လူတစ်ယောက်ကို တိတ်တခိုးလေးချစ်ရတာက ရင်ခုန်စရာကောင်းသလို စိတ်လည်းပင်ပန်းရပါတယ်နော်။ ချစ်မိနေတဲ့အချိန် အရာရာကလှပနေပါတယ်။ သူ့ရဲ့အပြုံးလေးတွေ အပြုအမူတွေ မှန်သမျှ ချစ်စရာကောင်းနေတာပါ။ ဒါပေမဲ့ ကိုယ့်ဘက်ကပဲ ချစ်နေရတဲ့အဖြစ်မျိုးကတော့ ရင်နာစရာကောင်းပါတယ်။ ကိုယ်ချစ်သလို သူ့ဘက်က ပြန်မချစ်နိုင်တဲ့အချိန်ကျရင် ရူးမတတ်နာကျင်ခံစားရပါတယ်။

တစ်ဖက်သတ်အချစ်က အချိန်ကြာလာရင် ကိုယ့်အတွက်မကောင်းတာမို့ လက်လျော့သင့်ရင် လက်လျှော့လိုက်တာက အကောင်းဆုံးပါပဲ့။ ဒါပေမဲ့လည်း ဟိုဘက်က ကိုယ့်အပေါ်ဘယ်လိုခံစားချက်ရှိလဲ သေချာမသိနိုင်ဘူးလေ။ ဒါကြောင့် တဖက်သတ် ကိုယ်ကြိတ်Crushနေရတဲ့သူကို ဘယ်လိုအခြေအနေမျိုးမှာဆိုရင်တော့ လက်လွှတ်ပေးလိုက်သင့်ပြီလဲဆိုတာကို သိရှိစေဖို့အတွက််မျှဝေပေးလိုက်ပါတယ်နော်။

သက်ဆိုင်သူရှိနှင့်ပြီးသားသူတစ်ယောက်

နှလုံးသားဆိုတာက သူလိုချင်တဲ့အရာကိုပဲ တောင့်တမှာပါ။ ကိုယ်က သူ့ကို Crush ပြီးမှ သူ့မှာ ရည်းစားရှိမှန်းသိလိုက်တဲ့အချိန်မျိုးရှိပါတယ်။ ဒီလိုအချိန်မျိုးဆိုရင် လက်လျှော့တာ အကောင်းဆုံးပါပဲ။ တကယ်လို့ သူ့ဘက်က သင့်ဆီစိတ်လည်လာရင်လည်း သင်အချိန်ကြာကြာပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေလို့ပါ။

အခြေအနေက ဘာမှမတိုးတက်လာဘူး

သင်က သူ့ကိုကြိုက်လာတာ သုံးနှစ်လေးနှစ်ကြာပြီ။ ဒါပေမဲ့ သူ့ဘက်က ကိုယ့်ကို စိတ်ဝင်စားတဲ့အရိပ်အယောင် တစ်စက်လေးမှ မပြရင်တော့ ပြန်စဉ်းစားသင့်နေပါပြီ။ ကိုယ်က ဒီလောက်ထိ ကြိုက်တာတောင် ပြန်မကြိုက်တဲ့ သူတစ်ယောက်အတွက် သင့်အချိန်တွေ အကုန်မခံပါနဲ့တော့။

သူပြောသမျှကို အလွယ်တကူ လိုက်ခံစားနေမိတတ်တယ်

သူက ငါ့ကို ဘာလို့ စကားပြန်မပြောတာလဲ။ ငါ့ဘက်က စကားဆယ်လုံး ပြောမှ သူ့ဘက်က တစ်ခွန်းပဲပြန်ပြောတယ်။ အဲ့လိုတွေ တွေးမိပြီး သင်အရမ်းစိတ်ညစ်နေပြီလား။ သင့်ဘက်က အရမ်းကြိုးစားနေရတာမျိုးမလုပ်ပါနဲ့။ ဒါက ပင်ပန်းပါတယ်။

သင်သူနဲ့ စကားပြောတဲ့အချိန်တိုင်း နာကျင်နေရတယ်

တန်ပြန်သက်ရောက်မှုမရှိတဲ့ အချစ်က နာကျင်ပါတယ်။ သင့် Crush နဲ့စကားပြောတဲ့အချိန်တိုင်း သင်နာကျင်နေရလား။ ဒီလိုနာကျင်နေရရင်တော့ သင်ရပ်တန်းက ရပ်သင့်ပါပြီ။

စွဲလန်းတဲ့အဆင့်ထိရောက်လာတယ်

တစ်စုံတစ်ယောက်ကို ကြိုက်နှစ်သက်တာနဲ့ စွဲလန်းတာ မတူပါဘူး။ လူတစ်ယောက်အကြောင်းကို အချိန်ပြည့်တွေးနေတာက စွဲလန်းနေတဲ့ လက္ခဏာပါ။ စွဲလန်းစိတ်က သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။ သင့်ဘက်က ခံစားချက်များလွန်းတာကို သင့် Crush သိသွားတဲ့အချိန် အခြေအနေကောင်းနိုင်မှာမဟုတ်ပါဘူး။

ကိုယ်ကတော့ ကြိုက်လိုက်ရတာ။ သူ့ဘက်ကတော့ ကိုယ့်ကို ဒီကမ္ဘာမှာ ရှိတဲ့လူတစ်ယောက်အနေနဲ့မြင်ရုံကလွဲပြီး မထူးခြားလာဘူးဆိုရင် စိတ်ညစ်မနေပါနဲ့။ ရေခဲမုန့်မှာတောင် ချောကလက်အရသာကြိုက်တဲ့သူရှိသလို စတော်ဘယ်ရီအရသာကိုပဲ ကြိုက်တဲ့လူရှိပါတယ်။ သင့်ပုံစံက သူကြိုက်တဲ့ပုံစံမဟုတ်ဘူးဆိုလည်း ကိုယ့်ကို ကြိုက်မယ့်သူတွေ အများကြီးရှိပါသေးတယ်။ စိတ်မညစ်ပါနဲ့နော်။

Source: Herbeauty.co