Online ပေါ်မှာ Fashion Trend ဖြစ်တာတွေ ဝယ်ပြီးမှ ကိုယ်နဲ့မလိုက်ဘူးထင်လို့ မဝတ်ရဲလို့ ဝယ်ပြီးမှမကြိုက်တော့လို့ ဆိုပြီး အကြောင်းအမျိုးမျိုးနဲ့ မဝတ်ဘဲ ဂျောင်ထိုးထားရတာတွေ မိန်းကလေးတိုင်း ကြုံဖူးမှာပါ။ ဒါကြောင့် အဝတ်အစားအသစ် ဝယ်တော့မယ်ဆို သင့်ကိုယ်သင် အရင်ဆုံး ဒီမေးခွန်းလေးတွေ မေးလိုက်ပါ။

ဘယ်လောက်ကြာကြာဝတ်မှာလဲ ?

အသစ်က မျက်လုံးကို ဆွဲဆောင်နိုင်ပေမယ့် မဝယ်ခင်မှာ သေချာစဉ်းစားသင့်ပါတယ်။ တစ်ခေါက်လျှော်ပြီးတာနဲ့ အရောင်ကျသွား ရွဲသွားမယ့်အဝတ်အစားအတွေအစား အချိန်အကြာကြီးဝတ်လို့ရတဲ့ အဝတ်အစားများကို ရွေးချယ်ပါ။

ဈေးနှုန်းလား ? အရည်အသွေးလား ?

ဈေးချိုပေမယ့် အရည်အသွေးမကောင်းရင် အလကားပါပဲ။ အရည်အသွေးမကောင်းလို့ ခနခနထပ်ဝယ်နေရင် ပိုက်ဆံပိုကုန်ပါတယ် ။

ခနတာလိုချင်တာလား ?

တခါတလေ တွေ့တွေ့ချင်း အရမ်းလိုချင်လာလို့ဝယ်ပြီးမှ မဝယ်လိုက်ရကောင်းသား ဆိုပြီး နောင်တရတာမျိုးတွေ ဖြစ်ဖူးမှာပါ။ ဒါကြောင့် မဝယ်ခင်မှာ ခနတာလိုချင်တာလား ? ဒါမှမဟုတ် တကယ်လိုချင်တာလား ဆိုတာကို သေချာစဥ်းစားပါ။

တခါဝတ်ဖို့လား ?

ဖက်ရှင်တချို့ကက ခေတ်မှီပေမယ့် နေရာတိုင်းဝတ်မရပါဘူး။ ဒါပေမယ့် တချို့အဝတ်အစားတွေကတော့ ခေတ်မမှီ ရိုးတယ်ထင်ရပေမယ့် ပေါ့ပေါ့ပါးပါး အပြင်ထွက်တာကနေ အရေးကြီးတဲ့ လုပ်ငန်းအစည်းအဝေးတွေ အထိ စတိုင်ကျပြီး အချိန်အခါနေရာတိုင်းနဲ့ လိုက်ဖက်ပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း သေချာစဥ်းစားပါ။

အံဝင်ခွင်ကျဖြစ်ရဲ့လား ?

အဝတ်အစားဝယ်တဲ့အခါ သင့်ခန္ဓာကိုယ်ပုံသဏ္ဍာန်နဲ့ လိုက်လျောညီထွေဖြစ်တာ ၊ ဝတ်ရတာသက်တောင့်သက်သာရှိတာ ၊ လှုပ်ရှားရလွယ်တာ ၊ အသက်ရှုမခက်တာတွေက အရေးကြီးဆုံးမလို့ သင့်နဲ့လိုက်ဖက်တဲ့ အဝတ်အစား ဖြစ်ရဲ့လားဆိုတာ သေချာစဥ်းစားပါ။ အံဝင်ခွင်ကျဖြစ်လေ၊ ကြည့်ကောင်းလေပါပဲ။

တကယ်ဝတ်ဖြစ်မှာလား ?

ဘယ်တော့မှ ဝတ်ဖြစ်မယ်မထင်တဲ့ အဝတ်အစားတွေပေါ်မှာ အချိန်နဲ့ငွေနဲ့ ဖြုန်းတာထက် တကယ်ဝတ်ပြီး ကြိုက်မယ့်အ၀တ်တွေကို ဝယ်ဖို့က သော့ချက်ပါပဲ။ နေထိုင်မှုပုံစံနဲ့ လိုက်ဖက်တဲ့ အဝတ်အစားတွေကို ဦးစားပေးရွေးချယ်ပါ။