လူတစ်ယောက်ကို အပြင်ပန်းကြည့်ရုံနဲ့ ဒီလူက လူကောင်း ဒီလူက အကျင့်မကောင်းတဲ့သူ ဆိုပြီး ဆုံးဖြတ်လို့မရပါဘူး။ ဒါပေမယ့် စိတ်ထားသေးသိမ်တဲ့လူတွေမှာ တူညီတဲ့ တစ်ချို့အချက်လေးတွေ ရှိကြပါတယ်။

ဒီနေ့ စိတ်ထားမကောင်းတဲ့ လူတွေမှာရှိတတ်တဲ့ အမူအကျင့်လေးတွေအကြောင်း ပြောပြပေးသွားမှာပါ။

လောကမှာ သူတစ်ယောက်တည်း ရှိတယ်လို့ ထင်နေတတ်တယ်

လောကမှာ သူတစ်ယောက်တည်း ရှိတယ်လို့ ထင်နေတတ်တဲ့ လူတွေအများစုက အတ္တကြီးတဲ့လူတွေဖြစ်ကြပါတယ်။ သူတို့တွေက တခြားလူတွေရဲ့ဖြစ်တည်မှုကို လက်မခံနိုင်သလို တခြားလူတွေရဲ့ အတွေးအမြင်နဲ့ယူဆချက်တွေကို ဂရုမစိုက်တက်ကြဘူး။

ကတိမတည်သူ

ကတိစကား မကြာခဏပေးတက်ပြီး မကြာခဏဆိုသလို ချိုးဖောက်တတ်တဲ့ လူစားမျိုးတွေက သင့်အပေါ် လေးစားမှုမရှိတဲ့လူတွေပါ။ ဒီလိုလူမျိုးတွေ အကုန်လုံးကိုတော့ စိတ်ထားမကောင်းတဲ့လူတွေလို့ ပြောလို့တော့ မရပါဘူး။ ဒါပေမယ့် စိတ်ထားမကောင်းတဲ့ လူတွေတော်တော်များများက သူတို့ပြောခဲ့တဲ့စကားကို မတည်တတ်ကြပါဘူး။

အပေါ်ယံကိုသာကြည့်ပြီး ပေါင်းသင်းဆက်ဆံသူ

အပေါ်ယံကိုပဲကြည့်ပြီး ပေါင်းသင်းဆက်ဆံတဲ့လူတွေက အရမ်းကြောက်ဖို့ကောင်းပါတယ်။ သူတို့က သင့်ဆီမှာ ရစရာတွေရှိတဲ့အချိန် (သို့) သင်ကသူတို့ကို ပေးကမ်းတဲ့ အချိန်မှာသာ သင့်အနားမှာရှိနေတက်ကြတယ်။

သင်ဒုက္ခရောက်နေတဲ့အချိန် လိုအပ်နေတဲ့အချိန်ဆိုရင် သူတို့တွေက သင့်အနားမှာ ရှိနေတော့မှာ မဟုတ်ပါဘူး။ ဖြစ်နိုင်ရင် ဒီလိုအပေါ်ယံပဲ ပေါင်းသင်းတတ်သူတွေနဲ့ ဝေးဝေးရှောင်ပါ။

စားပွဲထိုးတွေအပေါ် ရိုင်းပျသူ

စားပွဲထိုးတွေဆိုတာ အမှန်တိုင်းပြောရရင် အောက်ခြေအလုပ်သမားတွေပါ။ ဒီလိုလူတွေအပေါ် ရိုင်းပျခြင်းက သူတို့ကို သိမ်ငယ်စိတ်တွေ ဝင်စေပါတယ်။ သူတို့ရဲ့ အလုပ်အပေါ်မှာလည်း ထိခိုက်မှုတွေအနည်းနဲ့ အများရှိစေပါတယ်။

ဒီလို သူတပါး ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်တတ်သူကို လူကောင်းလို့ခေါ်ကြမလား။ စိတ်ထားမကောင်းတဲ့သူလို့ ခေါ်ကြမလား။ ကိုယ့်ထက်နှိမ့်ပါးတဲ့လူကို တန်းတူမဆက်ဆံနိုင်တာ ကိစ္စမရှိပါဘူး။ ဒါပေမယ့် သူတို့ကို မနှိမ့်ချပါနဲ့။ မရိုင်းပျပါနဲ့။