ရည်းစားထားရတာက လေးလေးနက်နက်ရှိသူအဖို့တော့ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ သင်က ဘယ်လိုပုံစံ ကြိုက်လဲ ဘယ်လိုလူမျိုးကိုကြိုက်လဲ မသိသေးရင် ပိုတောင်ဆိုးပါသေးတယ်။ အချစ်ကို ရှာဖွေတယ်ဆိုတာက ပျော်ရွှင်ဖို့ပဲ မဟုတ်လား။

ဒါကြောင့်ပဲ ငါ့ကို ဘဲရှာပေးဦး စော်ရှာပေးဦးလို့ သူငယ်ချင်းတွေကို အပူတိုက်မယ်၊ ဒါမှမဟုတ်လည်း ဟိုလူနဲ့ ကြူကြည့် ဒီလူနဲ့ အီကြည့်လုပ်ဖြစ်ကြတာမဟုတ်လား။

ဒါပေမဲ့ ရည်းစားအတည်တကျထားတော့မယ်ဆိုရင် ဒီအချိန်က မှန်ကန်တဲ့အချိန်လား စဉ်းစားရပါတော့တယ်။ သင်က တစ်ယောက်တည်းမနေချင်လို့ ကြုံရာလေးတွဲလိုက်တာက အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်နိုင်ပါတယ်။

ဒီအချက် ၅ ချက်က သင်ရည်းစားထားဖို့ အဆင်သင့်မဖြစ်သေးတာကို ပြသနေပါတယ်။

၁။ တွေ့သမျှ လိုက်ကြိုက်တယ်

Source: SciTechDaily

သင်က ဟိုလူတွေ့လည်း စိတ်ဝင်စားလိုက်၊ ဒီလူတွေ့လည်း စိတ်လည်သွားလိုက်ဆိုရင်တော့ ရည်းစားထားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ သင့်စိတ်က မငြိမ်သေးဘဲ ရည်းစားထားရင်တော့ လူတွေကြားထဲပြောစရာဖြစ်လာမှာပါ။

၂။ သင်က သင့်ဝါသနာတွေကို ဦးစားမပေးတတ်ဘူး

Source: Youngisthan.in

တချို့တွေရှိပါတယ်။ ရည်းစားထားလိုက်ပြီဆိုတာနဲ့ ကိုယ်လုပ်နေကျ ဝါသနာပါတာတွေမလုပ်ဖြစ်တော့ဘူး။ အဲ့လိုစိတ်မျိုးသင့်ဆီမှာ ရှိရင်တော့ သင်ရည်းစားထားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ သင့်ဝါသနာ အိပ်မက်တွေက သင့်ရည်းစားနဲ့ တန်းတူအရေးကြီးပါတယ်။ နှစ်ဘက်မျှအောင် နေပေးသင့်ပါတယ်။

၃။ သင့်ရဲ့စိတ်ခံစားချက်တွေကို ဖြေရှင်းလို့မပြီးသေးဘူး

Source: Thriveworks Counseling

သင့်အမူအရာတွေက လိုတာထက်ပိုလွန်းတယ်။ စိတ်ခံစားလွယ်လွန်းတယ်။ တစ်ဘက်သားကိုမယုံကြည်ပေးတတ်ဘူး။ စတဲ့ စိတ်ခံစားချက်တွေ သင့်ဆီမှာ ရှိသေးရင် ရည်းစားထားဖို့ အချိန်မတန်ပါဘူး။ သူ့ချစ်သူအသစ်အတွက် ဒါတွေက မတရားသလိုပါပဲ။

၄။ သင့်အရင်ရည်းစားဟောင်းကို မမေ့သေးဘူး

Source: New York Post

သင်က အရင်တစ်ယောက်ကို မမေ့သေးရင်တော့ ဘယ်တော့မှ ရှေ့ဆက်နိုင်မှာမဟုတ်ပါဘူး။ အရင်တစ်ယောက်ကို စွဲလန်းနေတုန်းဆိုရင်တော့ သင်ရည်းစားထားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။

၅။ လူတွေကို အယုံအကြည်မရှိဘူး

အချစ်ရေးတစ်ခုမှာ အရေးအကြီးဆုံးက ယုံကြည်မှုပါ။ သင်က လူတွေကို မယုံတတ်သေးရင် ရည်းစားထားဖို့ အချိန်မတန်သေးပါဘူး။ သူလုပ်သမျှ အပြုအမူတွေက သင့်အတွက် သံသယတွေပဲဖြစ်နေမှာပါ။