မိန်းကလေးတွေရဲ့ အိမ်မက်ဟာ ကိုယ်ချစ်တဲ့သူ၊ ကိုယ်နှစ်အကြာကြီး လက်တွဲလာခဲ့တဲ့သူနဲ့ပဲ ဘဝကိုဖြတ်သန်းချင်ကြတာပါ။ အရင်တုန်းကတော့ နှစ်အကြာကြီးတစ်ယောက်နဲ့ တစ်ယောက်လေ့လာကြပြီး ယောကျ်ားလေးဖြစ်သူက လက်ထက်ခွင့်တောင်းကြတဲ့ ထုံးစံရှိပါတယ်။

သို့ပေမယ့် ယခုအခါမှာတော့ ၅ လ ၊ ၆လလောက်ကြိုက်ပြီး လက်ထက်ကြတဲ့သူတွေရှိသလို ၇နှစ် ၈နှစ်ကြာလောက်တွဲပြီးမှ ပြတ်သွားတဲ့ ဆက်ဆံရေးတွေလည်းရှိကြပါတယ်။ အဓိက ကတော့ ကိုယ်လက်တွဲမယ်လို့ ဆုံးဖြတ်ပြီးနှစ်အကြာကြီးတွဲခဲ့ရင်တော့ အဲ့လူကိုပဲ တန်းဖိုးထားတတ်ဖို့ပဲလိုပါတယ်။

တွဲတဲ့နှစ်ကြာလာလေလေ ဒီလိုမေးခွန်းတွေကို ကြုံတွေရလေလေ ဖြစ်ပါတယ် ဘယ်တော့စားရမှာလဲ၊ ဖိတ်စာဘယ်တော့ ရမှာလဲ စသဖြင့် ပတ်ဝန်းကျင်က ဖိအားတွေကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအမေးခံရတာများလေ မိန်းကလေးတွေရဲ့ စိတ်မှာ လက်ထက်ဖို့ကို မျှော်လင့်လာလေပဲ ဖြစ်ပါတယ်။ ယောကျ်ားလေးဖက်က ကိုယ့်ကို ဘယ်အချိန် လက်ထက်ခွင့်တောင်းမလဲဆိုတာကို အချိန်နဲ့တိုင်းတာရရင် ၂ နှစ်ကနေစပါတယ်။ တစ်ယောက်နဲ့ တယောက်တော့မတူနိုင်ပါဘူး။

ဒါ့ကြောင့် ကိုယ်တွဲနေတဲ့ချစ်သူက ကိုယ့်အပေါ် မြတ်နိုးတန်ဖိုးထားပြီး လက်ထပ်ခွင့်တောင်းတော့ မလားဆိုတဲ့ လက္ခဏာတွေကို ကြိုသိရအောင် ပြောပြပေးချင်ပါတယ်။ ဒီအကြောင်းအရင်းတွေကြောင့်ပဲ ယောကျ်ားလေးတွေဟာ လက်ထပ်ခွင့်တောင်းဖို့ ရာခိုင်နှုန်းများလာခြင်းပဲဖြစ်ပါတယ်။

သူ အချစ်ရဆုံး Bro အများစုဟာ အိမ်ထောင်ကျသွားတဲ့အခါမျိုး

စကားမစပ်ပဲ Future Plan ကိုခဏခဏပြောလာတာမျိုး

သူများ မင်္ဂလာဆောင် အရေးကိစ္စတွေမှာ ပိုစိတ်ဝင်စားလာတာမျိုး

သင်နဲ့ အတူတူ ခွေး ဒါမှမဟုတ် အခြား အိမ်မွေး တရိစ္ဆာန် မွေးချင်လာတာမျိုး

လက်စွပ်နဲ့ပတ်သက်ပြီး သင့်အကြိုက်ကို မေးလာတာမျိုး

ကိုယ်ရည်းစာဟာ ကိုယ်မသိပဲ ကောင်းတာဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် တစ်ခုခုကြိတ်စီစဉ်နေကြောင်း Common Sense မျိုးတွေကို မိန်းကလေးတိုင်း ခံစားသိတတ်ပါတယ်။

Featured Image Source: Hunter and Sarah Photography