လူတစ်ယောက်က တစ်ခါတစ်ရံမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေ ရလာနိုင်ပါတယ်။ တချို့က ကိုယ်စိတ်ဖိစီးနေတာကို သိတယ်။ တချို့ကျတော့ ကိုယ်တိုင်တောင် စိတ်ဖိစီးမှုများနေတာကို သတိမထားမိတဲ့အခါတွေလည်း ရှိပါတယ်။

ဒါကြောင့် သင့်မှာ စိတ်ဖိစီးမှုတွေများနေပြီဆိုတာကို ဖော်ပြပေးနေတဲ့အချက်တွေက ဘာတွေလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

စိတ်ဖိစီးမှုတွေအရမ်းများရင် ဆံပင်က ပုံမှန်ထက်ပိုကျွတ်ပြီး ဆံပင်ပြောင်လာတာမျိုး ဖြစ်တတ်ပါတယ်။

စိတ်ဖိစီးမှုတအားများလာတဲ့အခါမှာ Depression က အလိုလိုဝင်လာနိုင်ပါတယ်။

ဘယ်လောက်ပဲကြိုးစားပြီးအိပ်ပါစေ အိပ်မပျော်တော့တာမျိုးဖြစ်ပြီး အဲ့ကနေ အိပ်မပျော်တဲ့ရောဂါက ဖြစ်တော့တာပဲ။ အိပ်ချိန်တွေလည်း မမှန်တော့ပဲ ကစဉ့်ကလျားဖြစ်လာပါလိမ့်မယ်။

စိတ်ဖိစီးမှုတွေကြောင့် တစ်ခုခုဆိုရင် ဘာမဟုတ်တဲ့သေးသေးလေးကအစ စိတ်ရှုပ်ပြီး စိတ်တိုလာမယ်။ ဒေါသထွက်မယ်။ စိတ်ထိခိုက်လွယ်မယ်။ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်မယ်။ တစ်ခါတစ်လေ ဝမ်းနည်းပြီး ကိုယ့်ကိုယ်ကို အားငယ်စိတ်တွေ ဝင်လာပါတယ်။

ဘယ်သူမှမရှိတဲ့နေရာမှ တစ်ယောက်ထဲနေချင်လာမယ်။ စိတ်ဖိစီးတွေများလာရင် Social Media ကနေ ထွက်ပြေးချင်လာပါလိမ့်မယ်။

စိတ်ဖိစီးမှုတွေကြောင့် အစာစားတဲ့အခါမှာလည်း အရမ်းများသွားလိုက်၊ အရမ်းနည်းသွားလိုက်နဲ့ ကစဉ့်ကလျားတွေဖြစ်ပြီး မမှန်တော့တာမျိုး ဖြစ်နိုင်ပါတယ်။

အိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေ ဆွဲလာနိုင်ပါတယ်။ စိတ်ဖိစီးမှုအရမ်းများတဲ့သူတွေ၊ Depression အရမ်းဝင်နေတဲ့သူတွေဟာ ဒီဆေးတွေကို ဆွဲတတ်ပါတယ်။ အဓိကကတော့ အိပ်ဆေးပေါ့။

စိတ်ဖိစီးမှုတွေ အရမ်းများလာတဲ့အခါ မခံစားနိုင်တော့ရင် ရုတ်တရက်နှလုံးအောင့်တာတွေ၊ အစားအိမ်အောင့်တာတွေလည်း ဖြစ်တတ်ပါတယ်။

နည်းနည်းလေးစိတ်ညစ်စရာရှိရင်တော့ ခေါင်းကိုက်တာ၊ ခေါင်းနောက်တာတွေဖြစ်နေတာ စိတ်ဖိစီးမှုအရမ်းများရင်တော့ ခေါင်းကိုက်တာ၊ ခေါင်းနောက်တာတွေက ခဏခဏကို ဖြစ်လာပါတယ်။

စိတ်ဖိစီးမှုအရမ်းများလာတဲ့အခါ သွေးပေါင်ချိန်တွေ ချက်ချင်းတက်ပြီး သွေးတိုးတာမျိုးက ဖြစ်နေကျပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ။

တချို့ကျတော့ စိတ်ဖိစီးမှုအရမ်းများလာရင် Skin Condition တွေပြောင်းပြီး ယားတာမျိုး၊ အလက်ဂျစ်ထတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သေချာတာကတော့ စိတ်ဖိစီးမှုများရင် မျက်နှာအသားအရေက သိသိသာသာကို ညစ်လာတာပါပဲ။