ပျိုမေလေးတို့ရေ မင်္ဂလာပါ။ မေးခွန်းလေးတစ်ခုလောက် မေးမယ်နော်။ အဝတ်ဘီရိုကို သေချာမွှေနှောက်ပြီး သန့်ရှင်းရေးလုပ်ပြီးသွားပြီလား။ ဒီလိုမေးခွန်းမေးလိုက်လို့ ထူးခြားတယ်လို့ မထင်လိုက်ပါနဲ့။
Admin အခု အဓိကပြောချင်တာက အပေါ်အဝတ်အစားဖြစ်တဲ့ ဂျင်းဘောင်းဘီတွေ၊ အင်္ကျီတွေမဟုတ်ဘဲ အသားအရေနဲ့ အဓိကထိတွေ့နေတဲ့ အတွင်းခံတွေ၊ ဘရာဇီယာတွေကိုပါ။
တံဆိပ်ကောင်းတဲ့ ဈေးကြီးတဲ့ အတွင်းခံတွေဆိုရင် နှစ်တွေအကြာကြီးခံတယ်ဆိုပေမယ့် အဲ့ဒါကလည်း ကိုယ်သေချာဂရုစိုက်နိုင်မှပါ။ အသားအရေနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ဘရာဇီယာတွေ မကောင်းတော့ဘူးဆိုရင် ကိုယ့်ရဲ့အသွင်အပြင်၊ ကျန်းမာရေး စတာတွေအပေါ်မှာသာ သက်ရောက်မှုတွေဖြစ်လာနိုင်လို့ အသစ်လဲသင့်နေပြီဆိုတဲ့ အချက်လေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
၁။ တင်းတင်းရင်းရင်းမရှိတော့ခြင်း
Source: You Fancy Me Mad
သားရေကြိုးတွေဟာ တင်းတင်းရင်းရင်းမရှိတော့ဘဲ ခွက်တွေကလည်း ပုံပျက်လာပြီဆိုရင်တော့ သင့်ခန္ဓာကိုယ်အသွင်အပြင်လည်း လျော့ရဲလာနိုင်ပါတယ်။ ဘရာဇီယာကြိုးတွေဟာ ယခင်လိုမဟုတ်တော့ဘဲ ပျော့တိပျော့တွဲဖြစ်လာပြီဆိုရင်တော့ ရင်သားကိုလည်း ကောင်းကောင်းမထောက်ပံ့နိုင်တော့ပါဘူး။
၂။ တအားသေးလာခြင်း
Source: West Coast Aesthetic
အတွင်းခံတွေက မကြာခဏလျှော်ရတာဖြစ်လို့ ကျုံ့သွားတာကလည်း ဖြစ်တတ်တဲ့အရာပါ။ အထူးသဖြင့် ချည်နဲ့လုပ်ထားတာဆိုရင် ပိုဖြစ်တတ်ပါတယ်။ ကိုယ်ထင်ထားတာထက်ပိုပြီး ရင်သားပုံသဏ္ဍာန်ဟာ ပြောင်းလဲသွားနိုင်တဲ့အတွက် ယခင်တော်နေတဲ့ ဘရာဇီယာတွေတောင်မှ အခုချိန်မှာဝတ်လိုက်ရင် ခါးနာတာတွေ ရင်သားပျော့တွဲတွဲဖြစ်ခြင်းတို့ကို ကြုံတွေ့လာရနိုင်ပါတယ်။
၃။ ဝတ်ဆင်ရတာ သက်သောင့်သက်သာမရှိခြင်း
Source: And Then We Tried
ဘရာဇီယာဖြစ်ဖြစ် အတွင်းခံဖြစ်ဖြစ် ဝတ်ရတာအဆင်မပြေဘဲ သက်သောင့်သက်သာမရှိဘူးဆိုရင်တော့ ဝဲပစ်လိုက်ပါ။ အထူးသဖြင့် ဇာပါတဲ့အတွင်းခံတွေဆိုရင် ရေလျှော်တာများလာတဲ့အခါ ပျဲရဲလာကာ အသားအရေနဲ့ထိတွေ့တဲ့အခါ အသားအရေကို ယားယံမှုတွေ၊ ပွန်းပဲ့မှုတွေ ဖြစ်လာစေနိုင်လို့ အထူးသတိထားပါ။
၄။ တစ်ခုနဲ့တစ်ခု ပုံစံမညီတော့ခြင်း
Source: Business Insider
ဘရာဇီယာခွက်က စောင်းနေမယ်၊ တွန့်ကြေနေမယ်ဆိုရင်တော့ အသစ်ဝယ်ဖို့အချိန်တန်နေပါပြီ။ ကိုယ့်ရင်သားအရွယ်အစားနဲ့ ကိုက်ညီတဲ့ ခွက်ရှိတဲ့ ဘရာဇီယာကို သေချာဝယ်ယူကာ ဝတ်ဆင်ပါ။
Featured Image Source: UrbanMoms