[Zawgyi]

ကိုယ္ႀကိဳက္တဲ့ အဝတ္အစားကို ကိုယ္ႏွစ္သက္သလို ဝတ္ဆင္ႏိုင္တယ္ဆိုေပမယ့္ သင့္ရဲ႕ ဝတ္စားဆင္ယင္ပံုက သင့္ရဲ႕ပံုရိပ္ကို ကိုယ္စားျပဳေနတယ္ဆိုတာကိုုေတာ့ မေမ့သင့္ပါဘူး။ တစ္ခ်ိဳ႕အဝတ္အစားေတြဆိုရင္ ေစ်းႀကီးေပးဝယ္ရေပမယ့္ ေစ်းေပါတဲ့ပံုေပါက္တာေၾကာင့္ မဝယ္သင့္တဲ့ အဝတ္အစားအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

ဒိတ္ေအာက္သြားၿပီျဖစ္တဲ့ ဖက္႐ွင္ေတြကို ေ႐ွာင္ၾကဥ္ႏိုင္ဖို႔အတြက္ အတူတူဆက္ေလ့လာၾကည့္လိုက္ရေအာင္။

ကတၱီပါ ဝမ္းဆက္ အက်ႌ ေဘာင္းဘီ ဝတ္ဆင္ျခင္းမွ ေ႐ွာင္ၾကဥ္ပါ

ကတၱီပါ ဝမ္းဆက္ Jumpsuit ေတြက ၂၀၀၀ ျပည့္ႏွစ္ေတြတုန္းကေတာ့ ေခတ္စားခဲ့ပါတယ္။ တကယ္ေတာ့ ထိုဝမ္းဆက္က အိမ္ေနရင္း အိမ္မွာ လြတ္လြတ္လပ္လပ္ဝတ္ဖို႔နဲ႔ ညအိပ္ဝတ္ဖို႔အတြက္ ရည္ရြယ္ၿပီး ဒီဇိုင္နာေတြက ထုတ္လုပ္ထားခဲ့တာပါ။ ထိုဝမ္းဆက္အစား ဂ်င္း Jumpsuit ေတြ၊ ဒါမွမဟုုတ္ စတိုင္ေဘာင္းဘီကဲ့သို႔ Pants ကို ကုတ္အက်ႌေလးနဲ႔ တြဲဖက္ဝတ္ဆင္ေပးလိုက္ပါ။ ဒါဆိုရင္ေတာ့ စမတ္က်ေနမွာပါ။

Sneakers ေတြ ေရြးခ်ယ္ဝတ္ဆင္တဲ့အခါ

Sneakers ေတြ ဝတ္ဆင္မယ္ဆိုရင္ ႐ိုး႐ိုး႐ွင္း႐ွင္းေလးနဲ႔ အျမင္လွတဲ့ ဖိနပ္မ်ိဳးကိုပဲ ေရြးခ်ယ္ေပးလိုက္ပါ။

ေဒါက္ျမင့္ဖိနပ္ေတြ ဝတ္တဲ့အခါ

အေ႐ွ႕မွာ ပလက္ေဖာင္းပံုစံ ထုတ္လုပ္ထားတဲ့ ပလက္ေဖာင္း ေဒါက္ဖိနပ္ေတြကို ဝတ္ဆင္ျခင္းမွ ေ႐ွာင္ၾကဥ္ပါ။

စကပ္အ႐ွည္ေတြ ဝတ္တဲ့အခါ

စကပ္တစ္ထပ္ေအာက္မွာ ခံထားၿပီး အေပၚမွာ အပါးစ ျပန္ခ်ဳပ္ထားတဲ့ ေဖာက္ထြင္းျမင္ရတဲ့ စကပ္ေတြရဲ႕ ေခတ္ကလည္း ကုန္သြားပါၿပီ။ အဲ့ဒီအစား ဒူးဖံုးစကပ္ေလးေတြသာ ဝတ္ဆင္ေပးလိုက္ပါ။

ခါးေလွ်ာ ေဘာင္းဘီမ်ား

ခါးေလွ်ာ ဂ်င္းေဘာင္းဘီေတြက သင့္ခါးကို ပို႐ွည္တဲ့ ပံုေပၚေစတဲ့အတြက္ေၾကာင့္ သင့္ခႏၶာကိုယ္ အခ်ိဳးအစားပ်က္ယြင္းသြားပါလိမ့္မယ္။ ေဘာင္းဘီကို ခ်က္အေပၚပိုင္းအထိ တက္ဝတ္တဲ့အခါ သင့္ေျခတံေလးေတြလည္း ပို႐ွည္တဲ့ပံုေပၚတဲ့အျပင္ သင့္တင္ပါးေလးလည္း ပိုကိတ္တဲ့ပံုေပါက္ပါတယ္။

ပါးလ်တဲ့ အက်ႌဝတ္ဆင္ျခင္း

ဖက္႐ွင္ပိုင္းဆိုင္ရာအရေရာ၊ ျမန္မာ့ယဥ္ေက်းမႈအရပါ မဝတ္ဆင္သင့္တဲ့ အဝတ္အစားပဲျဖစ္ပါတယ္။

