သင့်မှာ Stress ရှိနေတာ ၊ Stress ပိနေတာမျိုးကို ကိုယ့်ဘာကိုယ်သတိမထားမိဘဲ အရာအားလုံးက ပြီးပြည့်စုံတယ်လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် သင့်ခန္ဓာကိုယ်ကတော့ သင့်ကို မလိမ်ပါဘူး။ သင့်ခန္ဓာကိုယ်မှာ ဒီအချက်တွေပြနေပြီဆိုရင် သေချာတယ် သင့်မှာ Stress ရှိနေပါပြီ။

သွားကြိတ်တာ

ညအိပ်နေရင်း မသိစိတ်ကနေ သွားကြိတ်တာရဲ့ အကြီးမားဆုံးအကြောင်းရင်းကတော့ စိတ်ဖိစီးမှုကြောင့်ပါ။

ချွေးအရမ်းထွက်တာ

ချွေးထွက်တာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပေမယ့်လည်း စိတ်ဖိစီးမှုလွန်တာရဲ့လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

ဆံပင်ပိုကျွတ်တာ

ဆံပင်တွေပိုကျွတ်လာတယ် ၊ ရေချိုးခန်းထဲမှာ ဒါမှမဟုတ် ခေါင်းဖြီးမှာ ဆံပင်တွေ အရင်ထက်များ လာတာကလည်း စိတ်ဖိစီးမှုရဲ့ လက္ခဏာတစ်ခုပါပဲ။

မျက်ခွံတွေတစ်ချိန်လုံးလှုပ်နေတာ

စိတ်ဖိစီးမှုကို သင့်ဦးနှောက်က မျက်နှာကြွက်သားတွေကနေ ပုံမှန်မဟုတ်တဲ့ အချက်ပြမှုပေးနိုင်ပါတယ်။ အပေါ်မျက်ခွံ အောက်မျက်ခွံလှုပ်တာမျိုးက တစ်ပတ်နှစ်ပတ် ကနေ တစ်ခါတစ်လေ လနဲ့ချီကြာတတ်ပါတယ်။

ပါးစပ်ခြောက်တာ

အချိန်အကြာကြီး ဖိစီးမှုက တံထွေးဂလင်းတွေကို ပိတ်ဆို့စေပြီး ခံတွင်းခြောက်စေပါတယ်။

ခန္ဓာကိုယ်က အေးနေတာ

စိတ်ဖိစီးလာရင် လက်ဖျားမှာရှိတဲ့ သွေးကြောတွေက အချိန်တိုအတွင်း သိသိသာသာကျဉ်းသွားတာမလို့ အေးတာ ထုံတာတွေ ဖြစ်လာတတ်ပါတယ်။