စကားလုံးတွေက ကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖြစ်စေနိုင်တဲ့ တကယ်အစွမ်းထက်တဲ့ လက်နက်ပါ။ လူတစ်ယောက်ပြောလိုက်တဲ့စကားလုံးတွေက တဖက်သားကို ပျော်သွားစေနိုင်သလို ထိခိုက်စေနိုင်တဲ့ စွမ်းအားရှိပါတယ်။

နှုတ်နဲ့စော်ကားခြင်းရဲ့ဆိုးကျိုးများက ကိုယ်ထိလက်ရောက်စော်ကားမှုလို ဆိုးရွားနိုင်ပါတယ်။ မိမိကိုယ်ကို အထင်ကြီးလေးစားမှု ကျဆင်းသွားခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဒဏ်ရာရခြင်း စတဲ့ ဖိစီးမှုရောဂါလက္ခဏာစုများအထိ ဖြစ်စေနိုင်ပါတယ်။

ဒီလက္ခဏာတွေကတော့ သင့်လက်တွဲဖော်က သင့်ကိုနှုတ်နဲ့စော်ကားနေတယ်ဆိုတာ ပြသနေတဲ့ လက္ခဏာတွေပါ။

သင့်ချစ်သူက သင်ပြောသမျှကို ကဲ့ရဲ့မှာကြောက်ပြီး သင့်ကိုယ်သင် လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုဖို့ ကြောက်ရွံ့နေရတာပါ။

သင့်ရဲ့ လိင်၊ ဘာသာရေး၊ နောက်ခံ သို့မဟုတ် လူမျိုးရေးစတာတွေနဲ့ မကြာခဏဆိုသလို ပုတ်ခတ်ပုတ်ခတ်ပြောဆိုခံနေရပြီဆိုရင် ဒါကသင့်ကို နှုတ်နဲ့စော်ကားတာနဲ့အတူတူပါပဲ။

အသေးအမွှားစော်ကားမှုတွေ ဝေဖန်မှုတွေကနေ စတင်လာပြီး တဖြည်းဖြည်းနဲ့ ကြမ်းတမ်းပြီး ယုတ်ညံ့တဲ့ အသုံးအနှုန်းတွေသုံးလာတာကလည်း နှုတ်နဲ့စော်ကားခြင်းပါပဲ။

စကားလုံးကို အာဏာအနေနဲ့သုံးပြီး တစ်ယောက်နဲ့တစ်ယောက် လွှမ်းမိုးချုပ်ကိုင်လိုတဲ့ ဆက်ဆံရေးတွေမှာ နှုတ်နဲ့စော်ကားတာတွေ ပေါ်ပေါက်နိုင်ပါတယ်။

အော်ဟစ်ပြောဆိုတာက နှုတ်နဲ့စော်ကားတာလို့ အများကသတ်မှတ်ထားကြပေမယ့် ဒီတစ်ခုတည်းမဟုတ်ပါဘူး။ အရှက်ခွဲတာ၊ ခြိမ်းခြောက်တာ ၊ ရည်ရွယ်ချက်ရှိရှိ ပြောဆိုတာ သို့မဟုတ် သံသယနဲ့ပြောဆိုတာ တို့ကလည်း နှုတ်နဲ့စော်ကားတာပါပဲ။