ဆြယ္တာဝတ္တဲ့အခါ

ရာသီဥတုေအးတဲ့အခါ ဆြယ္တာဝတ္မယ္ဆိုရင္ ေခါင္းစြပ္ဆြယ္တာေလးေတြကို ဝတ္ဆင္လိုက္ပါ။ ၾကယ္သီးအျပည့္ပါတဲ့ ဆြယ္တာေလးေတြက သင့္ကို အသက္ႀကီးတဲ့ပံုေပါက္ေစမွာ အမွန္ပါပဲ။

Source: Brightside.me

[Unicode]

ကိုယ်ကြိုက်တဲ့ အဝတ်အစားကို ကိုယ်နှစ်သက်သလို ဝတ်ဆင်နိုင်တယ်ဆိုပေမယ့် သင့်ရဲ့ ဝတ်စားဆင်ယင်ပုံက သင့်ရဲ့ပုံရိပ်ကို ကိုယ်စားပြုနေတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ တစ်ချို့အဝတ်အစားတွေဆိုရင် ဈေးကြီးပေးဝယ်ရပေမယ့် ဈေးပေါတဲ့ပုံပေါက်တာကြောင့် မဝယ်သင့်တဲ့ အဝတ်အစားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဒိတ်အောက်သွားပြီဖြစ်တဲ့ ဖက်ရှင်တွေကို ရှောင်ကြဉ်နိုင်ဖို့အတွက် အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ကတ္တီပါ ဝမ်းဆက် အင်္ကျီ ဘောင်းဘီ ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ

ကတ္တီပါ ဝမ်းဆက် Jumpsuit တွေက ၂၀၀၀ ပြည့်နှစ်တွေတုန်းကတော့ ခေတ်စားခဲ့ပါတယ်။ တကယ်တော့ ထိုဝမ်းဆက်က အိမ်နေရင်း အိမ်မှာ လွတ်လွတ်လပ်လပ်ဝတ်ဖို့နဲ့ ညအိပ်ဝတ်ဖို့အတွက် ရည်ရွယ်ပြီး ဒီဇိုင်နာတွေက ထုတ်လုပ်ထားခဲ့တာပါ။ ထိုဝမ်းဆက်အစား ဂျင်း Jumpsuit တွေ၊ ဒါမှမဟုတ် စတိုင်ဘောင်းဘီကဲ့သို့ Pants ကို ကုတ်အင်္ကျီလေးနဲ့ တွဲဖက်ဝတ်ဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ စမတ်ကျနေမှာပါ။

Sneakers တွေ ရွေးချယ်ဝတ်ဆင်တဲ့အခါ

Sneakers တွေ ဝတ်ဆင်မယ်ဆိုရင် ရိုးရိုးရှင်းရှင်းလေးနဲ့ အမြင်လှတဲ့ ဖိနပ်မျိုးကိုပဲ ရွေးချယ်ပေးလိုက်ပါ။

ဒေါက်မြင့်ဖိနပ်တွေ ဝတ်တဲ့အခါ

အရှေ့မှာ ပလက်ဖောင်းပုံစံ ထုတ်လုပ်ထားတဲ့ ပလက်ဖောင်း ဒေါက်ဖိနပ်တွေကို ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။

စကပ်အရှည်တွေ ဝတ်တဲ့အခါ

စကပ်တစ်ထပ်အောက်မှာ ခံထားပြီး အပေါ်မှာ အပါးစ ပြန်ချုပ်ထားတဲ့ ဖောက်ထွင်းမြင်ရတဲ့ စကပ်တွေရဲ့ ခေတ်ကလည်း ကုန်သွားပါပြီ။ အဲ့ဒီအစား ဒူးဖုံးစကပ်လေးတွေသာ ဝတ်ဆင်ပေးလိုက်ပါ။

ခါးလျှော ဘောင်းဘီများ

ခါးလျှော ဂျင်းဘောင်းဘီတွေက သင့်ခါးကို ပိုရှည်တဲ့ ပုံပေါ်စေတဲ့အတွက်ကြောင့် သင့်ခန္ဓာကိုယ် အချိုးအစားပျက်ယွင်းသွားပါလိမ့်မယ်။ ဘောင်းဘီကို ချက်အပေါ်ပိုင်းအထိ တက်ဝတ်တဲ့အခါ သင့်ခြေတံလေးတွေလည်း ပိုရှည်တဲ့ပုံပေါ်တဲ့အပြင် သင့်တင်ပါးလေးလည်း ပိုကိတ်တဲ့ပုံပေါက်ပါတယ်။

ပါးလျတဲ့ အင်္ကျီဝတ်ဆင်ခြင်း

ဖက်ရှင်ပိုင်းဆိုင်ရာအရရော၊ မြန်မာ့ယဉ်ကျေးမှုအရပါ မဝတ်ဆင်သင့်တဲ့ အဝတ်အစားပဲဖြစ်ပါတယ်။

ဆွယ်တာဝတ်တဲ့အခါ

ရာသီဥတုအေးတဲ့အခါ ဆွယ်တာဝတ်မယ်ဆိုရင် ခေါင်းစွပ်ဆွယ်တာလေးတွေကို ဝတ်ဆင်လိုက်ပါ။ ကြယ်သီးအပြည့်ပါတဲ့ ဆွယ်တာလေးတွေက သင့်ကို အသက်ကြီးတဲ့ပုံပေါက်စေမှာ အမှန်ပါပဲ။

Source: Brightside.me