သင့်အနေနဲ့ ပျော်စရာကောင်းတဲ့ Relationship ကို ပိုင်ဆိုင်ထားတယ်ဆိုတာ ဒီအချက်တွေနဲ့တင် သိသာပါတယ်။ ဒီတော့ အခုလက်ရှိ Relationship က ဒီအချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင်တော့ သင့်ရွေးချယ်မှုမှန်ကန်ပြီး ပျော်စရာကောင်းတဲ့ Relationship ကို ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရပါတယ်။

ယုံကြည်မှုရှိနေခြင်း

Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိနေဖို့က အရမ်းအရေးကြီးပါတယ်။ ယုံကြည်မှုရှိနေရင် သံသယစကားတွေ၊ စွပ်စွဲတာတွေလည်း မရှိပဲ ပြဿနာနည်းစွာနဲ့ ပျော်ရွှင်နိုင်မှာပါ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိနေတော့ အရာရာစိတ်ချရပြီး စိတ်ချမ်းသာရတာပေါ့။

နားလည်မှုရှိနေခြင်း

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိရင် ဘယ်လောက်ချစ်ချစ် အဆင်မပြေပါဘူး။ ပြဿနာတွေများပြီး စိတ်ညစ်စရာကောင်းလာမှာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလည်းရှိတယ်၊ ယုံကြည်မှုလည်း ရှိတယ်ဆိုရင်တော့ တော်တော်လေးအဆင်ပြေပြီး ပျော်ရွှင်ရတဲ့ Relationship ဖြစ်နေပါပြီ။

Supporting Partner ရှိနေခြင်း

 

တစ်ယောက်ကျရှုံးချိန်မှာ တစ်ယောက်က ဖေးမပေးပြီး အတူတူကြိုးစားတာ၊ တစ်ယောက်နဲ့တစ်ယောက် Supporting ပေးတဲ့ Relationship မျိုးဆိုရင်လည်း ပျော်စရာကောင်းပါတယ်။ ကိုယ်ဘယ်လိုအခြေအနေရောက်ရောက် ကိုယ့်ဘေးမှာ ကိုယ့်ကို Supporting ပေးမယ့် Partner ရှိတယ်ဆိုတဲ့စိတ်နဲ့တင် အားဖြစ်စေမှာပါ။

တွေ့တဲ့အခါအမြဲစိတ်ပေါ့ပါးမှုရှိနေခြင်း

ဒီ Relationship မှာပျော်ရွှင်နေပြီဆိုရင် တခြားအခြေအနေကြောင့် စိတ်ညစ်စရာရှိနေရင်တောင် ကိုယ့် Partner နဲ့တွေ့ရပြီဆို စိတ်ညစ်စရာတွေမေ့ပြီး စိတ်ပေါ့ပါးမှုရှိနေတာမျိုး၊ ပျော်ရွှင်နေရတာမျိုး ဖြစ်နေပြီဆိုရင် သင့်ဟာ ပျော်စရာကောင်းတဲ့ Relationship ကို ပိုင်ဆိုင်ထားမှန်း သိသာပါတယ်။

အမြဲပျော်ရွှင်ပြီးစိတ်ချမ်းသာနေရခြင်း

ပျော်စရာကောင်းတဲ့ Relationship ကိုပိုင်ဆိုင်ထားတဲ့သူက အမြဲပျော်ရွှင်ပြီး စိတ်ချမ်းသာနေတာပါ။ စိတ်ချမ်းသာရင် မျက်နှာမှာပေါ်လွင်ပြီး မျက်နှာလေးလည်းကြည်ပြီး ပိုလှလာတာမျိုးလည်း သိသာပါတယ်။ ဒါကြောင့် ဒီအချက်အားလုံးနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ သင်က ပျော်စရာကောင်းတဲ့ Relationship ကို ပိုင်ဆိုင်ထားတဲ့သူ ဖြစ်နေပါပြီ။