာမဟုတ်ပါဘူး။

၄။ သင့်ကို သီးခြားခွဲထုတ်ထားတယ်

သင်တို့နှစ်ယောက်ရဲ့ Relationship ကို အဆုံးသတ်သင့်ပြီဆိုတဲ့ လက္ခဏာရပ်တွေ

သင့်ချစ်သူက သင့်မိတ်ဆွေ သူငယ်ချင်း မိသားစုဝင်တွေနဲ့ တွေ့ဖို့ အမြဲတမ်းလိုလို ကန့်သတ်ထားပြီး သင်တို့နှစ်ယောက်တည်း သီးခြားနေဖို့ တောင်းဆိုတတ်တယ်။ ဖုန်းသုံးတာ၊ ကားသုံးတာကိုလည်းကန့်သတ်ထားပြီး အလုပ်သစ်ရှာဖို့လည်း ကန့်သတ်ထားတတ်တယ်ဆိုရင် သင်တို့နှစ်ယောက် အချစ်ရေး ရှေ့ဆက် သာယာနိုင်ပါ့မလား။

၅။ သင့်အပေါ်အရမ်းသဝန်တိုလွန်းတယ်

သင်တို့နှစ်ယောက်ရဲ့ Relationship ကို အဆုံးသတ်သင့်ပြီဆိုတဲ့ လက္ခဏာရပ်တွေ

ချစ်တယ်ဆိုတဲ့နေရာမှာ သဝန်တိုခြင်းတွေ ပါပါတယ်။ ဒါပေမယ့် သင့်အပေါ် လုံးဝမယုံကြည်ဘဲမိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဒီအတိုင်း စကားပြောတာကိုတောင် သဝန်တိုတယ်။ တခြားသူတွေနဲ့ စကားပြောတာကို လုံးဝမကြိုက်ဘူး ကန့်သတ်ထားတယ်ဆိုရင် ဒါဟာတကယ်တော့ အချစ်မဟုတ်ပါဘူး။

၆။ သင့်အောင်မြင်မှုကို ဘယ်တော့မှ အသိအမှတ်မပြုဘူး

သင့်ချစ်သူက သင့်အောင်မြင်မှုကို သာမန်ပဲသဘောထားတယ်။ သင်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အောင်မြင်မှုကို ဘယ်တော့မှ အသိအမှတ်ပြုလေ့မရှိဘူးဆိုရင် ဒါဟာ သင့်ကိုချစ်တာ မှန်ရဲ့လားလို့ သေချစဉ်းစားကြည့်သင့်ပါတယ်။

၇။ အနာဂတ်အတွက် အဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေရှိတယ်

သင်တို့နှစ်ယောက်မှာ အနာဂတ်အတွက် အစီစဉ်တွေ ရည်မှန်းချက်တွေ ရှိကြတာမှန်ပေမယ့် လက်တွေ့ဖြစ်နိုင်တာထက် မဖြစ်နိုင်တဲ့အရာတွေကို စိတ်ကူးယဉ်နေကြတယ်ဆိုရင် သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သေချာ ပြန်ပြီးစဉ်းစားသင့်ပါတယ်။

၈။ သင့်ကို အမြဲ အပြစ်ရှိသလို ခံစားရအောင် အမြဲလုပ်တယ်

တစ်ခုခု ပြဿနာဖြစ်ရင် အမြဲတမ်း သင့်အပြစ်ပဲ ဖြစ်အောင် သင့်ကို အပြစ်ပုံချတယ်။ သင့်ကို အမြဲ အပြစ်မကင်းသလို ခံစားရအောင် လုပ်လေ့ရှိတယ်ဆိုရင် သင့်တို့နှစ်ယောက် အချစ်ရေးကို သေချာ ပြန်စဉ်းစားသုံးသပ်သင့်ပါတယ်။