ကိုယ်စိတ်ဝင်စားနေတဲ့သူက ကိုယ့်ကိုဘယ်လိုစိတ်မျိုးရှိနေမလဲ သိချင်တဲ့သူတွေအတွက် သင်စိတ်ဝင်စားနေတဲ့သူက သင့်ကိုသူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ပဲ မြင်တယ်ဆိုတာ သိသာစေတဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

သင်နဲ့စကားပြောဖို့စိတ်အားထက်သန်မှုမရှိခြင်း

သင့်အပေါ်မှာ သူငယ်ချင်းထက်ပိုပြီး ဘာစိတ်မှမရှိတဲ့အတွက် သူငယ်ချင်းအချင်းချင်း ပြောစရာစကားမရှိရင် တကူးတက စကားစရှာပြီး လာပြောမှာမဟုတ်ပါဘူး။ သင်နဲ့စကားပြောဖို့ကိုလည်း စိတ်အားထက်သန်မှုမရှိတာ အရမ်းသိသာပါတယ်။ Reply တွေလည်း ကြာနေမှာပါပဲ။

သင်နဲ့ပတ်သက်ပြီးစိတ်လှုပ်ရှားမှုမရှိပါ

သင့်အနေနဲ့ တစ်ခုခုဆွဲဆောင်မှုရှိအောင် လုပ်ပြနေရင်တောင်မှ သင်နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားမှု ရှိမှာမဟုတ်သလို အနီးကပ်ထိတွေ့မိရင်တောင် ဘာမှစိတ်လှုပ်ရှားမှုရှိမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် သူ့အတွက် သူငယ်ချင်းစိတ်ကလွဲပြီး တခြားစိတ်မရှိတာ သေချာနေလို့ပါပဲ။

သူ့ Crush အကြောင်းတွေပြောပြခြင်း

သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ထားတဲ့အတွက် တခြားသူငယ်ချင်းတွေကို ပြောနေသလိုပဲ သင့်ကိုလည်း သူ့ Crush အကြောင်းတွေ ပြောပြနေမှာပါ။ သင့်အပေါ်မှာသာ မရိုးသားတဲ့စိတ်ရှိရင် ဒါတွေကိုဖုံးကွယ်ထားမှာပါ။ ပြောမှာမဟုတ်ပါဘူး။

တခြားသူတွေနဲ့တန်းတူဆက်ဆံခြင်း

ထွေထွေထူးထူး စိတ်ဝင်စားမှုမရှိပဲ သူငယ်ချင်းစိတ်ပဲရှိနေတဲ့အတွက် တခြားသူတွေနဲ့တန်းတူပဲ သင့်ကိုလည်း သူငယ်ချင်းလို ဘော်ဒါတစ်ယောက်လိုပဲ ဆက်ဆံနေမှာပါ။

သင်ရှေ့မှာအရမ်းသက်တောင့်သက်သာဖြစ်ခြင်း

သူငယ်ချင်းရှေ့မှာဆိုရင် လူတိုင်းက သက်တောင့်သက်သာ ဖြစ်ကြတာပါပဲ။ သူကလည်း သင့်ရှေ့မှာ အရမ်းသက်တောင့်သက်သာဖြစ်ပြီး ရှက်တာလည်းမရှိဘူး၊ လုပ်ချင်သလိုလုပ်၊ ပြောချင်သလိုပြောပြီး နေမယ်ဆိုရင် သင့်ကိုလည်း သူငယ်ချင်းလို့ပဲ သတ်မှတ်ထားတာပါ။

သင့်ကို Date ဖို့ တိုက်တွန်းခြင်း

သင့်ကိုကြိုက်နေတဲ့သူဆိုရင် နည်းနည်းလောက်ပဲဖြစ်ဖြစ် စိတ်ဝင်စားနေရင် တခြားသူနဲ့ Date ဖို့ ရည်းစားထားဖို့ကို ပြောမှာမဟုတ်ပါဘူး။ သင့်ကို Date ဖို့ တိုက်တွန်းနေပြီဆိုရင်တော့ သင့်အပေါ် စိတ်ဝင်စားမှုမရှိလို့ပါပဲ။

သင်နဲ့နှစ်ယောက်ထဲသွားလာဖို့စိတ်မဝင်စားခြင်း

သူငယ်ချင်းတွေ ဘော်ဒါတွေ တွေ့ကြရင်သာ အတူတူတွေ့ကြ ပျော်ပါးကြပြီး သင်နဲ့တကူးတက နှစ်ယောက်ထဲ သွားလာရမယ်၊ နှစ်ယောက်ထဲ Date ရမယ်ဆိုတာမျိုးတွေကို သူစိတ်ဝင်စားမှာ မဟုတ်ပါဘူး။ နှစ်ယောက်ထဲဆိုရင်တောင် ပျင်းစရာကောင်းတယ် တခြားသူတွေပါခေါ် ဆိုတာမျိုး ပြောလာမှာပါ။