ဟော်မုန်းက မိန်းကလေးတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အရေးကြီး တဲ့ အခန်းကဏ္ဍကနေ ပါ၀င်ပါတယ်။ ဟော်မုန်းမညီမျှတာက မျိုးပွားနိုင်တဲ့အရွယ်ရောက်နေတဲ့ မိန်းကလေးတွေပေါ် အများကြီးသက်ရောက်မှုရှိပါတယ်။ ဟော်မုန်းမညီမျှတဲ့အခါ ခန္ဓာကိုယ်အပေါ် သိသာထင်ရှားသော သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီလိုလက္ခဏာတွေပြလာပြီဆိုရင် သင့်ရဲ့ဟော်မုန်းညီမျှမှုရှိရဲ့လားဆိုတာ သတိထားသင့်ပါတယ်။

ကိုယ်အလေးချိန်တက်လာတာ

ခန္ဓာကိုယ်က သိုင်းရွိုက်ဟော်မုန်း ပမာဏ မလုံလောက်တဲ့အခါ hypothyroidism ဖြစ်ပေါ်လာပြီး ကိုယ်အလေးချိန် သိသိသာသာ တက်လာပါတယ်။ ဒီဟော်မုန်းဟာ သွေးတွင်းသကြားဓာတ်ထိန်းညှိမှုနဲ့ ဆက်စပ်နေတာကြောင့် အမျိုးသမီးတွေဟာ ကိုယ်အလေးချိန်တက်လာဖို့ အလားအလာများပါတယ်။

ရာသီသွေးမမှန်တာ

တချို့မိန်းကလေးတွေရဲ့ လစဉ်ဓမ္မတာစက်ဝန်းက မှန်ပေမယ့် တချို့ကတော့ နောက်ကျတာ ၊ ပျောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အသက် 40 နဲ့ 50 နှစ်အတွင်း သွေးဆုံးခါနီး အမျိုးသမီးတွေမှာ ပုံမှန်မဟုတ်တဲ့ ရာသီလာခြင်းကို ခံစားရတတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးက ဖြစ်လေ့ဖြစ်ထရှိတတ်ပေမယ့် စိုးရိမ်မိရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။

ရာသီများတာ

Estrogen Levels တိုးလာတဲ့အခါ သားအိမ်အတွင်းမှာ အမျှင်ဓာတ်တွေ ဖြစ်လာပါတယ်။ ဒါက ဓမ္မတာလာစဉ်အတွင်း အလွန်အကျွံများခြင်းရဲ့နောက်ကွယ်က အကြောင်းရင်းတစ်ခုပါပဲ။

ဝက်ခြံထွက်တာ

ရာသီလာတဲ့အချိန် လာခါနီးတွေမှာ ဝက်ခြံထွက်တာက ဖြစ်နေကြပါပဲ။ ဒါပေမယ့် အမြဲလိုလို ဝက်ခြံပေါက်ရင်တော့ ဟော်မုန်းမညီမျှမှုကြောင့် ဖြစ်နိုင်ပါတယ်။

ဗိုက်မအီမသာဖြစ်တာ

ဟော်မုန်းတွေပြောင်းလဲတဲ့အခါ စာချေဖျက်မှုကို ထိခိုက်နိုင်တာမလို့ တချို့အမျိုးသမီးတွေမှာ ဝမ်းပျက်ဝမ်းလျောတာ ၊ ဖောရောင်တာမျိုးတွေ ခံစားရတတ်ပါတယ်။

မိန်းမကိုယ်ခြောက်သွေ့တာ

ရံဖန်ရံခါ ခြောက်သွေ့တာမျိုးက ပုံမှန်လို့ပြောလို့ရပေမယ့် ဟော်မုန်းမညီမျှတဲ့အချိန်တွေမှာ ဟော်မုန်းမညီမျှမှုမျိုးက မိန်းမကိုယ်ရဲ့အစိုဓာတ်ကို လျှော့ကျစေတာမလို့ အတော်လေး မသက်မသာဖြစ်စေပါတယ်။

ဆံပင်ကျွတ်တာ

ဟော်မုန်းဓာတ်မညီမျှတဲ့အခါ မွေးညင်းပေါက်တွေက ကျုံ့လာပြီး ဆံပင်ကျွတ်စေတဲ့ အန်ဒရိုဂျင်အဆင့်ကို တိုးလာစေတာကြောင့် ပုံမှန်ထက် ဆံပင်ပိုကျွတ်လာစေပါတယ်။