သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို ချစ်တာလား ကြိုက်တာလားမသဲကွဲ ဖြစ်နေပြီလား။ စိတ်မပူပါနဲ့။ ဒီဆောင်းပါးလေးမှာ တစ်စုံတစ်ယောက်ကို ချစ်မိနေပြီဆိုတာသေချာစေတဲ့ အချက်တွေကို ပြောပြပေးမှာပါ။ ဒီအချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင် တစ်စုံတစ်ယောက်ကို ချစ်မိနေပြီဆိုတာသေချာပါပြီ။

တစ်စုံတစ်ယောက်ကို ချစ်မိနေပြီဆိုရင် သူတို့အကြောင်းတွေ သိချင်လာတတ်ပါတယ်။ သူဘာကြိုက်တတ်လဲ။ ရုပ်ရှင်ကြည့်ရတာဝါသနာပါလား။ သူ့ရဲ့အကြိုက်ဆုံး သရုပ်ဆောင်က ဘယ်သူဖြစ်မလဲ စသဖြင့်သိချင်လာပါလိမ့်မယ်။

သူ့ရဲ့ အနာဂတ်ရည်မှန်းချက်တွေ ကလေးဘဝတုန်းက အကြောင်းအရာတွေ စသဖြင့် အကုန်လုံးကို သိချင်လာပါလိမ့်မယ်။ ကိုယ်ချစ်တဲ့သူနဲ့ အတူတူနေရရင် စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ အရင်ကထက်ပိုပြီးတတ်ကြွသန်မာလာတာ ခံစားရပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားမှုနဲ့ ယုံကြည်မှုလည်း တိုးစေပါတယ်။ ပြဿနာသေးသေးလေးတွေက စိတ်ရှုပ်စရာမဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သင့်ဆီမှာအဲ့ဒါတွေထက်ပိုပြီး ဂရုစိုက်ရမယ့်သူ ရှိနေတဲ့အတွက်ကြောင့်ပါ။

ချစ်တဲ့သူနဲ့အတူနေရရင် အချိန်တွေကုန်မှန်းမသိကုန်သွားကြပါတယ်။ နှစ်ယောက်အတူ ရှိမနေရင်တောင်မှ တစ်ယောက်နဲ့တစ်ယောက် စာတိုတွေပိုကြတယ် ဖုန်းတွေပြောကြတဲ့အချိန်မှာလည်း ဘယ်အချိန်ရှိနေပြီလဲဆိုတာ မေ့လာပါမယ်။ သူတို့နဲ့ အချိန်ဖြုန်းလေလေ သင့်ရဲ့အချိန်တွေကို သူတို့နဲ့ပဲ ကုန်ဆုံးချင်လေလေ ဖြစ်လာပါလိမ့်မယ်။

ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ အရင်ကထက်ပိုပြီး တက်ကြွနေတယ်ခံစားနေရပြီလား။ တစ်စုံတစ်ယောက်ကို တကယ်ချစ်မိနေပြီဆိုရင် ဒီခံစားချက်မျိုးခံစားရတတ်ပါတယ်။

လုပ်ငန်းခွင်တွေမှာလည်း အရင်ကထက် ပိုပြီးတော့ တတ်ကြွနေမှာပါ။ သင်ကိုယ်တိုင်ဒါတွေကို သတိမထားမိပေမယ့် သင့် အနားမှာရှိတဲ့လူတွေက ဒါကိုသတိထားမိနေပါလိမ့်မယ်။

ကိုယ့်ရဲ့ပျော်ရွှင်မှုထက် သူ့ရဲ့ပျော်ရွှင်မှုကို ဦးစားပေးရွေးချယ်ပေးလာမယ်။ အပြင်မှာ တစ်ယောက်တည်း တစ်ခုခုစားနေပြီဆိုရင်တောင် သူ့ကိုချက်ခြင်း သတိရလာမယ်။

သူနဲ့ သွားတွေ့ရမယ်ဆိုရင် သူငယ်ချင်းတွေနဲ့ ချိန်းထားတာတွေ မသွားတော့ဘူး။ အဝတ်အစားလှလှလေးတွေ တွေ့ရင်သူ့အတွက် ဝယ်ပေးလာမယ်။ ဒါဆိုရင်တော့ သေချာနေပါပြီ။ သင်အနေနဲ့ သူ့အပေါ်ချစ်နေမိပြီဆိုတာ သိလိုက်ပါ။