Relationship တစ်ခုမှာ သည်းမခံနိုင်တော့တဲ့ အခြေအနေတစ်ခုကို ရောက်လာပြီဆိုရင် လူတိုင်းက စိတ်ကုန်လာတာပါပဲ။ သင့်အနေနဲ့လည်း ဒီအချက်တွေနဲ့ ကိုက်ညီနေတာ များတယ်ဆိုရင် လက်ရှိ Relationship ကို စိတ်ကုန်နေတာ သိသာပါတယ်။

အရင်လိုစကားမပြောချင်တော့ဘူး

အရင်ကတော့ စကားတွေပြောချင်တယ်၊ ပြောစရာစကားတွေကလည်း မကုန်နိုင်ဘူး။ ဒါပေမယ့် စိတ်ကုန်လာတဲ့အခါမှာတော့ အရင်လိုလည်း စကားမပြောချင်တော့ဘူး၊ တစ်ယောက်ထဲပဲနေချင်တော့တယ်။ တစ်ယောက်ထဲနေရတာ ပိုပျော်စရာကောင်းတယ်လို့ တွေးနေပါလိမ့်မယ်။

မတွေ့ရရင်မနေနိုင်တာမျိုးလည်းမဖြစ်တော့ဘူး

အရင်ကတော့ မတွေ့ရရင် မနေနိုင်ဘူး သတိရတယ် ခဏခဏတွေ့ချင်တယ် ဒါပေမယ့် စိတ်ကုန်လာတဲ့အခါမှာတော့ သူနဲ့လည်း မတွေ့ချင်တော့ဘူး။ ကိုယ့်စိတ်ကိုက ပြောင်းလဲလာပြီဆိုရင် ဘာမှဟန်ဆောင်လုပ်ယူလို့ မရတော့ပါဘူး။

စိတ်ဝင်စားမှုတွေလည်းလျော့နည်းလာမယ်

စိတ်ကုန်လာတဲ့အခါ ဒီလူနဲ့ပတ်သက်တာ ဘာမှကို မသိချင်တော့တာ၊ စိတ်မဝင်စားတော့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ အရင်လိုလည်း စိတ်ပူပြီး လိုက်မမေးဖြစ်တော့ဘူး၊ ဘယ်သွားသွား ဘာလုပ်လုပ်လည်း စိတ်မဝင်စားတော့ပါဘူး။ ဒီလိုတွေအထိ ဖြစ်နေပြီဆိုရင် သင့်အနေနဲ့ သူ့ကိုလုံးဝစိတ်ကုန်ပြီး စိတ်ပြတ်သားနေနိုင်တာ ဖြစ်နိုင်ပါတယ်။

ခံစားချက်တွေအေးစက်လာမယ်

တည့်နေတဲ့အချိန်မှာတောင် အရင်လိုဂရုစိုက်မှုတွေ၊ ချစ်ခင်ကြင်နာမှုတွေ မရှိတော့ပဲ အေးစက်စက်ဖြစ်နေပါလိမ့်မယ်။ တမင်လုပ်ယူနေတာမျိုး မဟုတ်ပဲ ကိုယ်တိုင်က သူနဲ့ပတ်သက်ပြီး စိတ်ကုန်နေတာ ဖြစ်တဲ့အတွက် ခံစားချက်တွေကလည်း အလိုလိုအေးစက်လာတာပါ။

ဒီလိုအခြေအနေတွေဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက် ညှိုနှိုင်းတာပဲဖြစ်ဖြစ်၊ ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်ပါတယ်။ ဒါက နှစ်ယောက်လုံးအတွက်လည်း စိတ်သက်သာရာပိုရစေမှာပါ။