လူတစ်ယောက်ကို စိတ်ဝင်စားမိပြီဆိုရင် သူ့နဲ့ ရင်းနှီးအောင် ကြိုးစားကြတာသဘာဝပါပဲ။ မိန်းကလေးတစ်ယောက်လည်းဖြစ်နေတော့ သူ့ကို ကိုယ်စိတ်ဝင်စားတဲ့အကြောင်း တိုက်ရိုက်ဖွင့်မပြောဘဲ သွယ်ဝိုက်သောနည်းနဲ့ လေ့လာကြတယ်မလား။ ဆိုတော့ သူကိုယ့်ကို စိတ်မဝင်စားဘူး။ သူငယ်ချင်းတစ်ယောက်လိုပဲ ပတ်သတ်ချင်နေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ တခုခုကို လုပ်ဖို့ သင့်ဖက်က စပြီးတောင်းဆိုရတယ်။

ရုပ်ရှင်သွားကြည့်ဖို့၊ ကော်ဖီအတူတူသောက်ဖို့၊ ပန်းခြံတူတူသွားဖို့ သင့်ဖက်ကပဲစပြီး အရင်တောင်းဆိုရတယ်။ သူအနေနဲ့ သင့်ကို စပြီးမဆက်သွယ်ဘူး။ သင့်ဖက်ကပဲ စပြီး အရင်ဆက်သွယ်စကားပြောရတယ်ဆိုရင် သူသင့်ကို သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားတာပါ။

ဒါ့ကြောင့် သင့်အနေနဲ့ အရင်စပြီး ချည်းကပ်တာကို ရပ်လိုက်ပါ။

၂။ သူ့သူငယ်ချင်းအကြောင်းကိုပြောတယ်။

သင်က သူနဲ့တွေ့ချင်လို့ ရေချိုး အလှပြင်ပြီး သွားတာ။ သူက သူ့သူငယ်ချင်းတစ်ယောက်အကြောင်း သင့်ကို အောင်သွယ်သဘောအနေနဲ့ ပြောပြနေတယ်ဆိုရင် ဒါဟာ သင့်အတွက်ကောင်းတဲ့လက္ခဏာတစ်ခုမဟုတ်ပါဘူး။ အဲဒီလိုအခြေအနေမျိုး ကြုံလာတဲ့အခါ သူပြောတဲ့ သူငယ်ချင်းက သင့်အတွက်သင့်တော်တဲ့သူလားဆိုတာ မေးလိုက်ပါ။

၃။ သင်နဲ့ ချိန်းထားတိုင်း တခြားသူငယ်ချင်းတွေကို ခေါ်လာတယ်။

သင်နဲ့ နှစ်ယောက်အတူသွားဖို့ ချိန်းထားတိုင်း သူ့သူငယ်ချင်းတွေကို ခေါ်ခါ် လာတတ်တယ်ဆိုရင် သူက တခြားသူတွေလိုပဲ သင့်ကို သဘောထားတယ်ဆိုတဲ့ သဘောပါ။

၄။ သင်တို့နှစ်ယောက် ဘယ်တော့မှ ညစာအတူတူမစားဘူး။

မိန်းကလေးတွေနဲ့ သူငယ်ချင်းဖြစ်ချင်တဲ့ ယောင်္ကျားလေအများစုဟာ ကော်ဖီအတူတူသောက်ကြတယ် နေ့လည်စာအတူတူ စားကြလေ့ရှိပေမယ့် ညစာကိုတော့ သူချစ်တဲ့သူနဲ့သာ စားသုံးချင်လေ့ရှိကြပါတယ်။သင်နဲ့ အတူတူ ညစာဘယ်တော့မှ စားလေ့မရှိရင် သင့်အနေနဲ့ သူဟာ သင့်ကို သူငယ်ချင်းလိုပဲ စိတ်သဘောထားရှိတယ်ဆိုတာ သိသင့်ပါတယ်။

၅။ တခြားကောင်မလေးအကြောင်းပြောတယ်

သင့်ကို စိတ်မဝင်စားဘဲ သူငယ်ချင်းလိုပဲ နေချင်တဲ့ ယောင်္ကျားလေးတစ်ယောက်ဟာသင့်ရှေ့မှာ တခြားကောင်မလေးတွေအကြေကာင်းပြောမှာဖြစ်ပါတယ်။

၆။ သီးသန့်နေရာမှာ ဘယ်တုန်းကမှ သင်နဲ့မတွေ့ဘူး

သင်နဲ့အတူနှစ်ယောက်တည်းတွေ့ရင်တောင် တိတ်ဆိတ်အေးဆေးတဲ့နေရာမျိုးမဟုတ်ဘဲ လူသူ ထူထပ်တဲ့ နေရာတွေကို သာသူရွေးချယ်လေ့ရှိတယ်ဆိုရင် သူသင့်ကို သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားပါတယ်။