လက်ထပ်တယ်ဆိုတာ တကယ်တော့ လူနှစ်ယောက်ပေါင်းစပ်ခြင်းထက် ပိုပြီး လေးနက်တဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။ လက်မထပ်ခင်မှာ ကိုယ်ဟာ လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာ အရင်စဉ်းစားသင့်ပါတယ်။

သင့်ရဲ့ လွတ်လပ်မှုကို မဆုံးရှုံးချင်သေးဘူး။

သင်လူတစ်ယောက်နဲ့ အတူတူ အချိန်ကုန်ဆုံးမယ့်အစား တစ်ယော်ကတည်း လွတ်လွတ်လပ်လပ်နေရတာကို ပိုပြီး နှစ်သက်နေတယ်ဆိုရင် သင်လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ တစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေပြီး သင်လုပ်ချင်တဲ့အလုပ်တွေ သင်လျှောက်ချင်တဲ့ လမ်းကြောင်းတွေကို အေးဆေးဆက်လျှောက်ချင်နေသေးတယ်ဆိုရင် လက်မထပ်သေးပါနဲ့ဦး။

ငွေရေးကြေးရေးအကြောင်းမပြောဘူး။

လက်မထပ်ခင်ကတည်း ချစ်သူနှစ်ဦးဟာ ငွေရေးကြေးရေးကိစ္စကအစ ကြိုပြီး တိုင်ပင်သင့်ပါတယ်။ သင့်ချစ်သူနဲ့ ငွေကြေးကိစ္စသိပ်မပြောချင်တဲ့သူဆိုရင် သင်လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။

သင့်မှာ လျှို့ဝှက်ချက်တွေရှိနေတယ်။

အိမ်ထောင်ရေး သုခကို နှောင့်ယှက်နေတဲ့ အစားအစာ ၅မျိုး

လူတိုင်း သင့်အကြောင်း အကုန်အစင်သိရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် လက်ထပ်မယ်ဆိုရင် သင်သူ့အပေါ် ဘာမှ လျှို့ဝှက်မထားသင့်ပါဘူး။ သင့်ချစ်သူက သင့်ကို ငြင်းလိုက်နိုင်တဲ့ လျှို့ဝှက်ချက်မယ်ရှိတယ်ဆိုရင် လက်မထပ်သေးပါနဲ့။

သူနဲ့ ပတ်သတ်လို့ အနာဂတ်မှာ ဘာအစီစဉ်မှ မရှိသေးဘူး။

သူနဲ့ ရှေ့ဆက်သွားဖို့ ဘာအစီစဉ်မှာ သင့်မှာ မရှိသေးဘူးဆိုရင် သူ့ကိုလက်မထပ်သေးပါနဲ့။ သေချာစဉ်းစားပါ။ သူ့ကိုသင်ဘယ်လောက်လိုအပ်သလဲ သင့်အတွက် သူက ဘယ်လောက်အရေးပါသလဲဆိုတာကို အရင်စဉ်းစားသင့်ပါတယ်။ သေချာမှ လက်ထပ်ပါ။

ကွားရှင်းတာကို အသေးအမွှားလို့ မြင်နေရင်။

ရည်းစားဟောင်းကို ဘာလို့ မမုန်းသင့်သလဲ

လက်ထပ်တာဟာ စာရွက်တစ်ခုပေါ်မှာ လက်မှတ်ရေးထိုးခြင်းစာမဟုတ်ပါဘူး။ ဒီလိုပဲ ကွာရှင်းတာကလည်း အသေးအမွှားမဟုတ်ပါဘူး။ သင့်မိသားစုဝင် ဆွေမျိုးတွေ၊ ငွေရေးကြေးရေးတွေ ကလေးတွေ အများကြီးပါလာနိုင်ပါတယ်။ မတည့်ရင်လည်း ကွာရှင်းလိုက်တာပေါ့ကွာဆိုတဲ့ ကွာရှင်းဖို့အတွေးဝင်နေရင် လက်မထပ်သေးပါနဲ့။

သင့်ချစ်သူကို မယုံဘူးဆိုရင်။

ချစ်သူနှစ်ဦး လက်မထပ်ခင် တစ်ယောက်ကိုယ်တစ်ယောက် ယုံတယ်မယုံဘူးဆိုတာ တကယ်ကိုအရေးကြီးတာပါ။ ရိုးရိုးလေးပါပဲ။ သူ့ကိုမယုံမှတော့ ဘာလို့လက်ထပ်နေဦးမှာလဲ။

လက်ထပ်ရင် သူ ပြောင်းလဲသွားမယ်။

လက်ထပ်ခြင်းဟာ သင့်ဘဝကို အခြေခံအားဖြင့်ပြောင်းလဲသွားနိုင်ပေမယ့် သင့်ဟာသင်ပဲဖြစ်ပြီး သင့်ချစ်သူကလည်း ဒီအတိုင်းပါပဲ။ လက်ထပ်လိုက်မှ သူ့ကို ဘယ်လိုပြုပြင်မယ် ဆိုတဲ့အတွေးမျိုး မတွေးထားပါနဲ့။ ဗီဇဆိုတာ ဖျောက်လို့မရပါဘူး။ သူ့ရဲ့ အရှိတိုင်းကို သင်လက်ခံနိုင်မှ လက်ထပ်ပါ။ သင့်ချစ်သူ သင်နဲ့ လက်ထပ်ပြီးရင် တခြားကောင်မလေးတွေကို မကျုတော့ဘူးလို့ ထင်နေလား။ ဒါဆို လက်မထပ်သေးပါနဲ့။

Featured Image Source: The Stream