ချစ်သူရည်းစားအသစ်တစ်ယောက်ရတာဟာ ရင်ခုန်ဖို့ကောင်းသလို ပျော်ဖို့လည်းကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်မဝနိုင်အောင် ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် ရေရှည်အထိ လက်တွဲဖို့ဆိုရင်တော့ သိထားရမယ့်အရာတွေ အများကြီးရှိနေပါတယ်။

စိတ်နေစိတ်ထား၊ အမူအကျင့်တွေကို အချိန်ပေးပြီး စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ချစ်သူရည်စားက ကိုယ့်ကို အသည်းခွဲသွားတာတွေ မဖြစ်အောင် တကယ်လို့ အသည်းကွဲခဲ့ရင်လည်း နာကျင်ခံစားနေရတာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

ဒီနေ့ ဘယ်လိုအချက်တွေက သင်ဟာ အသည်းကွဲကျန်ရစ်မလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။

ကိုယ်ပိုင်ဘဝကို ပစ်ပယ်ထားတာ

ချစ်သူရည်းစားစပြီး ထားတဲ့အချိန်မှာ လူတော်တော်များများက သူတို့ရဲ့အချိန်တွေကို ချစ်ရတဲ့သူနဲ့ပဲ ကုန်ဆုံးချင်ကြတာပါ။ ရည်းစားကို အချိန်ပိုပေးနိုင်အောင် သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ်ကြတယ်။ တစ်ချို့ဆိုရင် မိသားစုနဲ့တောင် အဆက်အသွယ်မလုပ်ကြဘူး။

ဒီလိုလုပ်ခြင်းက သင့်အတွက်မကောင်းပါဘူး။ တစ်ချို့သော သူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုံးဝပြတ်သွားနိုင်သလို တစ်ချို့သော သူငယ်ချင်းတွေကလည်း အဝေးကို ပြောင်းရွှေ့သွားနိုင်တာကြောင့် သူငယ်ချင်းမရှိတော့ပဲ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုရင် သင့်ရဲ့ ပါတနာက သင့်အပေါ် စိတ်ဝင်စားမူ လျှော့ကျသွားနိူင်ပါတယ်။

မကောင်းတဲ့အကျင့်တွေကို သည်းခံပေးနေခြင်း

ကိုယ်ပိုင်အချိန်တွေကို မလေးစားပေးတာ၊ ထိခိုက်စေတဲ့ ဟာသတွေပြောတာ၊ တခုခုဖြစ်ရင် ပြတ်စဲမယ်ဆိုပြီး ချိန်းခြောက်စကားပြောတာ၊ နာမည်တပ်ပြီးခေါ်တာ၊ ဒေါသကြီးတာ၊ ချိန်းထားတဲ့နေရာကို အမြဲတမ်းနောက်ကျပြီးမှရောက်လာတာ၊ အတူရှိနေချိန်မှာ ဖုန်းကိုပဲကြည့်နေတာ၊ သင့်ရဲ့ ကိုယ်ပိုင်အမြင်တွေကို မလေးစားတာ စတဲ့အကျင့်ရှိသူတွေကို ဝေးဝေးက ရှောင်နိုင်ရင် အကောင်းဆုံးပါ။

အကယ်၍ အဆိပ်လိုဆက်ဆံရေးမျိုးဖြစ်နိူင်လာတဲ့ အပေါ်ကအချက်တွေကို အချိန်အကြာကြီး လျစ်လျူရှုထားမယ်ဆိုရင် မိမိကို ဆိုးရွားစွာဆက်ဆံနေတဲ့ လူတစ်ယောက်အတွက် အချိန်တွေအားအင်တွေ အများကြီး ပေးခဲ့ရတာကို တစ်နေ့ကျရင် သင်သိလာပါလိမ့်မယ်။

အတိတ်ကအကြောင်းတွေ ပြန်ဖော်တာ

အတိတ်ကို အတိတ်မှာပဲထားခဲ့တာအကောင်းဆုံးပါ။ အတိတ်က အကြောင်းဆိုတဲ့နေရာမှာ သင့်ရဲ့ ex အကြောင်းတွေ၊ ပြီးတော့ အရင်ကရည်းစားနဲ့အခုရည်းစားကို နှိုင်းယှဉ်တာ၊ ပြီတော့ အရင်က Relationship တွေမှာရှိခဲ့တဲ့ သင့်ရဲ့အကျင့်ဟောင်းတွေကို ပြန်ဖော်ပြောနေခြင်းဟာ ကောင်းတဲ့အကျင့်မဟုတ်ပါဘူး။

အရင် ex တွေအကြောင်း ခဏခဏပြောနေခြင်းက သင့်ရဲ့ယခု ရည်းစားကို စိတ်ပျက်စေမှာအမှန်ပါ။ ပြီးတော့ ယခု ရည်းစားက အရင်ရည်းစားနဲ့ နှိုင်းယှဉ်လာနိူင်ပါတယ်။ ဒါဆိုရင် သင်တို့ရဲ့ Relationship ဟာ ပျော်ရွှင်ဖို့ ရာခိုင်နှုန်းနည်းသွားပါပြီ။

ကိုယ်မဟုတ်တဲ့လူတစ်ယောက်အဖြစ် ဟန်ဆောင်နေတာ

လူတော်တော်များများက လက်ရှိထက်ပိုပြီး ကြည့်ကောင်းချင်ကြတဲ့ လူတွေချည်းပါပဲ။ ဒါကြောင့် မိမိမှာရှိတဲ့ အရည်အချင်း (သို့) ရုပ်ရည်ထက် ပိုပြီးသာလွန်တယ်ထင်ရအောင် တက်နိူင်သမျှ ဟန်ဆောင်ပြီးနေတက်ကြတယ်။ ဒါပေမယ့် အချိန်အကြာကြီး ဟန်မဆောင်နိုင်ပါဘူး။ ဒါပေမယ့် တစ်ချို့လူတွေက အဖြူရောင်မုသားတွေဟာ Relationship အပေါ်ထိခိုက်မူမရှိဘူးလို့ ယူဆတာကြောင့် အမှန်တရားတွေကို မပြောဘဲ နေတက်ကြတယ်။

ကိုယ်ချစ်တဲ့လူအပေါ် လိမ်ထားတာ (သို့) လျှို့ဝှက်ချက်တွေ ထိန်းချန်ထားတာဟာ အချိန်ကြာလာရင် မကောင်းနိုင်ပါဘူး။ ပြီးတော့ အလိမ်အညာတွေနဲ့ တည်ဆောက်ထားတဲ့ Relationship ဟာရေရှည်သွားလို့ မရနိုင်ပါဘူး။