အချစ်ရေးမှာ ခဏလေးတွဲလိုက်ပြတ်လိုက်ဖြစ်ပြီး အချစ်ရေးကံမကောင်းကြတာတွေကို တွေ့ဖူးကြမှာပါ။ တစ်ခါတစ်လေကျတော့လည်း အချစ်ရေးကံကောင်းတယ်၊ မကောင်းဘူးဆိုတာ ကိုယ်နဲ့အများကြီးသက်ဆိုင်နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချက်တွေကို သင့်ရဲ့Relationshipမှာ လုပ်နေမိတတ်တယ်ဆိုရင် သင့်အချစ်ရေးဟာ ခဏလေးနဲ့ပြတ်တောက်သွားဖို့ ရာခိုင်နှုန်းတော်တော်များပါတယ်နော်။ ဒါကြောင့် သင်ရော ဒီအချက်တွေကို ပြုလုပ်မိနေသလားဆိုတာကို ဆန်းစစ်ကြည့်လိုက်ပါ။ ဒီအချက်တွေကြောင့်လည်း သင့်အချစ်ရေးမှာ ကံခေတတ်တာမျိုး ဖြစ်နိုင်ပါတယ်နော်။

သံသယစိတ်လွန်ကဲခြင်း

ကိုယ့်ရည်းစားအပေါ်မှာ အမြဲတမ်းသံသယစိတ်လွန်ကဲနေရင်လည်း တစ်ဖက်လူက စိတ်ပျက်လာမှာပါ။ သံသယစိတ်လွန်ကဲလွန်းတာ၊ တစ်ခုခုဆို စွပ်စွဲပြောဆိုတတ်တာတွေက အချစ်ရေးကို မတည်မြဲစေပါဘူး။

Exတွေနဲ့ အမြဲနှိုင်းယှဉ်ပြောဆိုခံရခြင်း

ရည်းစားဟောင်းတွေနဲ့ အမြဲနှိုင်းယှဉ်ပြီးပြောဆိုတာမျိုးကို လူတိုင်းမကြိုက်ပါဘူး။ ဒီလိုအမြဲပြောတတ်တဲ့သူတစ်ယောက်ကိုလည်း ကြာလာရင်စိတ်ပျက်လာပါလိမ့်မယ်။

အရမ်းControl လုပ်ခြင်း

တစ်ဖက်လူကို လိုတာထက်ပိုပြီး Control အရမ်းလုပ်တာမျိုး၊ ချုပ်ချယ်တာမျိုး၊ အရာရာကိုလိုက်ပိတ်ပင်တာမျိုးကို အရမ်းလုပ်ရင်လည်း အဆင်မပြေဖြစ်နိုင်ပါတယ်။

အပေါ်စီးကနေ အမြဲဆက်ဆံခံရခြင်း

ကိုယ့်ရည်းစားအပေါ်မှာ အမြဲအထက်စီးကနေဆက်ဆံပြီး စကားအပြောအဆိုရင့်တာမျိုး၊ ဒေါသအရမ်းကြီးပြီး ကိုယ်ထိလိုက်ရောက်လုပ်တတ်တာမျိုး၊ လူရှေ့ဆို အော်ငေါက်တတ်တာမျိုးတွေ သင့်မှာရှိနေရင်လည်း အချစ်ရေးမတည်မြဲပါဘူး။

တည်တည်ငြိမ်ငြိမ်မရှိခြင်း

ရည်းစားရသွားလည်း တည်တည်ငြိမ်ငြိမ်မနေပဲ မိန်းကလေးတွေနဲ့ရောနှောပတ်သက်တာမျိုး (သို့) ယောင်္ကျားလေးတွေနဲ့ ရောနှောပတ်သက်ပြီး Single ဘဝတုန်းကလိုပဲနေတာမျိုးတွေကြောင့်လည်း အချစ်ရေးအဆင်မပြေဖြစ်နိုင်ပါတယ်။