တစ်ခါတစ်လေ မိမိနဲ့အတူတူကြီးပြင်းလာတဲ့လူတွေဟာ ငယ်ရွယ်တယ်လို့ ထင်နေရသေးပေမယ့် သူတို့တွေဟာ အသက်အရွယ်အားဖြင့် (၃၀၊ ၄၀ သို့ ၅၀) အတွင်းမှာရှိနေတက်ပါတယ်။ လူတော်တော်များများက အသက်အရွယ်ရလာပေမယ့် မိမိကိုယ်ကို ငယ်နေသေးတယ်လို့ ထင်နေတက်ကြတယ်။
အသက်အရွယ်တိုင်းမှာ သူ့အပိုင်းအခြားနဲ့သူ အားသာချက်တွေ အားနည်းချက်တွေရှိပါတယ်။ သင်အသက်အရွယ်ရလာပြီဆိုတာ သိနိုင်တဲ့အချက်လေးတွေကို ဖော်ပြပေးသွားမှာပါ။
ခေတ်ပေါ် သီချင်းတွေ မကြိုက်တတ်တော့ဘူး
ခေတ်ဟောင်း ရုပ်ရှင်တွေကို ပိုပြီးနှစ်သက်လာလိမ့်မယ်
သင့်ရဲ့အကြိုက်ဆုံးသီချင်းတွေက လွန်ခဲ့တဲ့ နှစ် (၂၀) တုန်းက သီချင်းတွေဖြစ်နေမယ်
ထိုင်နေရင်းနဲ့ ကျောတွေခါးတွေ နာလာတက်ပြီ
အိမ်ကြီးကြီးတွေကို မြင်ရင် ကုန်ကျစရိတ်တွေ တွက်တက်လာမယ်
သင်သိတဲ့လူတော်တော်များများက ကလေးယူဖို့ပြင်နေကြပြီ
မိမိကိုယ်မိမိ သန့်ရှင်းမူကို ပိုမိုဂရုစိုက်လာမယ်
အချိန်တိုင်းနီးပါး အိပ်ချင်နေမယ်
Source: Bright Side