ဆံပင်အရှည်ထားတယ်ဆိုတာ လွယ်တဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဆံပင်အရှည်ထားဖိုအတွက်လည်း ဆံပင်ကို ညှပ်ညှပ်ပေးသင့်ပါတယ်။ အဲဒီလိုမညှပ်ပေးဘူးဆိုရင် ဆံပင်ပိုပြီးအရှည်နှေးစေမှာဖြစ်ပါတယ်။ ဆံပင်အရှည်မြန်စေဖို့အတွက် ဒီလိုလက္ခဏာတွေဖြစ်နေရင် ဆံပင်ညှပ်ပေးပါ။

၁။ အဖြားနှစ်ခွဖြစ်နေတဲ့အခါ

ဆံပင်အဖြားမှာ နှစ်ခွတွေများနေတဲ့အခါ အဲဒီဆံပင်နှစ်ခွတွေကို တိတိပေးပါ။ မတိဘဲထားရင် ပိုပြီး ဆံသားပျက်ဆီးစေပြီး ဆံပင်ကို အရှည်နှေးစေပါတယ်။

၂။ ဆိုးထားတဲ့ဆံပင်အရောင်ကြောင့် ဆံသားပျက်ဆီးနေရင်။

ဆိုးထားတဲ့ ဆံပင်အရောင်ကြောင့် ဆံသားပျက်ဆီးနေရင် အဲဒီပျက်ဆီးနေတဲ့ ဆံသားတွေကို ညှပ်ပစ်ပေးပါ။ နှမျောမနေပါနဲ့နော်။ မကြာခဏဆိုသလို ဆံပင်အရောင်ဆိုးတာဟာ ဆံသားကို ပိုလို ပျက်ဆီးစေပါတယ်။

၃။ ဆံပင်ဖြောင့်တာ ကောက်တာလုပ်လို့ ဆံသားတွေပျက်ဆီးနေရင်။

ဆံသားကို မကြာခဏဆိုသလို အပူပေပြီး ဖြောင့်လိုက်ကောက်လိုက်လုပ်လို့ ဆံသားပျက်ဆီးနေတဲ့အခါ ဆံသားလေးတွေကို ညှပ်ပေးပါ။

၃။ ပျင်းလာပြီဆိုရင်။

ဒီဆံပင်ပုံနဲ့ ငြီးငွေ့လာပြီဆိုရင် ဆံပင်ပုံပြောင်းလိုက်ပါ။ ဆံပင်ညှပ်တဲ့ စတိုင်လ်လစ်နဲ့ သေချာတိုင်ပင်ပါ။

၄။ ဆံပင်ပုံပျက်လာပြီဆိုရင်

ဆံပင်ညှပ်ထားတာကြာနေပြီး ဆံပင်ပုံပျက်လာပြီဆိုရင် ဆံပင်ကို ပုံသွင်းတာ ညှပ်တာမျိုးပြန်လုပ်ပေးသင့်ပါတယ်။

၅။ စိတ်ညစ်နေရင်။

ဆံပင်ပုံကြောင့် စိတ်ညစ်တာပဲဖြစ်ဖြစ် တခြားကိစ္စတစ်ခုခုကြောင့် စိတ်ညစ်လာတာပဲဖြစ်ဖြစ် ဆံပင်ညှပ်လိုက်ပါ။ ဆံပင်ညှပ်တာဟာ စိတ်ရှုပ်တာ စိတ်ညစ်တာတွေကို သက်သာစေပါတယ်။