ဒီ Relationship နဲ့ပတ်သက်ပြီး အရမ်းကိုနာကျင်ခံစားနေရတယ်၊ စိတ်ညစ်နေရတယ်ဆိုရင် ကိုယ်တိုင်က Toxic Relationship ထဲရောက်နေပြီလားဆိုတာကို ဒီအချက်တွေကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

အရမ်း Control လုပ်ခံနေရခြင်း

ကိုယ့်ချစ်သူကိုချစ်လို့၊ သဝန်တိုလို့၊ စိတ်မချလို့ဆိုပြီး ချုပ်ချယ်တတ်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် အဲ့တာထက်ပိုပြီး ဘာပဲလုပ်လုပ် ချုပ်ချယ်ခံနေရတယ်၊ အရာရာကို control လုပ်ခံနေရပြီး သူ့စိတ်ကြိုက်အတိုင်းပဲ လုပ်ခိုင်းနေတယ်ဆိုရင်တော့ အတ္တကြီးလွန်းတဲ့သူတစ်ယောက်နဲ့ တွဲနေရတာပါပဲ။ ဒီလို Relationship မျိုးက နှစ်တွေကြာလာရင် Toxic ဖြစ်လာဖို့များပါတယ်။

ကိုယ်ထိလက်ရောက်လုပ်ခံနေရခြင်း

Relationship တစ်ခုမှာ ကိုယ်ထိလက်ရောက်ကျုးလွန်တာကို ခံနေရပြီဆိုရင် ဘယ်လောက်ချစ်ချစ် ဆက်မတွဲသင့်တော့ပါဘူး။ တကယ့်ကို Toxic Relationship ပါပဲ။ ဒီလိုလူမျိုးနဲ့ဆက်တွဲလေ ကိုယ်ပဲစိတ်ဒဏ်ရာရပြီး ပင်ပန်းလေပါပဲ။

ခဏခဏစိတ်ညစ်ပြီးငိုနေရခြင်း

ပျော်ရွှင်ရတဲ့ Relationship မျိုးကိုပိုင်ဆိုင်ထားရင် အမြဲတမ်း စိတ်ချမ်းသာနေရမှာပါ။ အဲ့လိုမဟုတ်ပဲ တစ်ချိန်လုံးစိတ်ညစ်နေရတယ်၊ ဒါကြောင့်ပဲ ခဏခဏငိုနေရတယ်ဆိုရင်တော့ သင်ကိုယ်တိုင်က Toxic Relationship ထဲရောက်နေပါပြီ။

ပြဿနာတွေပဲဖြေရှင်းနေရခြင်း

ကြည်နူးရမယ့်အချိန်ထက် ပြဿနာတွေပဲ ဖြေရှင်းနေရရင် ဒီ Relationship ကြီးက စိတ်ကုန်စရာကောင်းလာမှာပါ။ တချို့ကျတော့ တစ်နေ့တစ်မျိုးမရိုးရအောင် ပြဿနာရှာခံရတယ်၊ တချို့ကျတော့လည်း အကြောင်းအရာတစ်ခုကိုပဲ ထပ်တလဲလဲပြဿနာရှာခံနေရတယ်။ ဒါတွေက ကြာလာရင် မွန်းကြပ်ပြီး ထွက်ပြေးချင်စိတ်ပေါက်လာမှာပါ။

Shaming လုပ်ခံနေရခြင်း

အဆိုးဆုံးကတော့ ကိုယ်ချစ်ရတဲ့သူဆီက Shaming လုပ်ခံရတာပါပဲ။ အဲ့ဒီခံစားချက်က ဘယ်လောက်ဆိုးလဲဆိုတာကို ခံစားဖူးသူတိုင်း သိပါတယ်။ တခြားသူမဟုတ်ပဲ ကိုယ့်ချစ်သူဆီက ခံရတဲ့အတွက် ပိုပြီးဝမ်းနည်းရပါတယ်။ တကယ်ချစ်ရင် ကိုယ့်ကိုအရှိအတိုင်း လက်ခံပေးရမှာပါ။ ဒီပုံစံကိုချစ်လို့တွဲလာပြီးမှ အမျိုးမျိုး Shaming လုပ်ခံနေရပြီဆိုရင်တော့ ဒီ Relationship နဲ့ပတ်သက်ပြီး သေချာပြန်စဉ်းစားသင့်ပါပြီ။