အိုင်အိုဒင်းက ကျွန်မတို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ဒီဓာတ်က သိုင်းရွိုက်ဟော်မုန်း(လည်ပင်းနဲ့ဆိုင်တဲ့) ထုတ်လုပ်ခြင်းအတွက် လိုအပ်ပါတယ်။ ကျွန်မတို့ ခန္ဓာကိုယ်က ကိုယ့်နည်းကိုယ်ဟန်နဲ့ သိုင်းရွိက်ဟော်မုန်းကို မထုတ်နိုင်ပါဘူး။ ပင်လယ်ရေမှော်၊ ဥအမျိုးမျိုး နို့ထွက်ပစ္စည်းတွေကို စားပေးရပါတယ်။ အိုင်အိုဒင်းချို့တဲ့မှုက သင့်အတွက် မကောင်းတဲ့ လက္ခဏာတွေကို ဖြစ်ပွားစေပါတယ်။ မကုဘဲထားရင် ကင်ဆာရောဂါ နှလုံးရောဂါအထိ ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့်အိုင်အိုဒင်းချု့ိတဲ့မှုဖြစ်ရင် ဘယ်လိုလက္ခဏာတွေပေါ်တတ်လဲ အားလုံး ဗဟုသုတရဖို့ ဖော်ပြပေးလိုက်ပါတယ်။ အောက်မှာပြောထားတဲ့ လက္ခဏာတွေထဲက တစ်ခုခုနဲ့ရင်ဆိုင်နေရရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

၁၀။ ဆံပင်နဲ့ အရေပြားပြဿနာ

ဆံပင်အလွန်ကျွတ်တာနဲ့ ခြောက်သွေ့ပြီးယားယံတဲ့အရေပြားက အိုင်အိုဒင်းချို့တဲ့မှုကို ဦးတည်သွားနိုင်ပါတယ်။ အိုင်အိုဒင်းက အရေပြားအစိုဓာတ်ကို ထိန်းညှိပေးပါတယ်။ ဒီဓာတ်က အနာတွေ အမာရွတ်တွေဖြစ်ရင် အပျောက်မြန်ပါတယ်။ အရေးကြောင်းဖြစ်ပေါ်မှုကိုလည်း နှေးကွေးစေပါတယ်။ ရှည်လျားတောက်ပတဲ့ဆံကေသာအတွက် အိုင်အိုဒင်းဓာတ်က မရှိမဖြစ်အရေးကြီးပါတယ်။ သူ့အာနိသင်က Hair Follicle အသစ်ပြန်ဖြစ်စေပါတယ်။ ကူးစက်ပိုးဝင်ရောက်တာကနေ ကာကွယ်ပေးပါတယ်။

၉။ အအေးမခံနိုင်ခြင်း

သိပ်လည်းမအေးဘဲနဲ့ စောင်အထပ်လိုက်ခြုံနေရလား။ တခြားသူတွေ ပေါ့ပေါ့ပါးပါး ဝတ်တဲ့အချိန်မှာ သင်က အလွန်အေးတတ်နေပါတယ်။ ဒီလိုဆိုရင်တော့ သင်က အိုင်အိုဒင်းချို့တဲ့နေပါပြီ။ အိုင်အိုဒင်းက ဇီဝဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ ဒီအကြောင်းကြောင့် လိုအပ်တဲ့ အနွေးဓာတ်ကို မရဘဲ အားအင်နည်းနေတာပါ။

၈။ ရုတ်တရက်ဝိတ်တတ်လာတာ

ဇီဝဖြစ်စဉ်နှေးကွေးတာက ကိုယ်အလေးချိန် အမြောက်အမြားတက်လာစေပါတယ်။ ဒီလိုနှေးကွေးတာက ကယ်လိုရီလောင်ကျွမ်းစေမှုနည်းပါးပြီး အဆီအဖြစ်သိုလှောင်လိုက်ပါတယ်။

၇။ မောပန်းပြီး အားနည်းခြင်း

သွိုင်းရွိက်ဟော်မုန်းနည်းတဲ့ လူ ၈၈ ရာခိုင်နှုန်းလောက်မှာ ဒီပြဿနာရှိပါတယ်တဲ့။ သင်လုပ်နေကျအရာတွေ ဆောင်ရွက်တဲ့အချိန်မှာ မောပန်းနေတာမျိုး၊ အိပ်ရေးဝပါရက်နဲ့ ပင်ပန်းနေတာမျိုးဟာ အိုင်အိုဒင်း ချို့တဲ့နေတာပါ။ အားအင်မလုံလောက်ဘဲ တက်တက်ကြွကြွမရှိဖြစ်နေတတ်ပါတယ်။

