မင်္ဂလာပါ…. ပျိုမဒီတို့ရေ….. မိန်းကလေးတွေဆိုတာ အရင်ကလို အိမ်တွင်းပုန်းတွေမဟုတ်ဘဲ ယောက်ျားတွေနဲ့ရင်ဘောင်တန်းပြီး နယ်ပယ်အသီးသီးမှာ အောင်အောင်မြင်မြင်နဲ့ ရပ်တည်နေတာက အသစ်အဆန်း မဟုတ်တော့ပါဘူး။

ဒီလိုအောင်မြင်တဲ့နေရာတိုင်းမှာ ရောက်နေတဲ့မိန်းကလေးတိုင်းကို ကြည့်လိုက်ရင် ယုံကြည်ချက်ရှိရှိနဲ့ ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်တာကို ပြသနေတဲ့အချက်တွေရှိပါတယ်။ ဒါကြောင့် ဘယ်လိုအချက်တွေက မတ်မားမတ်မတ်ရပ်ပြီး သတ္တိရှိသူတစ်ဦးဖြစ်ကြောင်း ကြည့်လိုက်ရအောင်-

ပြောရဲဆိုရဲရှိခြင်း

လုပ်ငန်းခွင်မှာ ထင်မြင်ယူဆချက်တွေကို ရဲရဲဝင့်ဝင့်နဲ့ ပြောရဲသလို တစ်ယောက်ယောက်က လက်မခံတဲ့အခါ နောက်ကွယ်မှာ ရှက်ရွံ့ပြီး အိမ်ပြန်သွားမယ့်အစား ကိုယ့်ယုံကြည်ချက်ကို  သတ္တိရှိရှိ ပြောရဲဆိုရဲရှိတဲ့  အရည်အချင်းက သတ္တိရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတာကို ပြသနေတဲ့အချက်တွေထဲ တစ်ခုပါ။

တစ်ယောက်တည်းနေဖို့ မကြောက်ခြင်း

ရဲရင့်ပြီး အောင်မြင်နေတဲ့ အမျိုးသမီးတွေဟာ တစ်ယောက်တည်းနေရတာကို သိပ်မခံစားတတ်ကြပါဘူး။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရင်း ဘဝရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ပုံဖော်ဖို့အတွက် အမြဲတွေးတော အားစိုက် ထုတ်နေတတ်ကြပါတယ်။

စိန်ခေါ်မှုကိုနှစ်သက်ခြင်း

လုပ်ငန်းခွင်မှာဘဲဖြစ်ဖြစ် ဘဝမှာဘဲဖြစ်ဖြစ် သူတို့ပိုသိတယ်လို့ ထင်နေတဲ့လူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမျိုးတွေမှာ စိန်ခေါ်မှုတွေကြုံလာရင်တောင် မတုန်လှုပ်ဘဲ သတ္တိရှိရှိ တွေးခေါ်ပြီး စိန်ခေါ်မှုတွေကို အံတုနိုင်တာလည်း မိမိကိုယ်မိမိ ရပ်တည်နိုင်သူဖြစ်ကြောင်း ပြနေတဲ့  နောက်ထပ် လက္ခဏာတစ်ရပ်ပါ။

ကိုယ့်ဆုံးဖြတ်ချက်အပေါ်ယုံကြည်မှုရှိခြင်း

သင်ကိုယ်တိုင်ရော တခြားသူတွေကိုပါ စိန်ခေါ်နိုင်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက သင့်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလို့ပါပဲ။ ဆုံးဖြတ်ချက်တွေအပေါ် ယုံကြည်မှုရှိပြီး တခြားသူတွေကို ကျေနပ်အောင်လုပ်ဖို့ နှောင့်နှေးမနေပါနဲ့…

ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကို ချစ်တတ်ခြင်း

ကိုယ့်ကိုယ်ကို ဂရုမစိုက် မချစ်တတ်ဘဲနဲ့ အခွင့်အရေးအတွက် ရပ်တည်ပြီး တိုက်ပွဲဝင်နိုင်လောက်အောင် ရဲရင့်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ဖို့ မယုံနိုင်လောက်အောင် ခက်ခဲလှပါတယ်။ ဒါကြောင့် ဝန်ထမ်းကောင်း၊ ၊ စံပြဇနီး၊  ထူးချွန်တဲ့မိခင် စသည်ဖြင့် ပြောနေကြတဲ့အချိန်မှာ  “နေပါဦး၊ ငါ့အတွက် အချိန်နည်းနည်းပေးရမယ်” လို့ ပြောရဲတဲ့ သတ္တိရှိဖို့လိုတယ်။