အားလုံးပဲ မင်္ဂလာပါ။ MyStyle Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်လေးတွေထဲမှာ အချစ်ကို ယုံကြည်ကြတဲ့သူတွေပါလားရှင့်။ အချစ်ကိုခံစားခြင်းဟာ ကမ္ဘာပေါ်ရှိ ခံစားချက်တွေထဲမှာမှ အကောင်းဆုံးလို့တောင်ဆိုနိုင်ပါတယ်။

သူ့ကိုတွေ့ရင် ရင်ခုန်တယ်၊ အတူရှိနေချိန်တွေမှာ ပျော်ရွှင်နေမယ်၊ သူနဲ့အတူတူ ရှေ့ဆက်လျှောက်မယ့် အနာဂတ်ကို ကြိုတွေးနေမယ်ဆိုတာတွေကို မလိုချင်တဲ့သူ မခံစားမိတဲ့သူမရှိလောက်ပါဘူး။

အချစ်စစ်ဆိုတာကို ကိုယ်တကယ်လက်တွေ့မခံစားမိသေးသရွေ့တော့ ယုံကြမှာမဟုတ်ပါဘူးနော်။ ဒါကြောင့် ကိုယ်တစ်ကယ်ချစ်ရသူကို ကိုယ့်ကိုတစ်ကယ်ချစ်သူကို ရှာတွေ့ပြီဆိုတာ သိနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

အနားမှာ အမြဲရှိခြင်း

Source: foreigngirlfriend.com

ကိုယ်လိုအပ်ချိန်တိုင်းမှာ အနားမှာရှိနေပေးပြီး ဘယ်မှခွဲမသွားပါဘူး။ ကိုယ့်အပေါ်တကယ်ဂရုစိုက်ပြီး ကိုယ့်ဆီမှာဘာတွေဖြစ်နေလဲဆိုတာကို အမြဲအလေးထားနေသူတစ်ဦးပါ။ ဘဝဆိုတာဟာ မြင့်တစ်လှည့် နိမ့်တစ်လှည့်ရှိတဲ့အတွက်ကြောင့် ကိုယ့်အနားမှာအမြဲရှိနေပေးသူတစ်ဦးကို ပိုင်ဆိုင်ရတာဟာ တကယ်ကို ကောင်းတဲ့ဆုလဒ်တစ်ခုပါပဲ။

ယုံကြည်အားကိုးရခြင်း

Source: Patheos

ကိုယ့်ရဲ့ ယုံကြည်မှုကို အပြည့်မအပ်ရဲတဲ့သူဆီမှာ အဖိုးတန်တဲ့အချိန်တွေနဲ့ အချစ်တွေကို ပေးဆပ်ရတာဟာ ဘယ်လိုမှမထိုက်တန်ပါဘူး။ ကိုယ့်ကိုလိမ်နေမလား၊ ကိုယ့်အပေါ်ဖောက်ပြန်လေမလားဆိုတဲ့ စိတ်ကူးသံသယတွေက ကိုယ့်ကိုစိုးမိုးနေရင် ချစ်သူနှစ်ဦးကြားဆက်ဆံရေးဟာ ပျော်စရာ၊ ကြည်နူးစရာလုံးဝမကောင်းပါဘူး။ ကိုယ့်အပေါ်မှာ ယုံကြည်မှုအပြည့်ရှိတယ်ဆိုရင် ကိုယ့်ကိုတစ်ကယ်ချစ်ပြီး တစ်ကယ်တန်ဖိုးထားတယ်ဆိုတာကို သိနိုင်ပါတယ်။

ဆက်ဆံပြောဆိုခြင်း

Source: Beyond Words

ချစ်သူရယ်လို့ ဖြစ်လာပြီဆိုရင် တစ်ဦးနဲ့တစ်ဦးကြားမှာ ရိုးသားမှု၊ ပွင့်လင်းမှုတွေလိုအပ်လာပါပြီ။ ကိုယ်တွေးနေတဲ့အတွေးတွေ၊ ကိုယ်ခံစားနေရတဲ့ စိတ်ခံစားချက်တွေကို မပြောပြ၊ မဖော်ပြပဲနဲ့ တစ်ဖက်လူကလည်း ဘယ်လိုမှသိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် နှစ်ကိုယ်တူအတွေးလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ လိုပါတယ်။

ရယ်မောပျော်ရွှင်ခြင်း

Source: Best Life

ဘဝဆိုတာဟာ တိုတောင်းလှပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်ရယ်မောမောနေထိုင်ပါ။ ကိုယ့်ရဲ့ချစ်သူနဲ့အတူရှိနေချိန်လေးတွေကို ကြည်နူးရပြီး ကြုံတွေ့လာရတဲ့ အသေးအမွှားကိစ္စလေးတွေကိုပါ ပျော်စရာလို့တွေးထင်ပြီး ရယ်မောခြင်းဟာ ဘဝမှာနေချင်စရာပါ။ ဒါ့အပြင် ကိုယ်ရဲ့ဟာသဉာဏ်လေးတွေကိုလည်း လက်ခံတတ်မယ့် ချစ်သူကိုလည်းလိုအပ်ပါတယ်နော်။

Featured Image Source: LoveBondings