၆။ သင်ယူခြင်းနဲ့ မှတ်ဉာဏ်ပြဿနာ

၂၀၁၄ မှာပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ သွိုင်းရွိက်ဟော်မုန်းနည်းတာက Hippocampus ဆိုတဲ့အဓိတ်အပိုင်းကို ပိုသေးစေပါတယ်။ သူ့တာဝန်က အချိန်ကြာမှတ်ဉာဏ်ကို ထိန်းချုပ်တာပါ။ဒါကြောင့် အိုင်အိုဒင်းချို့တဲ့ရင် သင်ယူတာတွေ မှတ်သားတာတွေက ပြဿနာဖြစ်လာပါတယ်။ ဇီဝဖြစ်စဉ်နှေးကွေးတာက ဦးနှောက်ရဲ့ အချက်အလက်မှတ်သားနိုင်စွမ်းနဲ့ တုံ့ပြန်နိုင်စွမ်းတွေကို သက်ရောက်မှုရှိပါတယ်။

၅။ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း

စိတ်ဓာတ်ကျတာ စိုးရိမ်တာတွေက စိတ်အခြေအနေကြောင့် ဖြစ်တတ်တာလို့ ထင်ကြပါတယ်။ ဒီလိုထင်တာက မှားပါတယ်။ စိတ်ဓာတ်ကျတာနဲ့ သိုင်းရွိုက်မူမမှန်မှုက ဆက်စပ်နေပါတယ်။ ပုံမှန်ထက် စိတ်ဓာတ်ပိုကျတာမျိုး ဖြစ်နေရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

၄။ လည်ချောင်းနာခြင်း

ဒါကတော့ အဖြစ်အများဆုံး လက္ခဏာတစ်ခုဖြစ်ပါတယ်။ လည်ပင်းမှာ နာတဲ့ရောဂါကို လည်ပင်းကြီးရောဂါလို့ ခေါ်ကြပါတယ်။ ဒီရောဂါက သင့်သိုင်းရွိုက်ဂလင်း မူမမှန်စွာ ကြီးလာတဲ့အချိန်မှာဖြစ်တာပါ။ ခန္ဓာကိုယ်မှာ လုံလောက်တဲ့အိုင်အိုဒင်းမရှိရင် လည်ပင်းက လုံလောက်တဲ့ဟော်မုန်းဓာတ်ကို မထုတ်နိုင်တော့ပါဘူး။ သွေးထဲက ဓာတ်တစ်မျိုးကို စုပ်ယူဖို့ ပိုအားစိုက်ရပါတော့တယ်။ ဒီဖြစ်စဉ်က ဆဲလ်ပွားစေပြီး ပုံမှန်ထက် ပိုကြီးကာ လည်ပင်းနာတာဖြစ်လာပါတယ်။

၃။ ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တဲ့လက္ခဏာများ

ဒီပြဿနာကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ပိုသတိထားရပါမယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်တွေက ဒီဓာတ်ကို လိုအပ်သလို ဗိုက်ထဲက ကလေးကလည်း လိုအပ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းက ကလေးမမွေးခင် အရေးပါတဲ့ ဟော်မုန်းဖြစ်ပါတယ်။ အိုင်အိုဒင်းချို့တဲ့ရင် မွေးလာတဲ့ကလေးက ဦးနှောက်မဖွံ့ဖြိုးတာ အသိဉာဏ်ချို့တဲ့တာတွေဖြစ်နိုင်ပါတယ်။ အိုင်အိုဒင်းချို့တဲ့တာက ကလေးအသေမွေးတာ အထိဖြစ်နိုင်ပါတယ်။

၂။ နှလုံးခုန်နှုန်းနှေးခြင်း

အိုင်အိုဒင်းချို့တဲ့တာက နှလုံးနဲ့ပတ်သက်တဲ့  ပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီဓာတ်ချို့တဲ့တာက နှလုံးခုန်နှုန်းနှေးကွေးခြင်းကို ဖြစ်စေပါတယ်။ ဖော်ပြပါလက္ခဏာမျိုး ခံစားတဲ့သူဟာ ဖျားတာ မူးဝေတာတွေဖြစ်ပြီး မူးမေ့တာတွေဖြစ်စေပါတယ်။

၁။ ဝမ်းချုပ်ခြင်း

သိုင်းရွိုက်ဟော်မုန်းနည်းပါးတာက အစောချေစနစ်ကိုတောင် သက်ရောက်မှုရှိပါတယ်။ ဒီလိုဖြစ်တာက အစာအိမ်နဲ့ အူမကြီးလုပ်ဆောင်မှုကို အားနည်းစေပါတယ်။ ဒါကြောင့်လည်း ဝမ်းချုပ်ကြတာပါ။

MyStyle Myanmar ကိုအားပေးတဲ့ ပရိတ်သတ်အားလုံး အိုင်အိုဓင်းဓာတ်မျှတပြီး ကျန်းမာကြပါစေရှင်။

Source: Brightside.me