သင်က တစ်သက်လုံး Single ဖြစ်သွားနိုင်ချေ ရှိကြောင်း ပြသနေတဲ့ လက္ခဏာ အမူအရာတွေ ရှိပါတယ်။ တချို့သူတွေက ကြိုက်မယ့်သူ မရှိတာကြောင့် မဟုတ်ဘဲ ကိုယ်တိုင်က တစ်ယောက်တည်း နေရတာ ကြိုက်လို့ Single ဘဝကို ကျေကျေနပ်နပ်ကြီး လက်ခံထားသူတွေ ဖြစ်ပါတယ်။ တချို့ကျတော့လည်း ချိန်ပါလိုက်၊လွဲလိုက်နဲ့ Single မဖြစ်ချင်ဘဲ ဖြစ်နေရတာတွေ ရှိပါတယ်။ သင့်မှာ ဒီလက္ခဏာတွေ ရှိတယ်ဆိုရင်တော့ သင်က တစ်သက်လုံး Single ဖြစ်နေဖို့ အခွင့်အလမ်း ပိုများပါတယ်။

၁။ ပွေ့ဖက်ရတာကို မကြိုက်ဘူး

သင်က ပွေ့ဖက်ရခြင်းကို တန်ဖိုးထားရမယ့် အစား ရှောင်ပြေးတတ်ပါတယ်။ တစ်ယောက်တည်း နေရာ သီးသီးသန့်သန့် နေရတာ ပိုသဘောကျလေ့ရှိပါတယ်။ လူတစ်ယောက်က သင့်ကို ကပ်ကာ ပွေ့ဖက်ချွဲနေတာမျိုးကို ကြိုက်လေ့မရှိပါဘူး။

၂။ ဒိတ်လုပ်တဲ့အခါ

သင်က ကောင်လေးတွေနဲ့ ကြူမယ်ဆိုရင်လည်း တစ်ယောက်မက ထားတတ်ပါတယ်။ ရွေးစရာကို များများပြားပြား ရှိထားမှ ကျေနပ်သူ ဖြစ်ပါတယ်။

၃။ ဝါသနာပါတာ မရှိဘူး

သင် နှစ်နှစ်ခြိုက်ခြိုက် ဝါသနာပါတာ ဘာမှမရှိပါဘူး။ ဒါကြောင့် သင်နဲ့ ဝါသနာတူတဲ့ လက်တွဲဖော်ကို ရှာဖို့ ခက်ခဲလေ့ရှိပါတယ်။

၄။ သဘာဝမကျတဲ့ စံသတ်မှတ်ချက်တွေ

သင်က အချစ်ဇာတ်လမ်း ပရိတ်သတ်ပါ။ အချစ်ရေးကို ဇာတ်လမ်းထဲက မင်းသားလို၊ အခြေအနေလို မြင့်မြင့် မှန်းထားတတ်ပါတယ်။ သင့်အနေနဲ့ လက်တွဲဖော်ရှာနေရင် လက်တွေ့ကျမယ့် အပြစ်အနာအဆာကိုပါ တွေးသင့်ပါတယ်။

၅။ တစ်ယောက်ဆို တစ်ယောက်ပဲသိတာ

သင်က ပြီးသွားခဲ့တဲ့ ရှေ့တစ်ယောက်ကို မမေ့နိုင်ဘဲ သူမှသူ ဖြစ်နေတုန်းဆိုရင် ရည်းစားအသစ်ရဖို့ မသေချာနိုင်ပါဘူး။

၆။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာ

သင်က ရည်းစားထားရလောက်တဲ့ အထိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိပါဘူး။ အချစ်ရေးကို ခုန်ကူးလိုက်ဖို့အထိ သင့်ကိုယ်သင် ယုံကြည်ချက် မရှိရင် ထာဝရ Single ဖြစ်နေပါလိမ့်မယ်။

၇။ ယုံကြည်မှုလွန်ကဲနေတာ

ဒါကတော့ အပေါ်နဲ့ ဆန့်ကျင်ဘက်ပါ။ မာနကြီး ဘဝင်မြင့်မယ်ဆိုရင် သင့်ထက် ပိုရှက်တတ်သူတွေ၊ ပိုနိမ့်ကျတဲ့ သူတွေဆိုရင် အထင်သေးတတ်ပါလိမ့်မယ်။ ဒီလိုစိတ်ရှိရင် ရည်းစားရဖို့ အခွင့်အလမ်း နည်းပါတယ်။

၈။ ပွဲတက်မယ့် အဖွဲ့

သင်က ကိုယ်တိုင် လက်ထပ်ပွဲလုပ်ဖို့ စိတ်ကူးထက် သူများပွဲတက်ဖို့ပဲ အားသန်နေသူ၊ ရည်ရွယ်ချက် ရှိသူဆိုရင် Single ပဲ ဖြစ်နေပါလိမ့်မယ်။

၉။ ကိုယ့်ခွေး၊ ကြောင်တွေကိုပဲ ချစ်တယ်

သင်က ဒိတ်လုပ်တာထက် အိမ်မှာ မွေးထားတဲ့ ခွေးတွေ၊ ကြောင်တွေနဲ့ပဲ အချိန်ကုန်ချင်တယ်ဆိုရင် Single ဖြစ်ဖို့ အခွင့်အလမ်း ပိုများနေပါပြီ။

Photo source: Pinterest

By MyStyle Myanmar