သင်ဟာ ချစ်သူကောင်လေးနဲ့ အချိန်တိုင်းအတူရှိနေချင်ပြီလား။ သူနဲ့ရှိမှ ပျော်တယ်လို့ ခံစားနေရပြီလား။ ဒီလိုချစ်စိတ်ရှိတဲ့ မိန်းကလေးက ချစ်စရာ ကောင်းပါတယ်။ ဒါပေမဲ့ သင့်အချိန်တွေကို သူငယ်ချင်းမိသားစုနဲ့ ကုန်ဆုံးဖို့လည်း လိုအပ်ပါတယ်။ တချို့တွေ ရည်းစားရမှ သူငယ်ချင်းနဲ့လည်း အဆက်အသွယ်ပြတ်သွားတာမျိုးတွေရှိတတ်ပါတယ်။ သင့်ချစ်သူကို အရမ်းတွယ်ကပ်နေပြီဆိုတာ ဖော်ပြနေတဲ့ လက္ခဏာတွေကတော့
သူနဲ့မဟုတ်ရင် မပျော်ဘူးလို့ ခံစားလာရတယ်
ချစ်သူနဲ့အတူရှိတာက ပျော်စရာအချိန်ပါပဲ။ ဒါပေမဲ့ သူနဲ့ပဲပျော်တယ်ဆိုတာ စိတ်က သင့်အတွက်မကောင်းပါဘူး။ ဆိုလိုတာက သင်သာ သူနဲ့ ခွဲနေရရင် သင့်မှာ ကိုယ်ပိုင်ပျော်ရွှင်မှုမရှိတော့ဘူးဆိုတဲ့ အကျင့်မျိုးရလာပါလိမ့်မယ်။
သင့်ချစ်သူကို အကြောင်းပြချက်မရှိဘဲ စိတ်ဆိုးနေတတ်တာ
သင့်ချစ်သူနဲ့ အတူရှိရတဲ့အချိန်ပိုများလာတဲ့အခါ တစ်ခါတလေ သူတု့ိရှိနေတာကို ဒေါသထွက်နေတတ်ပါတယ်။ ဒါက တစ်ယောက်နဲ့တစ်ယောက် အချိန်တိုင်းတွေ့နေရလို့ပါ။ အချိန်အနည်းငယ် ဝေးပြီးနေလိုက်တာက သင်နဲ့ သူရဲ့ နှလုံးသားကို အသက်ဝင်စေပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် အချိန်ပေးပါ။
သင့်ချစ်သူက သင့်အနားမှာ တစ်ချိန်လုံးရှိနေရမယ်ဆိုတဲ့ စိတ်မျိုးဝင်နေခြင်း
သူပါမှ ဘယ်ကိုသွားမယ်။ သူ့ကို အရမ်းအားကိုးချင်တာ။ တစ်ခုခုဆို သူ့ကိုမေးလိုက်ရမှ။ ဒီလိုအားကိုးတာက ချစ်သူနှစ်ဦးကြား ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်လေးပါ။ ဒါပေမဲ့ တစ်ခါတလေ ခရီးသွားတာတွေ ကိုယ်ဝါသနာပါတာတွေကို လုပ်ကြည့်ပြီး အေးအေးဆေးဆေးနေကြည့်ပါဦး။
သင့်သူငယ်ချင်း မိသားစုနဲ့ တဖြည်းဖြည်းဝေးကွာလာခြင်း
သင်ရည်းစားရပြီးကတည်းက သင့်သူငယ်ချင်းတွေနဲ့ အပြင်သွားဖြစ်သေးလား။ ချစ်သူနဲ့ပဲ ဖုန်းပြောပြီး မိသားစုအတွက် မစဉ်းစားမိဖြစ်နေပြီလား။ ဒါဆိုရင်တော့ သူတို့အတွက် အချိန်ပေးသင့်ပါတယ်နော်။
သူတို့ အောင်မြင်တာကို စိတ်ထဲ မနာလိုဖြစ်နေတာ
သူတို့အောင်မြင်တဲ့အချိန် သင်မနာလိုသလိုခံစားနေမိပြီလား။ သင်အောင်မြင်သွားရင် ငါ့ကိုထားခဲ့မှာဆိုပြီး တွေးနေတတ်ပြီလား။ ဒီလိုအတွေးမျိုး ဝင်နေရင်တော့ သင်ဟာ အချစ်ကြီးတဲ့အပြင် အမြတ်ကြီးနေပါပြီ။
ကိစ္စတိုင်းအတွက် သူ့ဆီကနေ ခွင့်ပြုချက်တောင်းနေခြင်း
သင်ဝတ်တဲ့အင်္ကျီလေးလှရဲ့လား။ အဲ့နေရာကို သွားလို့ဖြစ်ပါ့မလား။ သူ့ကိုအမြဲ ခွင့်တောင်းနေတတ်ပါတယ်။ ဒီလိုပြုလုပ်တာက သူ့ရဲ့ သဘောထားကို ဦးစားပေးတာ မှန်ပေမယ့် သင့်ကိုယ်သင် ယုံကြည်မှုကျဆင်းစေပါတယ်။ သင်ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းမရှိတော့ပါဘူး။
သင့်ကောင်လေးကလွဲပြီး ဘာကိုမှ စိတ်မဝင်စားတော့ခြင်း
သင့်ချစ်သူနဲ့ ဝါသနာတူတာ စိတ်ဝင်စားတာတူတာက ကောင်းပါတယ်။ ဒါပေမဲ့ သူမပါဘဲ ကိုယ်ဝါသနာပါတာတွေကို သူငယ်ချင်းတွေနဲ့ လုပ်ပေးသင့်ပါတယ်။ တကယ်လို့ သူနဲ့မှ အဆင်ပြေမယ်လို့ခံစားနေရရင် သင်ဟာ သူ့ကို မှီခိုတွယ်ကပ်လွန်းတဲ့ ကောင်မလေးဖြစ်နေပါပြီ။
Source: Herbeauty.co