တော်ရုံတန်ရုံ Stress ပိတာမျိုးမဟုတ်ပဲ စိတ်ဖိစီးမှုလွန်ကဲပြီး Overstressed ဖြစ်နေတယ်ဆိုတာက ဒီအချက်တွေနဲ့တင် သိသာစေပါတယ်။ ဒါကြောင့် ကိုယ်တိုင်ဒီအချက်တွေနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ Overstressed ဖြစ်နေတယ်ဆိုတာ သေချာပါတယ်။

Depression ခဏခဏဝင်ခြင်း

Overstressed ဖြစ်နေတဲ့အခါ ဘာမဟုတ်တဲ့သေးသေးလေးကအစ ခံစားပြီး Depression ဝင်တတ်ပါတယ်။ ဒီတော့ ခဏခဏ Depression ဝင်တာတွေ ဖြစ်လာတော့တာပါပဲ။ Depression ဝင်တာက ခဏခဏဆိုရင် မကောင်းပါဘူး။ ကိုယ့်ကိုယ်ကို ထိအောင်လုပ်တာမျိုးတွေ၊ သူများတွေနဲ့ကွဲထွက်ပြီး တစ်ယောက်ထဲခံစားနေရတာမျိုးတွေ ပိုပြီးဖြစ်လာနိုင်ပါတယ်။

ခဏခဏခေါင်းကိုက်ခြင်း

အကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်တာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် Overstressed ကြောင့် ခေါင်းကိုက်တာမျိုးကျတော့ အကြောင်းအရင်းမရှိပဲ ခဏခဏခေါင်းကိုက်နေတာမျိုးပါ။ မကြာခဏ ခေါင်းခဲပြီးတင်းမာနေသလို ခံစားမှုမျိုးဖြစ်ကာ ခေါင်းကိုက်စေပါတယ်။

ရင်တုန်ခြင်းနဲ့သွေးတိုးခြင်းတွေခဏခဏဖြစ်ခြင်း

ခပ်သွက်သွက် လမ်းလျှောက်တာ ဒါမှမဟုတ် လေးလံတဲ့ပစ္စည်းတွေကို မတဲ့အခါ ရွှေ့တဲ့အခါမှာ နှလုံးခုန်မြန်တာ၊ ရင်တုန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့လိုမဟုတ်ပဲ မတ်တပ်ရပ်နေတဲ့အချိန်၊ အေးဆေးထိုင်နေတဲ့အချိန်တွေမှာလည်း နှလုံးခုန်မြန်၊ ရင်တုန်လာတာမျိုးတွေ ခဏခဏဖြစ်ရင်တော့ စိတ်ဖိစီးမှုလွန်ကဲနေလို့ပါ။ ရက်ပိုင်းအတွင်းမှာ ခဏခဏသွေးတိုးနေတာမျိုးဆိုရင်လည်း စိတ်ဖိစီးမှုလွန်ကဲခြင်းကြောင့် ဖြစ်နိုင်ချေ ပိုများပါတယ်။

ဝက်ခြံတွေပြုံပြီးထွက်လာခြင်း

Stress တွေအရမ်းများတဲ့အခါမှာတော့ ဝက်ခြံတွေထွက်လာတတ်တာကို လူတိုင်းသိမှာပါ။ Overstressed ဖြစ်တဲ့အခြေအနေမျိုးမှာဆိုရင်တော့ ဝက်ခြံတွေက ပြုံပြီးထွက်လာတတ်ပါတယ်။

မကြာခဏဖျားခြင်း

စိတ်ရောလူပါပင်ပန်းပြီး Overstressed ဖြစ်တဲ့အခါ အပင်ပန်းမခံနိုင်တော့ပဲ မကြာခဏဖျားတာမျိုးတွေ ဖြစ်လာတော့တာပါပဲ။ ဘာလို့လဲမသိဘူး အခုတလော ခဏခဏဖျားနေတယ်ဆိုပြီး ခံစားမိရင်တော့ ကိုယ့်မှာ Stress တွေများနေလား ဘာတွေစိတ်ညစ်စရာ ရှိနေလဲဆိုတာကို ပြန်စဉ်းစားကြည့်ပါ။