စာဖတ်ပရိသတ်တွေထဲမှာ ကော်ဖီကြိုက်တဲ့သူတွေရှိလား။ အမေရိကန်နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကတော့ နေ့စဉ်ကော်ဖီသောက်သုံးကြပြီး တစ်နေ့ကို အနည်းဆုံး ၃ ခွက်ခန့်သောက်သုံးကြပါတယ်။ ကော်ဖီသောက်တာက ကောင်းတဲ့အကျိုးကျေးဇူးတွေ ရှိပေမယ့်လည်း အလွန်အကျွံသောက်သုံးမိရင်တော့ ခန္ဓာကိုယ်မှာဆိုးကျိုးတွေ သက်ရောက်လာနိုင်ပါတယ်။ ဒီနေ့မှာ ကော်ဖီအလွန်အကျွံသောက်သုံးမိကြောင်းပြနေတဲ့ လက္ခဏာတွေကို ပြောပြပေးချင်ပါတယ်။

(၁) ပင်ပန်းနွမ်းနယ်နေမယ်

Source : Freepik

ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်က အာရုံကြောစနစ်ကို နှိုးဆွပေးပြီး လန်းဆန်းစေမယ်ဆိုပေမယ့်လည်း သောက်ဖီသောက်သုံးမှုနှုန်းများခြင်းရဲ့ တစ်ဖက်မှာဆိုးကျိုးတွေရှိနေပါတယ်။ အဲ့ဒီဆိုးကျိုးကတော့ သင့်ကိုပင်ပန်းနွမ်းနယ်စေပြီး အားအင်ကုန်ခမ်းသလိုခံစားရစေတာဖြစ်ပါတယ်။ ကော်ဖီအလွန်အကျွံသောက်ပြီး နောက်တစ်နေ့မှာတော့ ဒီလိုအားမရှိသလို ပင်ပန်းနွမ်းနယ်သလိုခံစားချက်တွေကို ခံစားရပါလိမ့်မယ်။

(၂) စိတ်ဖီးစီးမှုများနေမယ်

Source : Money.co.uk

လူတိုင်းလူတိုင်း နေ့စဉ်စိတ်ဖီစီးစရာအကြောင်းအရာ အမျိုးမျိုးနဲ့ကြုံတွေ့ရပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တို့ကို ခံစားရလေ့ရှိကြပါတယ်။ ကော်ဖီအလွန်အကျွဲံသောက်သုံးမိခြင်းကလည်း သင့်ကိုစိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ရပ်ဖြစ်နေပါတယ်။ တစ်နေ့တာကို သင့်တင့်တဲ့ပမာဏာထက်ပိုပြီး ကော်ဖီအလွန်အကျွံသောက်သုံးနေမိတဲ့အခါ စိုးရိမ်စိတ်နှင့်စိတ်ဖီစီးမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် စိတ်ဖီးစီးမှုများနေတယ်ဆိုရင် ကော်ဖီသောက်သုံးမှုကိုလျော့ချလိုက်ပါ။

(၃) အိပ်ပျော်ရခက်လာမယ်

Source : Daily Mail

ကဖိန်းဓာတ်က ဦးနှောက်နဲ့ အာရုံကြောကိုလန်းဆန်းနိုးကြားနေစေပြီး တစ်ချိန်တည်းမှာပင် အိပ်စက်ခြင်းအပေါ်သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုများအရလည်း ကော်ဖီအလွန်အကျွံအလွန်သောက်သုံးခြင်းက သင့်ရဲ့ အိပ်စက်မှုကိုအနှောက်ယှက်ဖြစ်စေပြီး အိပ်ပျော်ရခက်ခဲလာစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ကိုယ်ရဲ့ကော်ဖီသောက်သုံးမှုပမာဏကိုကန့်သတ်ထားဖို့ လိုအပ်ပါတယ်။

(၄) အစာအိမ်မှာပြဿနာဖြစ်လာမယ်

Source : NetDoctor

ကော်ဖီဟာ ဝမ်းပျော့စေပြီး အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာလုပ်ဆောင်ချက်တွေကို ကောင်းမွန်စေတဲ့ ဟော်မုန်းတစ်မျိုးထုတ်ပေးပါတယ်။ သို့သော်လည်း ကော်ဖီအလွန်အကျွံသောက်သုံးမိရင်တော့ ဝမ်းလျောခြင်း ဝမ်းပျက်ခြင်းတို့အပြင် အစာအိမ်အောင့်ခြင်း အူရောင်ရမ်းနာဖြစ်ခြင်းစတဲ့ အစာအိမ်နဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ သင့်အနေနဲ့ အစာအိမ်နဲ့ဆိုင်တဲ့ ပြဿနာတွေခံစားနေရတယ်ဆိုရင်တော့ ကော်ဖီသောက်နှုန်းကို မဖြစ်မနေလျော့ချဖို့လိုအပ်ပါတယ်။