အချစ်စစ်ဆိုတာ ခံစားချက်သက်သက်မဟုတ်ပါဘူး။ မျက်လုံးနဲ့လည်းမြင်ရပါတယ်။ သင့်ရဲ့ချစ်သူက သင့်ကို ဘယ်လောက်ထိချစ်လဲ သိချင်လား။ ဒီဆောင်းပါးကို ဆုံးအောင်ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးမှာ လူတစ်ယောက်က ကြွေလောက်အောင် လုံးဝချစ်မိနေပြီဆိုရင် လုပ်တတ်လေ့ရှိတဲ့ အမူအကျင့်တွေကို စုစည်းတင်ပြထားပါတယ်။

သူတို့ရဲ့ အစားအစာတွေကို ဝေမျှတယ်

လူအများစုက အချစ်သာဝေမျှပြီးစားမယ်။ သူတို့ရဲ့ အစားအသောက်တွေကိုတော့ လုံးဝအထိလေ့ရှိတဲ့ လူမျိုးတွေ မဟုတ်ဘူး။ ဒါကြောင့် သင့်ချစ်သူက သူရဲ့ အစားအသောက်တွေ ကျွေးမယ်၊ ဆိုင်မှာ သွားစားတဲ့အချိန် သူ့ပန်းကန်ထဲက အစာတွေကိုနှိုက်စားရင်တောင် ဘာမှမဖြစ်ဘူးဆိုရင်တော့ သေချာပါတယ်။ သူသင့်ကို လုံးဝချစ်မိနေပါပြီ။

အသံဖိုင်တွေ ချန်ထားလေ့ရှိတယ်

အခုခေတ်က online ခေတ်ဆိုတော့ လူတော်တော်များများက online ပေါ်ကနေ ဆက်သွယ်စကားပြောကြတာများပါတယ်။ ဒါပေမယ့် စာရေးပြီး ဆက်သွယ်စကားပြောတာက အသံဖိုင်ချန်ပြီး စကားပြောတာလောက် ကြည်နူးဖို့မကောင်းပါဘူး။

နောက်တခါ သင့်ရဲ့ချစ်သူက အသံဖိုင်ပို့လာရင် သေချာနားထောင်ပေးလိုက်ပါ။ အသံဖိုင်ပို့ဖို့ဆိုတာ အချိန်ယူရသလိုအသံ ကြည်ကြည်လင်လင် ကြားရအောင် ဆိတ်ငြိမ်တဲ့ နေရာဆီ သွားရပါသေးတယ်။ သင့်ကိုမချစ်တဲ့သူတယောက်က ဒီလိုအားထုတ်မှုမျိုးတွေ လုပ်မှာလား။

သူတို့ရဲ့ဖုန်းကိုအရမ်းကြီး ဂရုစိုက်လေ့မရှိဘူး

စုံတွဲတွေကို ကြည့်လိုက်ပါ။ တော်တော်များများက သူတို့ရဲ့ ဖုန်းတွေကို password တွေနဲ့ ကာကွယ်ထားကြတယ်။ သူတို့ရည်းစားတွေ ဖုန်းယူကြည့်မှာကို အဏုမြူဗုံး ပေါက်ကွဲမှာထက်တောင် ကြောက်ကြတယ်။

ဒီလိုလုပ်တာက သူ့ဆီမှာ သင့်ဆီကနေ ဖုံးကွယ်စရာတွေရှိနေလို့ပါ။ ဒါက relationship တစ်ခုမှာ ယုံကြည်မှုတည်ဆောက်ဖို့အတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။

ဒီလိုမျိုးပြောလို့ ရှိသမျှ social media အကောင့်တွေရဲ့ passwords တွေအကုန် သင့်ကို ပေးသိရမယ်လို့ မထင်ပါနဲ့။ ဘာလို့လဲဆိုတော့ လူတိုင်းမှာ privacy (ကိုယ်ရေးကိုတာ ကိစ္စ) ဆိုတာ ရှိကြပါတယ်။ ဒါကိုတော့ လေးစားရပါမယ်။

သူတို့ရဲ့အကျင့်တွေ ပြောင်းလဲလာမယ်

အကျင့်ဟောင်းတွေက ဖျောက်ရခက်ပါတယ်။ အချစ်အတွက်နဲ့တော့ ကိုယ့်ရဲ့ personality ကို ပြောင်းလဲပစ်ဖို့မလိုအပ်တာတော့ အမှန်ပါ။ သင်ကညဆိုရင် ရုပ်ရှင်ကြည့်တတ်ပြီးနောက်ကျမှ အိပ်တဲ့သူဆိုပါစို့။ သူကတော့ ညအစောကြီးအိပ်တတ်တဲ့ အကျင့်ရှိတယ်ထား။ ဒါပေမယ့် သင်နဲ့စကားပြောဖို့ ဒါမှမဟုတ် သင်နဲ့တချိန်တည်းမှာ အိပ်ယာဝင်ချင်လို့ သူ့ရဲ့ အိပ်ချိန်ကို ပြောင်းလဲလိုက်ပြီလား။ ဒါဆိုရင်တော့ သင်က ကံကောင်းတဲ့သူပါပဲ။ ယောကျ်ားလေးတွေက ပုံမှန်ဆို သူတို့ရဲ့အကျင့်တွေကို ပြင်လေ့ပြင်ထမရှိပါဘူး။