ခြေရှုပ်တတ်တဲ့လူက ဘယ်လောက်ပဲ ကောင်းအောင်ထားထား အချိန်တန်ရင်တော့ ဗီဇက ပြလာကြတာပါပဲ။ သင့်အနေနဲ့ သင်တို့နှစ်ယောက်တည်ဆောက်ထားတဲ့အချစ်ရေးမှာ လိုအပ်ချက်မရှိအောင်ထားပါစေ ဖောက်ပြန်တတ်တဲ့သူကတော့ ဖောက်ပြန်မှာပါပဲ။

ဒီတစ်ခေါက်မှာတော့ သင့်ချစ်သူ နောက်တစ်ယောက်ခြေရှုပ်နေပြီဆိုရင် ပြောင်းလဲလာတဲ့ အမူအကျင့်တွေကို သတိထားမိစေဖို့ပြောပြပေးချင်ပါတယ်။

(၁) အနေဝေးလာမယ်

အတူတူရှိနေတဲ့အချိန်တွေမှာတောင် အနေဝေးသလိုခံစားလာရမယ်။ အေးတိအေးစက် သူစိမ်းတစ်ယောက်လို ခံစားချက်မျိုး ခံစားလာရမယ်။ ချစ်သူတွေစဖြစ်တဲ့အချိန်ကလို ခံစားချက်မျိုး သူ့မှာမမြင်ရတော့ဘူးဆိုရင် နောက်တစ်ယောက်တွေ့နေပြီဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။

(၂) စာပြန်တဲ့အချိန်ကြာလာမယ်

ချစ်သူရည်းစားအများစုအတွက် ပေါင်းကူးတံတားက ဆိုရှယ်မီဒီယာတွေပါပဲ။ ဆိုရှယ်မီဒီယာတွေပေါ်ကနေပဲ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ကြတယ် စကားတွေပြောကြပါတယ်။ ဒါပေမယ့် အရင်က သင်နဲ့သူ စကားပြောရင်အကြာကြီး Reply ပြန်ဖို့ မစောင့်ရပေမယ့် တဖြည်းဖြည်း Reply ပြန်ဖို့ စောင့်နေရမယ်။ မေးလိုက်ရင်လည်း ရေသောက်နေလို့ ရှုးပေါက်နေလို့ စသည်ဖြင့် အူကြောင်ကြောင်နိုင်တဲ့အဖြေတွေနဲ့ ဆင်ခြင်ပေးမယ်ဆိုရင်တော့ သူ့မှာ Chat စရာလူရှိနေလို့ ဖြစ်နိုင်ပါတယ်။

(၃) ဖုန်းကို လက်ကမချ ဖြစ်နေမယ်

သင်နဲ့အတူတူတွေ့တဲ့အချိန်မှာ ဖုန်းကိုလက်ကမချဖြစ်နေလား တစ်ချက်သတိထားကြည့်ပါ။ ရိုးသားတဲ့သူတစ်ယောက်ဆိုရင် သူဖုန်းထဲကို Sms စာတိုတွေဝင်တာ ဖုန်းခေါ်လာမှာ စသည်ဖြင့် ကြောက်နေမှာမဟုတ်ပါဘူး။ တစ်ဖက်မှာလည်း တတိယလူ တစ်ယောက်ရှိနေပြီဆိုရင်တော့ သင့်နဲ့အတူရှိနေတဲ့အချိန် ဖုန်းဝင်လာမှာ Sms စာတို့တွေ ဝင်လာမှာကြောက်လန့်စိုးရွံနေတဲ့ အမူအရာတွေတွေ့နေရပြီဆိုရင်တော့ သင်နဲ့ အတူမရှိတဲ့အချိန်မှာ အချိန်မှန်ဖုန်းခေါ်နေတဲ့သူတစ်ယောက်ရှိနေလို့ ဖြစ်နိုင်ပါတယ်။

(၄) အပြင်သွားဖို့ငြင်းလာမယ်

သာမာန်ချစ်သူစုံတွဲတွေ ဒိတ်ကြတယ် အပြင်လျောက်သွားကြတယ်ဆိုတာ သဘာဝပါ။ ဒါပေမယ့် သင်က အပြင်သွားဖို့ ခေါ်လိုက်တိုင်း အကြောင်းပြချက်တစ်ခုခုပြပြီး ငြင်းဆိုနေမယ်ဆိုရင်တော့ အပြင်မှာသင်နဲ့ တွဲသွားလို့ အဆင်မပြေနိုင်တဲ့ အရာတစ်ခုခုရှိနေလို့ပါ။ ဇာတ်ရှုပ်ထားတဲ့သူ တစ်ယောက်အနေနဲ့ ဘယ်သွားသွားနောက်ကျောမလုံဖြစ်နေမှာ သေချာပါတယ်။