အချိန်တွေကြာလာတာနဲ့အမျှ သင့်ချစ်သူအပေါ်မှာ ဘာခံစားမှုမှမရှိဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။

အချစ်ဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုရခက်ခဲသလို တစ်ခါတစ်လေ အချစ်လို့ ထင်တဲ့အရာတွေက အချစ်မဟုတ်တာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ချစ်သူအပေါ်တကယ်မချစ်ဘူး။ ဘာခံစားချက်မှမရှိဘူးဆိုတာ သိနိုင်မယ့်အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ သင်စိတ်ဆင်းရဲနေတယ်။

ချစ်သူထားတာ ပျော်ရမယ့်အစား သင်စိတ်ဆင်းရဲနေတယ်။ သောကရောက်နေတယ်ဆိုရင် သင်သူ့အပေါ် ဘာခံစားချက်မှမရှိသေးပါဘူး။သူနဲ့ပတ်သတ်လို့ ပျော်ရွှင်မှုတွေမရှိဘူး။ မျှော်လင့်ချက်တွေမရှိဘူးဆိုရင် သင်သူ့ကို သေချာပြောပြသင့်ပါတယ်။ အချိန်တွေကြာလာလို့ မပြောဖြစ်ရင် ဒဏ်ရာတွေပိုနက်လာတတ်ပါတယ်။

၂။ သင်တို့နှစ်ယောက်အမြဲတမ်းရန်ဖြစ်တယ်။

ရန်ဖြစ်တာက ချစ်သူနှစ်ဦးဆက်ဆံရေး ပိုမိုခိုင်မာလာစေဖို့လိုအပ်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် အမြဲတမ်းလိုလို အကြောင်းမဲ့ ရန်ရှာ ရန်ဖြစ်နေတတ်ရင် သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ပြန်ပြီးစဉ်းစားသင့်ပါတယ်။

၃။ ချစ်သူကိုမယုံဘူး။

ချစ်သူအပေါ်မှာ မယုံဘူး။ သံသယတွေရှိနေရင် သင်သူ့ကိုတကယ်မချစ်သေးလို့ပါ။ သဝန်တိုလို့ဆိုတာမျိုးမဟုတ်ဘဲ။ ဘာအကြောင်းပြချက်မှမရှိဘဲ သူ့အပေါ်မယုံတာဟာ သင်သူ့အပေါ် ဘာခံစားချက်မှမရှိလို့ပါပဲ။

၄။ ရည်းစားဟောင်းကိုပဲလွမ်းနေတယ်။

လက်ရှိချစ်သူရှိနေပါလျက်နဲ့ ရည်းစားဟောင်းကိုပဲ တမ်းတသတိရနေတတ်တယ်ဆိုရင် သေချာပြန်စဉ်းစားပါ။

၅။ သင်တို့တစ်ယောက်ကိုတစ်ယောက် စော်ကားပြောဆိုကြတယ်။

စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရရော စကားလုံးအရရော တစ်ယောက်ကိုယ်တစ်ယောက် မလေးစားဘဲ အထိနာအောင်စော်ကားပြောဆိုကြတယ်ဆိုရင် တစ်ယောက်ကိုယ်တစ်ယောက် ဘာခံစားချက်မှမရှိလို့ပါပဲ။

၆။ အနာဂတ်အတွက် ပန်းတိုင်တွေမတူညီကြဘူး။

သင်တို့နှစ်ယောက်ရဲ့ အနာဂတ်မှာ ပန်းတိုင်တူညီကြဖို့အရေးကြီးပါတယ်။ ဆိုလိုတာက အလုပ်တူတာမျိုးကိုပြောချင်တာမဟုတ်ပါဘူး။ သင်တို့နှစ်ဦးလက်ထပ်ကြမယ်။ ပြီးရင် ဘာလုပ်ကြမယ်ဆိုရင်နှစ်ယောက်သား အတူတူနေကြတဲ့အခါ ထားတဲ့ ပန်းတိုင်ကိုဆိုလိုတာပါ။

၇။ တန်ဖိုးမထားဘူး။

သူအနားမှာရှိနေလည်း ဂရုမစိုက်ဘူး။ တခြားကောင်မလေး ကောင်လေးတွေနဲ့ စကားပြောတယ်။ သူ့ကို တန်ဖိုးမထားဘူးဆိုရင် သေချာစဉ်းစားပါ။

ဒီလိုအချက်တွေရှိနေရင် ပွင့်ပွင့်လင်းလင်းပြောပြီး လမ်းခွဲသင့်ပါတယ်။ ဘာမှအဓိပ္ပာယ်မရှိတဲ့ ချစ်သူနှစ်ဦးဆက်ဆံရေးမှာ ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေ ဘာလို့ အကုန်ခံနေဦးမှာလဲ။