မိန်းကလေးတိုင်းအတွက် မရှိမဖြစ်အရာတစ်ခုလိုမျိုး အရေးကြီးတဲ့ Bra တွေက ကိုယ်နဲ့သင့်တော်မှုရှိနေဖို့လိုအပ်ပါတယ်။ ကိုယ်နဲ့အဆင်မပြေနေတဲ့ Bra တွေကိုဆက်ပြီးတော့ ဝတ်နေမယ်ဆိုရင် သက်တောင့်သက်သာလည်းမရှိစေပဲ ကိုယ့်ကိုယ်ကိုလည်းယုံကြည်မှုတွေ လျော့နည်းစေနိုင်ပါတယ်နော်။ ဒီတော့ ကိုယ်နဲ့အဆင်မပြေတော့တဲ့ Bra မျိုးဆိုတာကို သိသာစေမယ့် အချက်တွေကို ပြောပြပေးလိုက်ပါမယ်နော်။

ကိုယ်နဲ့ကိုက်ညီမှုမရှိတဲ့ Size ကိုဝတ်မိနေပြီဆိုရင် ပထမဆုံးသတိထားမိမယ့်အရာက နောက်ကျောမှာရှိနေတဲ့ ချိတ်တွေက လျော့ရွဲရွဲဖြစ်နေမှာပဲဖြစ်ပါတယ်။ ဒီလိုမျိုး ခံစားနေရပြီဆိုရင်တော့ လက်ရှိ Bra Size ထက်သေးတာမျိုးကို ရွေးချယ်ဝယ်ယူသင့်ပါပြီနော်။

ပခုံးကြိုးတွေ ခဏခဏပြုတ်ကျလာတာမျိုးတွေကလည်း သင့်တော်မှုမရှိတဲ့ Bra လို့ဆိုလို့ရပါတယ်နော်။ အရင်က ဝတ်နေတဲ့အချိန်တွေမှာ ဒီလိုမျိုးတွေမဖြစ်ပဲ အခုနောက်ပိုင်းမှာဖြစ်လာတာဆိုရင်တော့ အသစ်တစ်ခုနဲ့ အစားထိုးသင့်ပြီလို့ ယူဆလို့ရပါတယ်။

ရင်ခွက်မှာ တွန့်ကြေနေတာမျိုးတွေ၊ ပုံစံပျက်သွားတာမျိုးတွေ ဖြစ်နေပြီဆိုရင် ဆက်ပြီးတော့ မဝတ်သင့်တော့ပါဘူး။ ဒီလိုမျိုးဖြစ်နေတာကို ဆက်ပြီးတော့ဝတ်နေမယ်ဆိုရင် ကြည့်ရတာတစ်မျိုးဖြစ်နေပြီး မလှတော့သလိုမျိုး ခံစားမိစေတတ်ပါတယ်။

Bra ထဲမှာရှိနေတတ်တဲ့ သံချောင်းက အပြင်ကိုထွက်လာပြီး သင့်ကိုထိုးမိနေတာမျိုးဆိုရင်လည်း ဆက်ပြီးတော့မဝတ်သင့်တော့ပါဘူး။

Photo Source: Pinterest