ကိုယ့်အသိုင်းအဝိုင်းထဲမှာ ကိုယ့်အတွက် စိတ်ချမ်းသာစရာ အပေါင်းအသင်းကောင်းတွေ ရှိတာ တကယ် တန်ဖိုးကြီးတဲ့ ကုသိုလ်ပါပဲ။ လူတော်တော်များများဟာ စိတ်ဒုက္ခပေးနေတဲ့ အ‌ပေါင်းအသင်းတွေနဲ့ပဲ အတွေ့များလို့ ဖြစ်ပါတယ်။

ကိုယ်စိတ်ကျန်းမာရေးကို အထောက်အကူပြုတဲ့သူ တစ်နည်းအားဖြင့် ကိုယ့်ကို အလေးထားသူ ဟုတ်မဟုတ်ဆိုတာကို သိနိုင်တဲ့ အချက်ကလေးတွေ ရှိပါတယ်။ ဒီအချက်ကလေးတွေကို လုပ်ဆောင်သူဟာ သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် ကောင်းတဲ့သူလို့ ပြောနိုင်ပါတယ်။

Photo: Reader’s Digest

(၁) သင့်အကြောင်း မေးခွန်းတွေ မေးတယ်။ သင့်အဖြေကိုလည်း တကယ်စာနာစွာနဲ့ နားထောင်တတ်တယ်။ ကိုယ်ချင်းစာတဲ့ စိတ်အခံကို သူတို့ဆီမှာ တွေ့နိုင်တယ်။ သင့်လိုမျိုး အတွေ့အကြုံ သူ့မှာ မရှိခဲ့ရင်တောင် သင့်ခံစားချက်ကို နားလည်နိုင်တဲ့သူမျိုးပေါ့။

(၂) သူတို့အတွေ့အကြုံတွေကိုလည်း ပြန်မျှဝေတယ်။ သူတို့ရင်ထဲမှာ ရှိခဲ့တဲ့ အရာတွေကို ရိုးရိုးသားသားသား မျှဝေခြင်းအားဖြင့် တစ်ယောက်ကိုတစ်ယောက် ဖေးမတတ်တယ်။

(၃) သူတို့အမှားတွေကို ဝန်ခံတယ်။ ရိုးသားပြီး တာဝန်ခံမှု ရှိတယ်။ သူတို့ဟာ ဆိုခဲစေ မြဲစေ ဆိုသူမျိုး ။ သူတို့နဲ့ ခင်မင်ရတာ စိတ်ချမ်းသာဖို့ ကောင်းတယ်။ နောက်ကျောလုံတယ်။

Photo: Frasissime

(၄) များသောဖြင့် ခံစားချက်ကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်သူတွေ။ တစ်ခြားသူတွေရဲ့ စိတ်ခံစားမှုကို အလေးထားသလို ကိုယ့်ရဲ့ စိတ်ပိုင်း ခံစားမှုနဲ့ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ကောင်းကောင်း ဂရုစိုက်တတ်တယ်။

(၅) တစ်ယောက်တည်း ဖြစ်ဖြစ် အ‌ပေါင်းအဖော်နဲ့ဖြစ်ဖြစ် သူတို့အတွက် ပြဿနာမရှိပါဘူး။ အထီးကျန်နေလို့လည်း ဝမ်းမနည်းတတ် ၊ အပေါင်းအဖော်တွေ မရှိလို့လည်း မနေတတ်မထိုင်တတ် မဖြစ်။ အမြဲဟန်ချက်ညီအောင် နေတတ်တယ်။

ဒီလိုလူတွေဟာ သူတို့ကိုယ်တိုင်ကလည်း စိတ်အခံ ရင့်ကျက်ထက်သန်သူတွေ ဖြစ်သလို သူတို့နေထိုင်ရာ ပတ်ဝန်းကျင်အတွက်ပါ စိတ်အာဟာရပေးနေတဲ့သူတွေလို့ ဆိုနိုင်ပါတယ်။