သင့်ဆီမှာ ဆိုးဝါးတဲ့ ချစ်သူတစ်ယောက် ပိုင်ဆိုင်နေရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ သင်တို့ရဲ့အချစ်ရေးဟာ ကြမ်းတမ်းနေတယ် ဒါပေမယ့်အဖြေကို ရှာမတွေ့ဘူးဆိုရင်တော့ ပြန်လည်းစမ်းစစ်ကြည့်သင့်ပါပြီ။

အခုပြောပြပေးမယ့် အချက်တွေအပေါ် အခြေခံပြီးတော့ ဆိုးဝါးတဲ့ ချစ်သူတစ်ယောက်ပိုင်ဆိုင်နေရပြီဆိုတာကို ခန့်မှန်းနိုင်ပါတယ်။

သင့်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားတာ

လူတိုင်းမှာ ကိုယ်စိတ်နဲ့ကိုယ် ကိုယ်လုပ်ချင်တာ အတိုင်းအတာတခုထိ လုပ်ပိုင်ခွင့်ရှိပါတယ်။ သင်ဟာ အိမ်ထောင်မပြုခင်အထိ လွတ်လပ်နေသေးတဲ့ သူတွေပါ။ တကယ်လို့ နှစ်ယောက်ကြားမှာ တယောက်ယောက်က ပြောင်းလဲဖို့လိုလာပြီဆိုရင် ကိုယ့်အသိစိတ်နဲ့ကိုယ် ပြောင်းလဲတာပဲ ကောင်းပါတယ်။

တစ်စုံတစ်ယောက်ရဲ့ တွန်းအားပေးမူကြောင့် ပြောင်းလဲတာမျိုးမဖြစ်သင့်ပါဘူး။ တကယ်လို့ သင့်ချစ်သူက ကွီးကိုပြောင်းလဲပစ်ဖို့ ကြိုးစားနေတယ်လို့ ခံစားရရင် ဒါဟာကောင်းတဲ့ အချက်မဟုတ်ပါဘူး။

မကြာခဏ ပွစိပွစိလုပ်နေတာ

တစ်ချို့လူတွေက သူများမကောင်းကြောင်းတွေ (သို့) ကိုယ့်ရဲ့အဆင်မပြေမူတွေကို မကြာခဏ ပွစိပွစိ ပြောနေတတ်ကြတယ်။ ကိုယ်တိုင်ကဘာမှမလုပ်ပဲ အပြစ်ထိုင်ပြောနေတာကို နားထောင်ရတာလောက် ငြီးငွေ့စရာကောင်းတာ မရှိပါဘူး။

သင့်ချစ်သူကကော ဒီလိုမျိုးအခြားသူတွေရဲ့အပြစ်တွေကို တစ်နေကုန်အောင် ထိုင်ပြောနေတတ်တဲ့သူလား။ ဒါဆိုရင်တော့ ရေရှည်အတွက် အဆင်မပြေနိုင်ပါဘူး။ မကြိုက်ရင် မကြိုက်တဲ့အကြောင်း သူ့ကို ပွင့်ပွင့်လင်းလင်းပြောပြထားပါ။

အရာရာတိုင်းဟာ သူ့ကိစ္စပဲဖြစ်နေခြင်း

ချစ်သူနှစ်ယောက်မှာ အစီအစဉ်တခုတခုဆွဲတိုင်း သူ့ကိစ္စကိုပဲ အမြဲတမ်းရှေ့တမ်းတင်နေပါလိမ့်မယ်။ နှစ်ယောက်သား စီစဉ်ထားတဲ့အရာ တခုခုမလုပ်ခင်မှာ သင်က တခုခုလုပ်ခြင်ပြီဆိုရင် သူ့ဆီကအမြဲတမ်း ခွင့်ပြုချက်တောင်းခံနေရပါလိမ့်မယ်။

သင့်မှာ ဘယ်လိုအရေးကိစ္စပဲ ရှိနေရှိနေ သူ့ဘေးမှာ သင့်ကို တစ်နေ့လုံးရှိနေစေတာတွေ သူဟာ သင့်ရဲ့ပထမဦးစားပေး ဖြစ်စေချင်တာတွေ စသဖြင့် ကြုံလာရပြီဆိုရင်တော့ သူဟာ ဆိုးဝါးတဲ့ ချစ်သူတစ်ယောက် ဖြစ်နိူင်ပါတယ်။

အားမနာတမ်း ဝေဖန်တာ

ဝေဖန်တယ်ဆိုတာ အတိုင်းအတာတခုရှိပါတယ်။ ဘောင်ကျော်ပြီး ဝေဖန်ပြောဆိုတာမျိုးမပြုလုပ်သင့်ပါဘူး။ လူတော်တော်များများကတော့ အကျိုးရှိတဲ့ အကူအညီပေးနိုင်တဲ့ဝေဖန်မှုတွေကို လက်ခံကြပါတယ်။ ဒါပေမယ့် ချစ်သူက သင့်ကို အများရှေ့မှာ ပွင့်ပွင့်လင်းလင်း ဝေဖန်နေရင်တော့ ကောင်းတဲ့အကျင့်တစ်ခု မဟုတ်ပါဘူး။

ချစ်သူနှစ်ဦးကြားမှာ ဝေဖန်ပြောဆိုတာထက် အမှားလေးတွေကို ထောက်ပြတာမျိုးပဲ ဖြစ်သင့်ပါတယ်။ တကယ်လို့ ဝေဖန်ပြောဆိုရတော့မယ်ဆိုရင်လည်း နှစ်ကိုယ်ကြား အပြုသဘောဆောင်တဲ့ ဝေဖန်မူမျိုးပဲ ဖြစ်သင့်ပါတယ်။