တစ်ခါတစ်လေကျရင် အမြဲစိတ်ညစ်နေရတယ်၊ စိတ်ပင်ပန်းနေရတယ်ဆိုတာ တခြားသူကြောင့်ဖြစ်တာမျိုးမဟုတ်ပဲ ကိုယ့်ရဲ့စိတ်ကြောင့်၊ ကိုယ်ကိုယ်တိုင်ကြောင့် ဖြစ်နေတတ်ပါတယ်။ Toxic ဖြစ်တဲ့သူတွေနဲ့ တွေ့နေရတာမျိုးမဟုတ်ပဲ ကိုယ်တိုင်က Toxic ဖြစ်နေတာမျိုးပေါ့။ ဒီအချက်တွေနဲ့တင် သင်ကိုယ်တိုင်က Toxic ဖြစ်တဲ့သူတစ်ယောက်လားဆိုတာကို သိနိုင်ပါတယ်။

အဆိုးဘက်ကိုပဲအမြဲတွေးခြင်း

ဘာကိုပဲတွေးတွေး အမြဲတမ်း အဆိုးဘက်ကိုပဲ ဦးတည်တွေးနေတာက ကြာလာရင် ကိုယ်တိုင်ကပဲ Toxic ဖြစ်နေတာပါ။ ကိုယ့်ကိုယ်ကို စိတ်ညစ်အောင်၊ မကောင်းတဲ့အတွေးတွေဝင်အောင် ဘယ်သူမှမလုပ်ပဲ ကိုယ်တိုင်လုပ်နေတာပါ။

တခြားသူတွေရဲ့အောင်မြင်မှုကိုမနာလိုခြင်း

တချို့ကျတော့ ကျန်တဲ့အချိန် စိတ်ထားကောင်းပြီး သဘောကောင်းတယ်၊ ကူညီတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်အသိထဲကသူတစ်ယောက်ယောက်ပဲဖြစ်ဖြစ်၊ အခြားတစ်ယောက်ယောက်ပဲဖြစ်ဖြစ် အောင်မြင်သွားတာမြင်ရင် မနာလိုဖြစ်တတ်ပါတယ်။ ဒါလည်း Toxic ဖြစ်တဲ့ လက္ခဏာပါပဲ။

ကိုယ့်ကိုယ်ကိုအမြဲ Victim ခံယူနေခြင်း

အမြဲတမ်း ကိုယ်ပဲခံရတဲ့သူလိုမျိုး ကိုယ့်ကိုယ်ကို အမြဲ Victim တစ်ယောက်လိုခံယူပြီး ခံစားနေတာတွေကလည်း တကယ်တော့ Toxic ဖြစ်တာပါပဲ။ ကိုယ့်ကိုယ်ကို စိတ်ဒုက္ခရောက်အောင် လုပ်နေတာနဲ့ တူတူပါပဲ။

အရမ်းဝေဖန်ခြင်း

လူတွေကို အရမ်းဝေဖန်တတ်တဲ့သူတွေက Toxic ဖြစ်တဲ့သူတွေပါပဲ။ သူတို့ကြောင့် တစ်ဖက်သား စိတ်ဒဏ်ရာရစေတတ်သလို ဝမ်းနည်းမှုလည်း ရစေပါတယ်။

အမြဲ Drama ခင်းခြင်း

ဘာမဟုတ်တဲ့ကိစ္စလေးကအစ အမြဲ တစ်စိတ်ကိုတစ်အိတ်လုပ်ပြီး Drama ခင်းတတ်တဲ့သူတွေကလည်း အရမ်း Toxic ဖြစ်ပါတယ်။ စစချင်းမှာတော့ သူများကယုံကြည်ကြမယ်၊ သနားကြပါမယ်။ ဒါပေမယ့် ခဏခဏ Drama ခင်းနေရင်တော့ အမြင်ကပ်လာကြမှာပါ။

စိတ်ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခြင်း

စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ပဲ တစ်ခုခုဆို အရမ်းဒေါသထွက်ပြီး ပြောဆိုတာ၊ ဒေါသထွက်ရင်ထွက်သလို စိတ်မကြည်ရင်မကြည်သလို တစ်ဖက်သားခံစားချက်ကို ထည့်မတွက်ပဲ ကိုယ်ပြောချင်ရာပြော လုပ်ချင်ရာလုပ်တာမျိုးတွေ ဒီလိုစိတ်ခံစားချက်ကို လုံးဝမထိန်းချုပ်နိုင်တဲ့သူတွေကိုလည်း Toxic ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။

အတင်းပြောခြင်းက Superpower ဖြစ်နေခြင်း

တော်တော်များများကတော့ အတင်းပြောတတ်တာပါပဲ။ ဒါပေမယ့် အမြဲလိုလိုအတင်းပဲပြောနေတာ၊ တရားလွန် အတင်းပြောတာက Superpower လိုမျိုး ဖြစ်နေပြီဆိုရင်တော့ တကယ့်ကို Toxci ဖြစ်နေပါပြီ။

ရန်လိုခြင်းနဲ့မယုံကြည်မှုပြင်းထန်ခြင်း

တစ်ခုခုဆို အမြဲရန်လိုနေတာတွေ အခုခေတ်စကားနဲ့ဆို ပွဲရှာနေတယ်ဆိုတာမျိုးပေါ့။ ဒါတွေကလည်း Toxic ဖြစ်တဲ့အရာတွေပါပဲ။ နောက်တစ်ခုကတော့ မယုံကြည်မှု ပြင်းထန်တာပါ။ တစ်ဖက်သားကို မယုံကြည်မှုတွေများပြီး သံသယတွေနဲ့ဖြစ်နေတော့ ကိုယ်တိုင်လည်း ပင်ပန်းရသလို တစ်ဖက်လူအတွက်လည်း စိတ်ပျက်စရာ ဖြစ်စေပါတယ်။