အချစ်ရေးကအဆင်မပြေတဲ့အခါ ဆက်သွားရမလား ဒါမှမဟုတ် လွှတ်လိုက်ရမလားဆိုတာ တွေးရတာ တကယ်ရူးစရာပါ။ ဒါပေမယ့် ဖြတ်သန်းလာခဲ့တဲ့နောက်ကြောင်းကို စေ့စေ့ပြန်ကြည့်လို့ ဒီလိုလက္ခဏာတွေပြနေပြီဆိုရင်တော့ ဒါက လမ်းခွဲနှုတ်ဆက်ရမယ့်အချိန် တန်လာပါပြီ။

စတွဲတုန်းက လက်ဆောင်လေးတွေ ဒါမှမဟုတ် ချိုမြိန်တဲ့ မက်ဆေ့ခ်ျလေးတွေနဲ့ Surprise လုပ်တုန်းက အချိန်တွေကို မှတ်မိလား ? ဒါပေမယ့် အချိန်ကြာလာတဲ့အခါ အရာအားလုံး အေးစက်သွားပြီး အထီးကျန်တယ်လို့ခံစားရစေတာလည်း လမ်းခွဲရမယ့်လက္ခဏာပါပဲ။

ချစ်ခြင်းမေတ္တာနဲ့ တန်ဖိုးထားမှုဆိုတာ ဘယ်ဆက်ဆံရေးမှာမဆို ဒွန်တွဲနေတဲ့အရာပါ။ လူတိုင်းက တန်ဖိုးထားချစ်ခင်ရတဲ့ ဆက်ဆံရေးမှာရှိနေဖို့ ထိုက်တန်တာမလို့ တန်ဖိုးထားတယ်လို့မခံစားရတော့တာလည်း သူ့ရဲ့ ခံစားချက်များ ပြောင်းလဲသွားတဲ့ လက္ခဏာပါပဲ။

လူတိုင်းက အထူးသဖြင့် ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်အတွက် အရေးကြီးတယ်လို့ ခံစားထိုက်ပါတယ်။ ဒါပေမယ့် သူငယ်ချင်း သို့မဟုတ် ဝါသနာကို အမြဲဦးစားပေးပြီး ကိုယ့်ကိုယ်အနောက်မှာအမြဲချန်ထားနေရင်တော့ သူက သင်နဲ့အတူရှိသင့်တဲ့သူမဟုတ်တော့ပါဘူး။

ဘယ်လိုဆက်ဆံရေးဘဲဖြစ်ပါစေ တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာနဲ့ လေးလေးစားစား အမြဲဆက်ဆံသင့်ပါတယ်။ ဒါပေမယ့် လေးစားမှုမရှိတဲ့ဆက်ဆံရေးဆိုတာကတော့ အခြေအမြစ်မရှိတဲ့ ဆက်ဆံရေးတစ်ခုဖြစ်နေပါပြီ။

အချိန်အတော်ကြာ အတူရှိခဲ့ပြီးတာတောင်မှ သူ့ရဲ့အနာဂတ်အစီအစဉ်တွေ ဘဝရည်မှန်းချက်မှာ သင်မပါဘူးဆိုရင်တော့ စောစောစီးစီးလက်ပြနှုတ်ဆက်လိုက်ပါ။