ကိုယ်နဲ့ Flirt နေတဲ့သူက ကိုယ့်အပေါ်မှာ ပြောင်းလဲလာတယ်ဆိုရင် ဒီအချက်တွေ ဖြစ်နေပြီလားဆိုတာကို စစ်ကြည့်ရုံနဲ့ သူနောက်တစ်ယောက်တွေ့သွားပြီးလား၊ ကိုယ့်အပေါ်စိတ်မဝင်စားတော့ပဲ စိတ်ဝင်စားရမယ့် နောက်တစ်ယောက် ပေါ်လာပြီလားဆိုတာကို သိနိုင်ပါတယ်။

ကိုယ့်ကိုအရင်လိုစကားလာမပြောတော့ခြင်း

 

ကိုယ်နဲ့ Flirt နေတဲ့သူက နောက်တစ်ယောက်တွေ့သွားပြီဆိုရင် အရင်ကတော့ တစ်ချိန်လုံးစကားတွေလာပြောနေပြီး ဘာလုပ်တယ်ဆိုတာကအစ တစ်ခုချင်း အရေးမပါတာတွေကအစ လိုက်ပြောပြနေပြီး ရုတ်တရက် တစ်ဖြေးဖြေးပြောင်းလဲကာ ကိုယ့်ကိုအရင်လောက် စကားမပြောတော့တာမျိုး၊ နောက်ပိုင်းကျ လုံးဝကို စကားလာမပြောတော့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

Reply တွေမပြန်တော့တာမျိုးရှိလာခြင်း

နောက်တစ်ယောက်တွေ့သွားတော့ အဲ့တစ်ယောက်ကိုပဲ အချိန်တွေပေးပြီး ကိုယ့်ကိုပလစ်တာမျိုးတွေ ဖြစ်လာတော့မှာပါ။ အဲ့အခါကျရင် ဟိုဘက်ကတစ်ယောက်နဲ့ အဆင်ပြေလေ ကိုယ့်ကိုယ်ကိုမေ့သွားလေ ဖြစ်နေမှာပါ။ ကိုယ်ကစကားသွားပြောရင်တောင်မှ Reply ပြန်ရင် အရမ်းကြာတာမျိုး၊ တစ်ခါတစ်လေဆို Reply တောင် ပြန်မလာတော့တာမျိုးတွေ ရှိလာပါလိမ့်မယ်။

ခံစားချက်တွေတင်နေခြင်း

Social Media မှာ ခံစားချက်တွေ၊ တစ်ယောက်ယောက်ကို ချစ်နေမိတာတွေ၊ တစ်ယောက်ယောက်ကို ရည်ရွယ်တဲ့ Post တွေ တင်နေပေမယ့် အဲ့တာတွေနဲ့ ကိုယ်နဲ့မတိုက်ဆိုင်ဘူးဆိုရင်တော့ နောက်တစ်ယောက်တွေ့သွားတာ 100% သေချာနေပြီမို့ သူ့ကို ကိုယ့်အနေနဲ့လည်း မေ့ပစ်လိုက်ပါ။ လုံးဝမပတ်သက်ပါနဲ့တော့။

ရှောင်ဖယ်လာခြင်း

 

ကိုယ်နဲ့ Flirt နေရင်းနဲ့ နောက်တစ်ယောက်တွေ့သွားတာကို ပွင့်ပွင့်လင်းလင်းလည်း မပြောပဲ ကိုယ့်ကို ရှောင်ဖယ်လာတာ၊ ကိုယ်ကပြောရင်တောင် အကြောင်းအမျိုးမျိုးပြပြီး ရှောင်တာမျိုးတွေလည်း လုပ်တတ်ကြပါသေးတယ်။ ဒီလိုအခြေအနေမျိုးတွေ ကြုံလာရပြီဆိုရင် ကိုယ့်အနေနဲ့လည်း လုံးဝစကားသွားမပြောတော့ပဲ ပြန်ချေပြီးသာ အေးဆေးနေလိုက်ပါ။

Block သွားခြင်း

ကိုယ်နဲ့ Flirt နေရင်းနဲ့ နောက်တစ်ယောက်လည်း တွေ့သွားရော ရုတ်တရက်ကြီး Social Media တွေကနေ ကိုယ့်ကို Block သွားတာမျိုးလည်း ကြုံရနိုင်ပါတယ်။ ဒါကတော့ အဆိုးဆုံးနဲ့ ရုပ်အပေါက်ဆုံးအချက်ပါပဲ။ ဒီလိုလုပ်တဲ့သူရှားပေမယ့်လည်း တချို့တွေက အဲ့လိုလုပ်တတ်ကြပါတယ်။