သင်လက်ရှိပိုင်ဆိုင်ထားတဲ့ Relationship တစ်ခုက သင့်အတွက် ကျေနပ်စရာကောင်းတဲ့ Relationship မျိုးလား? သင့်ရဲ့ Relationship ဟာ Toxic Relationship တစ်ခု ဟုတ်မဟုတ်ဆိုတာ အောက်ပါအချက်များနဲ့ ဆန်းစစ်ကြည့်လို့ရပါတယ်။

ကိုယ်ပိုင်ချိန်မရှိတော့တာ

လူတိုင်းမှာ ကိုယ်ပိုင်ဘဝ စိတ်အားထက်သန်မှု၊ ဝါသနာနဲ့ စိတ်ဝင်စားမှုတွေ ရှိတာကြောင့် ကိုယ်ပိုင် အချိန်ဆိုတာ လိုအပ်ပါတယ်။ ဒါကြောင့် သင့်လက်တွဲဖော်က သင့်အပေါ်မှာ ဂရုတစိုက်ရှိနေတာက ပျော်ရွှင်စရာကောင်းပေမယ့်လည်း လိုတာထက်ပိုပြီး ဖုန်းအဆက်မပြတ် ခေါ်တာမျိုးတွေ၊ စာတိုပို့တာမျိုးတွေက အလုပ်နဲ့ လူမှုဆက်ဆံမှုရေးတွေကို ထိခိုက်တဲ့အထိတော့ မဖြစ်သင့်ပါဘူး။

လိုတာထက်ပိုထိန်းချုပ်တာ

အဆင်ပြေတဲ့ Relationship တစ်ခုဖြစ်ဖို့အတွက် တစ်ယောက်က နောက်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်၊ ခံယူချက်နဲ့ ထင်မြင်ချက်တွေကို အလေးထားသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ လူမှုကွန်ယက်အသုံးပြုတာ၊ သူငယ်ချင်းတွေနဲ့အပြင်သွားတာ၊ အဝတ်အစားဝတ်တာမျိုးကအစ လိုတာထက်ပိုပြီး ဝင်စွက်ဖက် တာမျိုး၊ ထိန်းချုပ်နေတာမျိုးတွေက Toxic Relationship တစ်ခုဖြစ်ဖို့အတွက် အစပျိုးနေတာနဲ့ အတူပါပဲ။

အပြစ်တင်ဝေဖန်တာ

ပြဿနာတစ်ခုခုဖြစ်လာပြီဆို ကိုယ့်ဘက်ကမရပ်တည်ဘဲ ဘာဖြစ်ဖြစ် ကိုယ့်ကိုဘဲအပြစ်တင်‌တတ်တဲ့ လက်တွဲဖော်က အမြဲအပြစ်ရှိသလို ခံစားစေရပြီဆိုရင်တော့ သူက သင့်အတွက်တေ့  မှန်ကန်တဲ့ လက်တွဲဖော် ကောင်းတစ်ယောက်တော့ ဖြစ်မနေဘူးဆိုတာ အသေချာပါပဲ။