ချစ်သူဆိုတာ တစ်ယောက်ကို တစ်ယောက် ချစ်နေရုံနဲ မပြီးပါဘူးနော်။ ဘယ်လောက်ချစ်တယ်လို့ပဲ့ပြောပြော အပြန်အလှန်လေးစားမှုနဲ့ တစ်ဦးပေါ်တစ်ဦး နားလည်မှုမရှိရင်တော့ အဲ့ဒီRelationshipက ရှေ့ဆက်ဖို့ဆိုတာ အရမ်းခက်ခဲလွန်းပါတယ်။

ဘာလို့လဲဆိုတော့ လူတိုင်း သူတို့ရဲ့ ထင်မြင်ယူဆချက်တွေ ခံစားချက်တွေကို ခံစားနားလည်ပေးနိုင်မယ့် သူတစ်ယောက်ကိုတော့ လိုအပ်ကြတာချည်းပါပဲ့။ အထူးသဖြင့် ကိုယ်နဲ့တသက်လုံးလက်တွဲမယ့် ဘဝလက်တွဲဖော်အပေါ်မှာ ပိုပြီးလိုလားကြပါတယ်။ အဲ့လိုမဟုတ်ပဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစားမှု မရှိဘူး။ တစ်ယောက်ခံစားချက်ကို တစ်ယောက် နားမထောင်ပေးဘူးဆိုရင်တော့ သင့်အချစ်ရေးက ရေရှည်မှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒါ့ကြောင့် သင့်ချစ်သူက သင့်အပေါ်မှာ လေးစားမှုမရှိဘူးဆိုတာကို ဘယ်လိုအချက်တွေနဲ့တင် သိနိုင်သလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

သင်ပြောတာတွေကို နားမထောင်ဘူး။

သင်ဘာပြောပြော သူ သင်ပြောတဲ့စကားတွေကို လေးလေးစားစားနားမထောင်တတ်ဘူး။ သင်စကားပြောရင် ကြားဖြတ်ပြောတာ သင်ပြောတဲ့စကားတွေကို သဘောမတူတာတွေဟာ သင့်အပေါ်သူ လေးစားမှုမရှိတဲ့ လက္ခဏာရပ်ပဲ့ဖြစ်ပါတယ်။

သင့်မိသားစုတွေအကြောင်း မကောင်းပြောတယ် (သို့) အနုတ်သဘောဆောင်တဲ့ပုံပြောတယ်

ယောက္ခမ ယောက္ခထီး ယောင်းမ ယောက်ဖ စတဲ့ ချစ်သူနဲ့ပတ်သတ်လို့ တော်ရမယ့်အမျိုးတွေကို အမှန်တကယ်ချစ်ဖို့ဆိုတာတော့ ခက်ခဲပါတယ်။ ဒါပေမယ့်လည်း သူတို့အပေါ်မှာ လေးစားမှုတော့ရှိရမှာပါ။ သင့်မိသားစုအကြောင်းလည်း မကြာခဏဆိုသလို မကောင်းတာတွေပဲ ပြောနေတယ်ဆိုရင် သူသင့်အပေါ် လေးစားမှုမရှိတာပါပဲ။

အမြဲတမ်းစိတ်ရှုပ်ထွေးတယ်

သင်နဲ့ပတ်သက်လာရင် ခဏခဏ စိတ်ရှုပ်တတ်တာကို ပြလာတယ်ဆိုရင် သင့်အပေါ် သူစိတ်ကုန်နေပြီ လေးစားမှုမရှိဘူးဆိုတာကို ပြသတာပဲ့ဖြစ်ပါတယ်။

သင့်အပေါ် ကြင်နာခြင်းမရှိဘူး

သင့်ချစ်သူဟာ သင့်အပေါ် ကြင်နာခြင်းမရှိဘူးဆိုရင်တော့ အခြေခံအားဖြင့် သင့်ခံစားချက်နဲ့ သင့်အပေါ် မလေးစားတာပါပဲ။

သင့်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်တယ်

လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိကြပါတယ်။ သင့်အမှားလုပ်တိုင်း သင့်ကို အားမရတိုင်း တခြားသူတွေနဲ့ မကြာခဏဆိုသလို နှိုင်းယှဉ်တတ်တယ်ဆိုရင် သင့်အပေါ် သူ မလေးစားတာပါပဲ။

သင့်အပေါ် တခါမှ မချီးကျူးဘူး

သင်လုပ်သမျှတွေကို မချီးကျူးဘူး သင့်ကို တခါမှ အကောင်းမပြောဘူးဆိုတာ သင်အပေါ် သူမလေးစားတာပါပဲ။

သင့်ကိုလှောင်ပြောင်တယ်

သင့်ကို လူရှေ့သူရှေ့မှာ ပျော်စရာအဖြစ် လှောင်ပြောင်ပြောဆိုတယ်ဆိုတာ သင့်အပေါ် သူလေးစားမှုမရှိလို့ပါပဲ။

သင့်ကို ခြိမ်းခြောက်စကားပြောတယ်

သင့်ကို အမြဲတမ်းစိတ်ဆိုးလာရင် ကြမ်းတမ်းတဲ့စကား ခြိမ်းခြောက်တဲ့စကားတွေ ပြောလေ့ရှိတတ်တဲ့သူ ဖြစ်ပါတယ်။