လက်ရှိပိုင်ဆိုင်ထားရတဲ့ relationship မှာ လုံးဝမပျော်တော့ဘူး၊ စိတ်ညစ်နေရတယ်ဆိုရင် သင်ကိုယ်တိုင် toxic relationship ထဲကိုရောက်နေရပြီလားဆိုတာ ဒီအချက်တွေနဲ့ တိုက်စစ်ကြည့်လို့ရပါတယ်။

သင့်သူငယ်ချင်းတွေနဲ့အပြင်ပေးမသွားခြင်း

သင့်ရည်းစားက သင် အပြင်သွားတာတွေကို လိုက်ချုပ်ချယ်နေပြီး သူငယ်ချင်းတွေနဲ့ပါ အပြင်ပေးမသွားတာတွေ၊ သွားရင် ပြဿနာရှာတာမျိုးတွေ အမြဲတမ်းဖြစ်နေရင် ကြာလာတဲ့အခါ toxic ဖြစ်လာပါတယ်။ သူနဲ့တွဲရတာ မွန်းကြပ်တယ်၊ ချုပ်ချယ်ခံရတယ်လို့ ခံစားလာရပါလိမ့်မယ်။

သင့်ပိုက်ဆံအိတ်ကအစ control လုပ်ခံနေရခြင်း

အရမ်းဆိုးတဲ့ toxic relationship တွေဆိုရင် မိဘကတောင် မစိုးမိုးတဲ့ ကိုယ့်ရဲ့ပိုက်ဆံအိတ်ကအစ လိုက် control လုပ်နေတာမျိုး၊ ကိုယ့်ပိုက်ဆံဘယ်လောက်ရှိလဲ စစ်မေးပြီး သုံးတာတွေ၊ ဝယ်တာတွေကအစ အသေးစိတ်လိုက်မေးပြီး ပြောဆိုနေတာမျိုး၊ ပြဿနာရှာတာမျိုးတွေ ရှိပါတယ်။ ယူပြီးရင်တောင် ဒီလိုမျိုးတွေ မလုပ်သင့်တာကို ရည်းစားဘဝမှာထဲက လုပ်နေပြီဆိုရင် ခံရတဲ့သူအတွက် တော်တော်စိတ်ဆင်းရဲစရာဖြစ်စေပါတယ်။

သင့်ဖုန်းကိုပါ control လုပ်ခံနေရခြင်း

လူတိုင်းမှာ ကိုယ့် privacy နဲ့ကိုယ်ရှိပါတယ်။ ဘယ်လောက်ပဲ ရည်းစားဖြစ်နေပါစေ ပိုင်စိုးပိုင်နိုင်နဲ့ ကိုယ့်ဖုန်းကိုယူပြီး လုပ်ချင်တိုင်းလုပ်တာမျိုး၊ စစ်ဆေးနေတာမျိုးတွေ မလုပ်သင့်ပါဘူး။ တချို့ဆိုရင် ရည်းစားကို ချစ်လို့၊ စိတ်မချလို့ဆိုတဲ့ ခေါင်းစဉ်တွေတပ်ပြီး ဖုန်းကို ခြေရာခံတာမျိုးတွေပါ လုပ်တတ်ကြပါတယ်။ ဒါမျိုးကျ တကယ့်ကို toxic ဆန်ပါတယ်။

အဝတ်အစားကအစ control လုပ်ခံနေရခြင်း

Toxic relationship ဖြစ်နေပြီလို့ပြောလို့ရတဲ့ထဲမှာ ကိုယ့်အဝတ်အစားတွေကအစ control လုပ်ခံနေတဲ့ကိစ္စလည်း ပါပါတယ်။ ရည်းစားမို့ သဝန်တိုလို့ ဟိုပေါ်ဒီပေါ်တွေမဝတ်ရဘူးဆိုတာလောက်က လက်ခံပေးလို့ရပေမယ့် သူကြိုက်တဲ့ ဘာကိုဝတ်ပါ။ ဘယ်လိုဟာမျိုးကိုတော့မဝတ်နဲ့။ ဟိုလိုမလုပ်နဲ့ ဒီလိုမလုပ်နဲ့ စသဖြင့် အကုန်လိုက်ပြောပြီး သူ့စိတ်တိုင်းကျ control လုပ်နေတာမျိုးက အရမ်းမွန်းကြပ်စရာဖြစ်ပါတယ်။

သင့် best friend တွေနဲ့ပါ သဝန်တိုခံရခြင်း

ကိုယ့်ရဲ့ best friend တွေနဲ့ပါ သဝန်တိုပြီး ပြောဆိုနေတာမျိုးတွေ၊ အမြဲတမ်းပြဿနာရှာနေတာမျိုးတွေ၊ လူရှေ့မှာပဲ ပြောဆိုပြဿနာရှာတာမျိုးတွေက ကြာရင် ကိုယ်ပဲအရှက်ရပြီး သိက္ခာကျပါတယ်။

သင့်စိတ်ထဲမှာရှိတဲ့အတိုင်းထုတ်ပြောရမှာကြောက်နေခြင်း

အဆိုးဆုံးကတော့ ကိုယ်တိုင်က toxic relationship ထဲ ရောက်နေပြီဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်ပြီး တစ်ခုခုဆိုရင် ပြဿနာရှာခံရမှာစိုးလို့ ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်းတောင် ထုတ်မပြောရဲတော့ဘူး၊ ထုတ်ပြောရမှာကို တွေးကြောက်လာပါတယ်။