အချစ်ဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုရခက်ခဲသလို တစ်ခါတစ်လေ အချစ်လို့ ထင်တဲ့အရာတွေက အချစ်မဟုတ်တာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ သင့်ချစ်သူအပေါ်မှာ ဘာခံစားမှုမှမရှိဘူးဆိုတာ ဘယ်လိုသိနိုင်မလဲဆိုတဲ့ အကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်နော်။ ကဲ…ဒီတော့ ကိုယ့်က ချစ်သူအပေါ်တကယ်ချစ်ရဲ့လားဘာခံစားချက်မှမရှိဘူးလားဆိုတာကို သိချင်ရင်တော့ ဒီအချက်တွေနဲ့ တိုက်ကြည့်ပါနော်။

စိတ်ဆင်းရဲနေတယ်။

ချစ်သူထားတာ ပျော်ရမယ့်အစား သင်စိတ်ဆင်းရဲနေတယ်။ သောကရောက်နေတယ်ဆိုရင် သင်သူ့အပေါ် ဘာခံစားချက်မှမရှိသေးပါဘူး။ သူနဲ့ပတ်သက်လို့ ပျော်ရွှင်မှုတွေမရှိဘူး။ မျှော်လင့်ချက်တွေမရှိဘူးဆိုရင် သင်သူ့ကို သေချာပြောပြသင့်ပါတယ်။ အချိန်တွေကြာလာလို့ မပြောဖြစ်ရင် ဒဏ်ရာတွေက ပိုနက်လာတတ်ပါတယ်။

သင်တို့နှစ်ယောက်အမြဲတမ်းရန်ဖြစ်တယ်။

ရန်ဖြစ်တာက ချစ်သူနှစ်ဦးဆက်ဆံရေး ပိုမိုခိုင်မာလာစေဖို့ လိုအပ်တဲ့အရာတစ်ခုဆိုပေမယ့် အမြဲတမ်းလိုလို အကြောင်းမဲ့ ရန်ရှာ ရန်ဖြစ်နေတတ်ရင် သင်တို့နှစ်ဦးရဲ့ဆက်ဆံရေးကို ပြန်ပြီးစဉ်းစားသင့်ပါတယ်။

ချစ်သူပေါ် သံသယစိတ်တွေများနေတယ်။

ချစ်သူအပေါ်မှာ မယုံဘူး။ သံသယစိတ်တွေပဲ့ရှိနေရင် သင် သူ့ကို တကယ်မချစ်သေးလို့ပါပဲ့။ သဝန်တိုလို့ဆိုတာမျိုးမဟုတ်ဘဲ ဘာအကြောင်းပြချက်မှမရှိဘဲ သူ့အပေါ်မယုံတာဟာ သင်သူ့အပေါ် ဘာခံစားချက်မှမရှိလို့ပဲ့ဖြစ်ပါတယ်။

ရည်းစားဟောင်းကို မမေ့နိုင်သေးဘူး

လက်ရှိချစ်သူရှိနေပါလျက်နဲ့ ရည်းစားဟောင်းကိုပဲ တမ်းတသတိရနေမိတတ်တယ်ဆိုရင် သေချာပြန်စဉ်းစားဖို့ လိုပါပြီနော်။

တစ်ယောက်နဲ့တစ်ယောက် နစ်နာအောင် ပြောဆိုဆက်ဆံတတ်ကြတယ်။

စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရရော စကားလုံးအရရော တစ်ယောက်ကိုယ်တစ်ယောက် မလေးစားဘဲ အထိနာအောင်စော်ကားပြောဆိုကြတယ်ဆိုရင် တစ်ယောက်ကိုယ်တစ်ယောက် ဘာခံစားချက်မှမရှိလို့ပါပဲ။

အနာဂတ်ပန်းတိုင်တွေမတူညီကြဘူး။

သင်တို့နှစ်ယောက်ရဲ့ အနာဂတ်မှာ ပန်းတိုင်တူညီကြဖို့ကလည်း သိပ်ကိုအရေးကြီးပါတယ်။ ဆိုလိုတာက အလုပ်တူတာမျိုးကို ပြောချင်တာမဟုတ်ပါဘူး။ သင်တို့နှစ်ဦးလက်ထပ်ကြမယ်။ ပြီးရင် ဘာဆက်လုပ်ကြမယ်ဆိုပြီး နှစ်ယောက်သား အတူတူနေကြတဲ့အခါ ရည်ရွယ်ထားတဲ့ ပန်းတိုင်ကို ဆိုလိုတာပဲ့ဖြစ်ပါတယ်။

တန်ဖိုးမထားတော့ဘူး။


သူအနားမှာရှိနေလည်း ဂရုမစိုက်ချင်တော့ဘူး။ တခြားကောင်မလေး ကောင်လေးတွေနဲ့ စကားပြောတယ်။ သူ့ကို တန်ဖိုးမထားဘူးဆိုရင် သေချာစဉ်းစားဖို့ လိုနေပြီနော်။

ဒီလိုအချက်တွေရှိနေရင် ပွင့်ပွင့်လင်းလင်းပြောပြီး လမ်းခွဲသင့်ပါတယ်။ ဘာမှအဓိပ္ပာယ်မရှိတဲ့ ချစ်သူနှစ်ဦးဆက်ဆံရေးမှာ ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အလဟဿမဖြုန်းတီးလိုက်ပါနဲ့။